Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeCelebrities' Newsမွေးနေ့တိုင်း အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား...

မွေးနေ့တိုင်း အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား ပင့်ဆောင် ပူဇော်တဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့တိုင်း ဗုဒ္ဓဂယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြင် အုတ်ခွက်ဘုရားကို ပင့်ဆောင်ပူဇော်တာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မွေးနေ့တိုင်းမှာ ထွေထွေထူးထူး မွေးနေ့အမှတ်တရ မလုပ်ဖြစ်တော့ဘဲ သံဃာတော်များကို ဆွမ်းဆက်ကပ်ခဲ့သလို ဘုရားစေတီ သွားရောက်ဖူး မြော်ပြီး ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်လေ့ရှိပါတယ်။

“ဒီဘုရားကို စမပင့်ခင်ကတည်းက ဒီဘုရားကို ပင့်ချင်တယ်။ ဒီဘုရားရဲ့ မျက်နှာတော်ကို သေချာဖူးလိုက်ရင် အေးချမ်းပြီးတော့ ကြည်ညိုရတယ်။ ဘုရားက ကိုယ့်ကို အမြဲကြည့်ရှုစောင့်ရှောက်နေတယ်လို့ ခံစားရတယ်။ ပဋ္ဌာန်းရွတ်နေရင်းနဲ့ကို ဘုရားက ကိုယ့်ကိုကြည့်နေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီဘုရားကို နှစ်တိုင်းပင့်ဆောင်ဖြစ်တာပါ။ အမေ ကျန်းမာရေးကောင်းတဲ့အချိန်၊ အားလုံးဝိုင်းကူလုပ်တဲ့အချိန်ထိ ပင့်ဖို့စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။ အေးချမ်းအောင် မြင်အုတ်ခွက်ဘုရားကို မွေးနေ့မတိုင်ခင်တစ်ရက်ကနေ မွေးနေ့ညနေပိုင်းထိ ပင့်ဆောင်ပူဇော်ခဲ့ပြီး မည်သူမဆို လာရောက်ဖူးမြော်နိုင်သလို လာရောက်ဖူးမြော် ကြတဲ့ ဘုရားဖူးလာ ပြည်သူများကို မုန့်ဟင်းခါး၊ ထောပတ် ထမင်းတို့ကို ကျွေးမွေးခဲ့ပါတယ်။ ဒီနှစ်ကတော့ စန္ဒီမြင့်လွင်ရဲ့ ၃၂ နှစ် ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ အသက် တစ်နှစ်ပိုပြီးကြီးလာတိုင်း ဘာသာရေးနဲ့ ပတ်သက်ပြီး အလှူအတန်းတွေပဲလုပ်ဖြစ်လာတဲ့ စန္ဒီမြင့်လွင်က –

“၂၆နှစ်လောက်က စပြီး ဘုရားအလှူတွေပဲ လုပ်ဖြစ်တယ်။ အဲဒီနောက်ပိုင်းက ပွဲတွေ၊ ပါတီတွေ မလုပ်ဖြစ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဧည့်ခံတာတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ဆီက မွေးနေ့လက်ဆောင်တော့ ရရှိပေမယ့် ခင်ပွန်းက ဘယ်သူ့ကိုမျှ မပြောပြခိုင်းဘူးလို့လည်း ဆိုပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ‘ပါပီ’သီချင်းကို အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းလေးက သီဆိုနေကျပုံစံနဲ့ ကွဲထွက် သွားပြီး တအားလည်း သဘောကျတယ်လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ပွဲကိုWe Love Sandi Myint Lwin အဖွဲ့လည်း လာရောက်ခဲ့ပြီး မွေးနေ့လက်ဆောင်များပေးကြသလို ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်လည်း ခွဲခဲ့ကြပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071