ရခိုင်ပြည်နယ် မောင်တော ဖြစ်စဉ် နှင့် ပတ်သက်၍ လူအများ ဝေဖန်နေ သကဲ့သို့ တပ်မတော်က ရွာမီးရှို့၊ မုဒိမ်းကျင့်သည့် ဖြစ်စဉ်မျိုး မရှိဟု အဆိုပါ ဒေသ ကို ၂ ရက်ကြာ လေ့လာရေး သွားရောက်ခဲ့သည့် နိုင်ငံတကာ သံအမတ် များက ပြောသည်။ ပြီးခဲ့ သည့် အောက်တိုဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရမှု ဖြစ်စဉ်အပြီး တွင် ဒေသ အတွင်း၌ နယ်မြေ စိုးမိုးရေး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သား များက ဒေသရှိ ဘင်္ဂါလီများ အပေါ် ရွာမီးရှို့၊ မုဒိမ်းကျင့်မှုများ ပြုလုပ်လျက် ရှိသည် ဟူသော သတင်းများ လူမှုကွန် ရက် စာမျက်နှာ များပေါ်တွင် ပျံ့နှံ့ခဲ့ သည်။
ယင်း ပျံ့နှံ့ခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata နှင့် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီနိုင်ငံ တို့မှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး များက အဆိုပါ ဒေသသို့ ၂ ရက်ကြာ သွားရောက်လေ့ လာခဲ့ပြီး ယခုကဲ့သို့ ပြန်လည် ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့ အခင်းဖြစ်တဲ့ဇုန် ကို သွားခဲ့ပါတယ်။ ကျွန်မတို့ကို အစိုးရ က ဖိတ်လို့ သွားခဲ့တာပါ။ စုံစမ်း စစ်ဆေး ရေး အဖွဲ့မဟုတ်ပါဘူး။ အားလုံး စွပ်စွဲထားသလို ထိခိုက်မှုမျိုး မရှိပါဘူး” ဟု ကုလသမဂ္ဂ၏ မြန် မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata ကပြော သည်။
ထိုသို့ သွားရောက်ရာတွင် မိမိတို့ ဆန္ဒရှိသည့် နေရာ၊ ကျေးရွာများသို့ အာဏာပိုင်များက သွား ရောက်ခွင့်ပြုခဲ့ ပြီး ရိက္ခာနှင့် ပစ္စည်း အခက် အခဲကြောင့် ကျေးရွာတစ်ရွာ ကိုသာ ခွင့်ပြုပေးခဲ့ခြင်း မရှိကြောင်း ဆိုသည်။ သွားရောက်ရာ တွင် တချို့အိမ်များမှာ မီးလောင်ခံ ထား ရပြီး တချို့အိမ်များမှာ အကောင်းပက တိရှိကြောင်း၊ ဒေသသို့ ပြန်လည်နေထိုင် နေသူများ ရှိသကဲ့သို့ ပြန်လည် လာ ရောက်နေ ထိုင်ရန် ပြင်ဆင်နေသူများ လည်းရှိကြောင်း၊ ကျေးရွာ တချို့တွင် စာသင်ကျောင်း များဖွင့်၍ စာသင်ကြားမှု ပြန်လည် စတင်နေ ပြီဖြစ်ကြောင်း သံအမတ်ကြီး များက ဆိုသည်။ အမေရိ ကန် သံအမတ်ကြီး စကော့မာရှယ် က ၉ ရက်နေ့ ဖြစ်စဉ် အပြီး သိပ်ပြီး ကြီးကြီး မားမား ပြောင်းလဲ သွားတာ မရှိဘူး လို့ပြောကြပါတယ်။ အားလုံး စွပ်စွဲထား သလိုတော့ ထိခိုက်မှု မရှိပါဘူး”ဟု ဆို သည်။ သံအမတ်ကြီး ကလည်း လက်ရှိ ဖြေရှင်းနေသော နည်းလမ်းကို ပြန် လည် သုံးသပ်ရန် လိုကြောင်း၊ ယခု ကဲ့သို့ ပြဿနာများ ရေရှည်တွင် မဖြစ်ပေါ်ရန် လိုကြောင်း အကြံပြုခဲ့သည် ဟုဆိုသည်။ သံအမတ်နှင့် အဖွဲ့သည် မောင်တော ဒေသသို့ သွားရောက်ခဲ့ပြီး စစ်တွေလေ ဆိပ် တွင် နိုဝင် ဘာလ ၃ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေး သည်။ ထပ်မံ၍ နိုဝင်ဘာလ ၄ ရက်နေ့ တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ထပ်မံပြုလုပ်ခဲ့သည်။
လက်ရှိဖြစ်စဉ် အားလုံး ဖြစ်ပျက် ခဲ့မှုသည် ရခိုင်ပြည်နယ် အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည့် အတွက် ပြဿနာ၏ အဖြေ သည် ပြင်ပ တွင် မရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် နေပြည် တော်မှာ ပင်ရှိကြောင်းကိုလည်း တူရကီ နိုင်ငံ သံအမတ်ကြီးက ထပ်လောင်းပြော ဆိုသွားသည်။ ၄င်းတို့ ရခိုင်ဒေသသို့ သွားရောက်ခဲ့ပြီး စစ်တွေ လေဆိပ် ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည့် အချိန်မှာ ပင် မောင်တောဒေသ အတွင်း ရှိ ရဲစခန်း တစ်ခုကို အကြမ်းဖက်သမား များက ထပ်မံပစ်ခတ် တိုက်ခိုက်မှု ဖြစ် ပွားခဲ့သည်။
ရဲလွင်