-၁-
တစ်စုံတစ်ခုကို ရရှိပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်မှာ ပျောက်ဆုံး ခြင်းဆိုတဲ့ ကမ်းခြေရှိတယ်။ ပိုင် ဆိုင်ခြင်းဆိုတာ ပျောက်ဆုံးခြင်းကို လမ်းစဖော်ပေးသူ။ တကယ်လို့ တစ်ခုခု ကိုပိုင်ဆိုင်ထားပြီဆိုရင် မကြာခင်မှာ ပျောက်ဆုံးခြင်းရဲ့အရသာကို ခံစားရ တော့မှာပါ။ ဘာမှမရှိခြင်း (ဘာဆို ဘာမှမရှိခြင်း)ဟာ ပျောက်ဆုံးခြင်းကို လွန်မြောက်စေတယ်။ ဒါမှမဟုတ် ပျောက်ဆုံးခြင်းရဲ့ အရသာစစ်စစ်ကို ထိရှခံစားနိုင်ခွင့်မရှိဘူး။ တစ်ခါ တလေမှာ ပျောက်ဆုံးခြင်းဟာ ရသ ဆန်တယ်။
-၂-
ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့မိခင်ကို အမောတကော လိုက် ရှာနေတယ်။ တွေ့သမျှလူတွေကို မေး တယ်။ တွေ့သမျှအရာဝတ္ထုတွေကိုမေး တယ်။ သူမေးသမျှအရာတွေအားလုံး ရဲ့ စုစုစည်းစည်း အဖြေကလည်း မသိ ဘူးဆိုတဲ့ဝါကျပဲ။ သစ်ပင်ကြီးကြီး တစ်ပင်ကတော့ သူ့ကို သူ့မိခင်ရှိတဲ့ နေရာ(တကယ်ကရှိနိုင်မယ် ထင်တဲ့နေ ရာ)ကိုပြောလိုက်တယ်။ အဲဒီသစ်ပင် ရဲ့စကားကို ကလေးငယ်ဟာယုံတယ်။ သစ်ပင်ရဲ့ အသားမာတက်နေတဲ့ မျက် လုံးတွေက အသိပညာ ကြွယ်ဝခြင်း ဂုဏ်ကိုဖွင့်ဆိုပြနေသယောင် ထင်ရ တာလည်းယုံကြည်သင့်တဲ့ အကြောင်း ဖြစ်မယ်။ စကားပြောလို့ မောသွားတဲ့ သစ်ကိုင်းတွေပေါ်တက်ပြီး ကောင် လေးဟာ ကျေးဇူးတင်စကားပြောတယ်။ ထို့နောက် “ဒိုင်း” ခနဲ အသံတစ်ချက် ကြားလိုက်တယ်။ ကောင်လေးဟာ လေထဲမှာလွင့်ပါလာတဲ့ နှင်းဆီပွင့်ဖက် ပေါ်မှာတက်စီးပြီး ခရီးဆက်သွားတယ်။ သူ့မျက်လုံးမှာ အရောင်တလက်လက်နဲ့။
-၃-
ကိုယ့်လမ်းကိုယ်သွားကြတဲ့ အ ရာချင်းတူပေမယ့် ခြေထောက်နှစ် ချောင်းဟာ အမြဲရန်စောင်နေတတ် တယ်။ စတင်လှမ်းရမှာကို တွန့်ကွေး နေတဲ့သားရည်တွေကို ဆံပင်နဲ့လိပ် ထည့်ပြီး မုန့်တစ်ခုလိုစားနေကြတဲ့ သတ္တဝါတွေမှာ သွားမပါဘူး။ အက်ဒီ ဆင်ဟာ ကမ္ဘာအသစ်တစ်ခုထူထောင် ဖို့ ပလေတိုနဲ့ တီးတိုးတိုင်ပင်ခဲ့တယ်။ ဘုရားသခင်ဟာ ကမ္ဘာလောကကို ဖန်ဆင်းရာမှာ လူသားချင်း ဆက်ဆံရေး ပြေလည်စေဖို့ကိုမေ့ခဲ့တယ်။ ဒါကြောင့် Merk Zukerberkု ကို တိတ်တဆိတ် ဆက်သွယ်ပြီး facebook ကိုတီထွင်ခွင့် ပြုလိုက်တယ်။ လူတွေဟာ ကမ္ဘာမြေ ကို ပုလင်းထဲ ထည့်ဖို့ကြံနေကြတယ်။ နတ်တွေဟာ ရိုးရာမပျက် ရှိခိုးကော်ရော်ဖို့တာဆူနေကြတယ်။ တိရစ္ဆာန် တွေဟာ ရာသီဥတုနဲ့ မိတ်လိုက်ဖို့ကြံ နေတယ်။ ဘယ်သူမှ သတိမထားမိ တာက လောကကြီးဟာအက်ကြောင်း ရာထင်လာနေတာပဲ။
