Monday, June 8, 2026

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊...

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...
HomeCelebrities' Newsရောသမဂိုဏ်းချုပ် အခွေထွက်မယ့် သားစိုး

ရောသမဂိုဏ်းချုပ် အခွေထွက်မယ့် သားစိုး

သားစိုးက မကြာခင်မှာ ‘ရောသမဂိုဏ်းချုပ်’ အခွေ ထွက်တော့မှာ ဖြစ်ပါတယ်။ ဒီအခွေကတော့ ၂ဝ၁၄ ခုနှစ်က ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ Live Show မှာဖျော်ဖြေခဲ့တဲ့ သီချင်းတွေကို ပြန်လည်စုစည်းပြီး ထုတ်တာဖြစ်တယ်လို့ သိရပါတယ်။ သီချင်း အပုဒ်ကတော့ ၉ပုဒ်ကနေ၁၂ ပုဒ်နီးပါး ပါဝင်မယ်လို့သိရပါတယ်။ သားစိုးက မကြာခင်မှာ ‘ရောသမဂိုဏ်းချုပ်’ အခွေ ထွက်တော့မှာ ဖြစ်ပါတယ်။  “တချို့သီချင်းတွေကတော့ ပြန်ပြီးတော့Remix လုပ်ထားတယ်။ အရသာမတူဘူး။ အခုခေတ် EDM ဘက်ကို ပြန်ရောက်တဲ့ သီချင်းတွေလည်းပါတယ်။ ပြီးတော့ ပါဖောမန့်တွေလည်းပါမယ်။ ကျွန်တော် အကောင်းဆုံး ဖြစ်အောင်လုပ်ထားပါတယ်။ လို့ အခွေနဲ့ ပတ်သက်လို့ သားစိုးက ပြောပြပါတယ်။  ဒီအခွေက နာမည်ကလည်း ဆန်းပါတယ်။

ဒါကြောင့် ‘ ရောသမ ဂိုဏ်းချုပ်’ လို့ အမည်ပေးဖြစ်တဲ့အကြောင်းကိုလည်း ဆက်လက်မေး ဖြစ်တော့”အဖေက ပြောတယ်၊ မင်းရောသမဘုရင်လို့တောင် လုပ်သင့် နေပြပေါ့။ ဒါပေမဲ့ဘုရင်လို့ ဘာတို့ကြတော့လည်း မလုပ်ချင်ဘူး။ အဲဒါနဲ့ ပွဲတွေ စီစဉ်တဲ့ ဂိုဏ်းချုပ်ရှိတယ်လေ။ သူ့ကို ဂိုဏ်းချုပ်လို့ ခေါ်ကြတယ်။ ဒါနဲ့ အဲဒီ့နာမည်မဆိုးဘူးပေါ့။ ကျွန်တော်နဲ့ ဂိုဏ်းချုပ်နဲ့ကလည်း ခင်တယ်။ ဒါနဲ့ပဲစဉ်းစားဖြစ် ပြီးတော့ရောသမဂိုဏ်းချုပ်လို့ပဲပေးလိုက်တာ” လို့ အခွေနာမည်နဲ့ ပတ်သက်လို့ ပြောပြပါတယ်။ သားစိုးအနေနဲ့ ‘ရောသမဂိုဏ်းချုပ်’ ပြီးရင် လည်း ရောသမနမည်နဲ့ပဲအခွေတွေ ထပ်မံထွက်သွားဖို့ ရှိတယ် လို့သိရပါတယ်။

ရောသမနာမည်နဲ့ကတော့ ၈ခွေထွက်ခဲ့ပြီး ပြီဖြစ်သလို အခုလက်ရှိထွက်မယ့် ရောသမဂိုဏ်းချုပ် ကတော့ ၉ခွေ မြောက်ဖြစ်မှာဖြစ်ပါတယ်။အခွေနဲ့ပတ် သက်ပြီး ဘယ်လောက်ပဲ အားစိုက်လုပ်လုပ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစားအနုပညာအရသာအောင် မြင်ပေမယ့် ငွေကြေးအရ ပြန်ရတာကတော့သုညပါပဲလို့ သူက ဆိုပါ တယ်။ တစ်ချို့အခွေတွေဆိုရင်ရှုံးကိုရှုံးတယ်။ မအောင် မြင်လို့ ရှုံးတယ်ဆိုရင် လက်ခံတယ်။ အခုဟာက အောင် လည်းအောင်မြင်ပြီးရှုံးတယ်ဆိုတော့ တစ်ခွေလည်း ဒီ အတိုင်းနောက်တစ်ခွေလည်း ဒီအတိုင်းဆိုတော့ကိုယ့်ရဲ့ရလဒ်ကဘာမှမရှိတဲ့အခါကျတော့အပြေးသမားတစ်ယောက် လို ဖြစ်နေတယ်။ အမြဲတမ်းပထမဆုရတယ်။ ဒါပေမဲ့ ပထမဆုဆိုတဲ့ တံဆိပ်ကြီးပဲရှိတယ်။ စားစရာ ပိုက်ဆံကမရှိဘူး ဆိုတော့လေ” လို့ သားစိုးက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071