-၄-
အဟောင်းအမြင်းတွေကို စမူ ဆာအစာသွပ်သလို စုစည်းထည့်ပြ လိုက်တော့ အဟောင်းမှာချုပ်ရိုးရာတောင်မထင်ဘူး။ ကဗျာတစ်ပုဒ်ကို versionအသစ်မြှင့်လိုက်တယ်။ ကဗျာ အဟောင်းပျောက်သွားတာလား။ က ဗျာ အသစ်ဖြစ်လာတာလား သေချာ တိကျမှုတော့ မရှိဘူး။ သေချာတာ တစ်ခုကတော့ အဆိုတော်ကြီး ဟင်္သာတ ထွန်းရင်ရဲ့ သီချင်းတွေကြိုက်တယ်။ဆရာမောင်ချောနွယ်ရဲ့ ကဗျာစာ သားတွေခိုက်တယ်။ အနတ္တဒီပနီ ကိုစွဲလန်းတယ်။ ဗိဿနိုးမြို့ဟောင်း ကိုသတိရတယ်။ ပျောက်နေတဲ့ အရာ တွေက ပြန်တွေ့တဲ့အခါ အသစ်ပြန်ဖြစ် လာကြတယ်လို့ပြောရမယ်။ ပျောက် ဆုံးခြင်းဟာ ကောင်းလားဆိုးလားမသိ။
-၅-
ကမ်းခြေတစ်ခုကို ရောက်ရှိတဲ့ အခါ သူ့ကိုယ်ပေါ်မှာရှိတဲ့အဝတ်အစားတွေကို ချွတ်ချလိုက်တယ်။ နတ် သားတစ်ပါးလို ဝင်းစိုနေတဲ့ သူ့အရေ ခွံတွေမှာ အညှိတက်နေတယ်။ ဒါတွေ ဆေးကျောပစ်ရမယ်။ လူတွေနဲ့ လူ တွေဟာ လူတွေနဲ့ လုံးဝမတူတဲ့ အ ကြောင်း သူ့ခေါင်းထဲဝင်လာတယ်။ လှိုင်းတစ်ခုက သူ့ခြေထောက်ကိုလာ ပြီးပုတ်လိုက်တော့မှ သူသတိရသွားပုံနဲ့ ပင်လယ်ကိုကြည့်နေလိုက်တယ်။ပြီး တော့မှ လှိုင်းနဲ့အတူ မျောချသွားတယ်။ ကမ်းစပ်မှာ သူ့အဝတ်အစားတွေကို အလံတစ်ခုလို ထူလို့။ တကယ်က သူ က ရေမကူးတတ်ဘဲ ရေကူးနည်း စာ အုပ်ရေးချင်တဲ့သူပါ။
-၆-
လှိုင်းတို့ကမ်းစပ်ကို ရိုက်ခတ်ပြီး အလာလမ်းအတိုင်း ပြန်သွားကြတယ်။ ဒီနေရာမှာ ပန်းပွင့်ဝါဝါတွေပွင့်တဲ့ အ ကြောင်း ကျောက်စာတစ်ချပ်မှာ ရေး ထိုးလိုက်တယ်။ ကျောင်းစာအုပ်ထဲက စာလုံးတွေ လန့်ပျံကုန်ကြတယ်။ ပုံနှိပ် စာအုပ်တွေဟာ ဘာမှမရှိခြင်းကို သယ်ဆောင်လို့ ခရီးဆက်ကြပြန် ရော။ မှားတော့မှားတယ် ဒါပေမဲ့ အမှားတွေဟာ အမှန်တရားလောက် တော့ အရသာမရှိဘူး။ ခက်တာက အရသာဆိုတာ ဘာမှန်းကိုမသိတာ။
-၇-
မျက်လုံးဆိုတာမျိုးက လက်တွေ လို ထိတွေ့ကိုင်တွယ်မှ ခံစားတတ်တဲ့ အမျိုးမှမဟုတ်တာ။ မျက်လုံးနဲ့ထိလို့ ဘာမှထူးထူးခြားပွန်း ပဲ့သွားတာမျိုး မရှိပေမယ့် မျက်လုံးအကြည့်တွေက သေလောက်တယ်။ အဲသလိုမျိုး စကားတင်းဆိုတော့ နားတွေကတစ်ဖက်ပိတ်စိတ်ကူးထည်သီးသန့်ဝတ်ပြီးပြုံးကြတယ်။ နားတွေ မမြင်ကွယ်ရာ အရပ်မှာ အဝတ်အစားတွေချွတ်ချလိုက်တယ်။ အခု တစ်လောကလုံး စတင်မှောင်သွားပြီ။ အမှောင်ကို စတင်တွေ့ရှိသူဟာ ဘုရားသခင်ဖြစ်ပြီး လျှပ်စစ်မီးကို စတင်တီထွင်သူကတော့ အယ်ဒီဆင်ဖြစ်တယ်။ အယ်ဒီဆင်နဲ့ ဘုရားသခင်က ရန်သူတွေမဟုတ်ကြကြောင်း ဦးနှောက်တွေဆီက မက်ဆေ့ခ်ျ ရတယ်။ အခု E=mc² ကို တွေ့ပြီ။အနုမြူကို နာရီထဲမှာရှာတွေ့ပြီ။ လူလုပ် နာရီတွေဈေးပေါနေတဲ့ဒီနေ့ခေတ်မှာ ဘုရားသခင်က နာရီတစ်လုံးပေးထား တယ်။ အဲဒီနာရီဘယ်မှာချထားမိခဲ့ ပါလိမ့်။ ငါတို့ဟာ နာရီကိုမေ့နေသော လူသားမျိုးနွယ်စုတစ်ခုသာလို အော်တယ်။ ငါတို့အိပ်စက်ကြတယ် ငါတို့ နိုးလာရင် ငါတို့နိုင်ငံတော်ကြီးဟာ စကားပြောတတ်တော့မယ်လို့လည်း ယုံကြတယ်။ ပြောစကားတွေကတော့ မြန်မာစကား တွေ့တော့ ဟုတ်ချင်မှ ဟုတ်မယ်-ဝေါအိုင်းနိဆိုတာဖြစ်နိုင်သလို ဆလမ်မာလေးကွန်း လည်းဖြစ်နိုင်တာပဲ။ ဘာမဆိုမယုံရတဲ့ခေတ်မှာ လူဖြစ်ရတာ ကောင်းကြောင်း ဆရာနေမျိုးကဗျာထဲမှာ ဖတ်ရတယ် -မင်း ကိုအကြောင်းပြုပြီး အားလုံးကိုသံ ယောဇဉ်ဖြစ်ရတယ် ရှစ်စ်။ အဲဒီလိုနဲ့ ငါတို့အိပ်စက်ဖြစ်ကြတယ်။ နိုင်ငံတော်ကို ငါတို့ယုံတယ်။ သမ္မတကြီး ကို ငါတို့ယုံခဲ့တယ်။ လူထုခေါင်းဆောင်ကိုငါတို့ယုံခဲ့တယ်။ ငါတို့ မယုံတာ ငါတို့ကိုယ်ငါတို့ပဲ။ ငါတို့က အချိန်မရွေးပုပ်သိုးသွားနိုင်မယ့်သစ်ရွက်စိုတွေ။ လေ မိုး အဆင်ပြေတဲ့ မနက်ခင်းတိုင်း ဆန္ဒပြဖို့ချောင်းနေတဲ့ကြွက်တွေ။ ပွဲ့လန့်ရင်လန့် မလန့်ရင်လှန့်ပြီး ဖျာခင်းမယ့် ဈေး သည် တွေ။ ကျောချင်းကပ်ရမယ့် အချိန်မရှိအောင် အကွဲအပြဲကိုမြတ်နိုးသူတွေ။
အခု…။ သူမငါ့ပေါင်ပေါ်မှာ အိပ်နေတယ်။ ငါ့ ဘေးမှာ တယော တစ်လက်က ကြိုးပြတ်လို့။ ပျက်နေတဲ့ကြိုးစတွေက ငါ့အသားထဲ စိုက်ဝင်နေတယ်။ တဖြည်းဖြည်း ကြီးထွား လာတဲ့အသားဖြစ်လောက်တွေ အုံကြွလာပြီ။ ဒီလိုဆို အမှောင်ထုက တဖြည်းဖြည်း ကြီးလာမယ်။ငါတို့ လည်း အမှောင်ထုထဲသို့ တဖြည်း ဖြည်း. တဖြည်းဖြည်း….တ ဖြည်း …ဖြည်း..ချင်း….တိုး… ဝင်…….. ဒီလိုနဲ့..ငါတို့ ဆိုတာ……။
-၈-
အပြေးအလွှားနဲ့ ရေးကြီးသုတ် ပြာနိုင်တဲ့ မျက်လုံးတွေ တပ်ဆင်ထား တဲ့လူအုပ်ကြီး ရောက်လာတယ်။သစ် ပင်အောက်မှာ သေနတ်မှန်ပြီးသေ နေတဲ့ ကလေးရဲ့ အလောင်းကိုဝမ်းပမ်းတနည်းကြည့်နေကြတယ်။ ပြီး တော့ မှ ရှေ့ဆုံးက ရောက်လာသူက စပြီး ကလေးရဲ့ အသားတွေကိုဖဲ့စား တယ်။ ပြီးတော့ နောက်လူတွေ နောက်လူတွေ ..အားလုံး တစ် ယောက်တစ်စီစားကြတယ်။ သူတို့ အားလုံး ကလေး အသားစတွေကို တစ်စိမ့်စိမ့် ဝါးရင်း ဆက်လက်ထွက် ခွာ သွားကြတယ်။ ကမ်းခြေဘက်ကို သွားကြမယ်လို့တော့ပြောကြသလားပဲ။
-၉-
လွတ်ကျသွားတဲ့ သေနတ်ကို ဖြောင့်ပြီး ကလေးဟာ တစ်ဒိုင်းဒိုင်းနဲ့ လူအုပ်ကြီးကို ပစ်နေတယ်။ လူအုပ် ကြီးက ကျလာတဲ့ ကျည်ဆံတွေကို ပန်းပွင့်တွေလို ကောက်ယူမွှေးကြူ နေကြတယ်။ နောက်ဆုံးမှာ ဒေါသ ထွက်နေတဲ့ ကလေးဟာ သစ်ပင်ကြီး ကိုအခြေက နေခုတ်လှဲပစ်လိုက်တော့ တယ်။ ဘာမှမရှိတော့ တာကောင်း တယ်လို့ သူယုံသွားတာဖြစ်ရမယ်။
-၁ဝ-
စာမေးပွဲမှာကောင်မလေး ရဲ့ပုံကိုထည့် ဆွဲပေးလိုက်တယ်။ သူတို့ကိုယ့် လက်ရာကို သဘောကျရင် အမှတ် ပြည့်ပေးမှာပဲ။ လောလောဆယ် စိတ် ထဲထင်လာတဲ့ ပုံရိပ်က ကိုယ့်လွတ် လပ်ခွင့်ပဲ။ သင်္ချာ မေးခွန်းမှာ မင်းပုံ လေးထည့်ဆွဲ ပေးမိတာခွင့်လွှတ်။ ကိုယ်ဆိုလိုတာက အချစ်မှာ အတွက် အစားတွေ မရှိဘူး ဆိုတာပဲ။ ယုံ.. .။
-၁၁-
အတွေးတွေ ဝိုင်ယာရှုပ်နေတဲ့ဦးနှောက်ထဲ မန်မိုရီတွေ ဂဂျောင်ဖတ်လာတဲ့အခါ စိတ်ကူးကအခွေ မလည်တော့ဘူး။ တဒစ်ဒစ်နဲ့ တထစ်ထစ်နဲ့ မှိုနံ့မပျောက်သေးတဲ့ စက္ကူစကိုအိတ်ကပ်ထဲခေါက်ထည့်ပြီးသကဘူန ခူငခု လိုက်တော့ ဆေးပေါလိပ်တစ်တိုထွက်ကျလာတယ်။ မကြာခင် ငါ ရီဝေယစ်မူးတော့မယ်။ တစ်ချိန်လုံး စာအုပ်တွေကို ကုတ်ဖဲ့စားလာတဲ့ ပိုး တစ်ကောင်ဘဝကနေ ထပျံလို့ရမယ် ဆိုရင် သင်ဘာလုပ်မလဲလို့ ချားဒါဝင်ကိုမေးတော့ ”ဘုရားသခင်ကိုမဆန်ကျင်ခဲ့ဘူး” ဆိုတဲ့စကားကိုပဲ ဂယ်လီလီယိုက ထပ်ကာထပ်ကာ ပြောတယ်။ အားလုံးမမှားကြဘူး။ကမ္ဘာကြီးက လည်နေတာ မဟုတ်ဘူး ငါတို့အားလုံးက လည်နေတာ။ အနောက်က နေထွက်ပြီးအရှေ့ကနေ ဝင်တာ အမှားတရားတစ်ခုသာဖြစ်တယ်လို့ သိပံ္ပပညာကရှာဖွေတွေရှိတဲ့ အခါ နိယာမတွေကိုယ့်ကိုယ်ကို သတ်သေသွားကြ။ ခေတ်ဟာ လူညံ့တွေလက်ထဲမှာ ပျော်ဝင်ပြီး လူတော်တွေလက်ထဲမှာ အလကားဖြစ်တယ်။
-၁၂-
တကယ်တော့ သူရေမကူးတတ် ပါဘူး။ ဒါပေမဲ့ ရေစပ်ကို သူပြန် ရောက်ရှိလာခဲ့တယ်။ လှိုင်းရဲ့ခေါ် ဆောင်ရာနဲ့ ဆန့်ကျင်လို့ စင်ရော် တစ်ကောင်လို ပျံဝဲကျလာတယ်။ ကမ်းခြေမှာ သူ့အသားကိုဖဲ့စားနေတဲ့ လူအုပ်ကြီး ကိုတွေ့တယ်။ သူတို့တွေ ဟာ ဝိုင်တွေနဲ့ သူ့အသားကိုမြည်း နေကြတာ။ အကြင်နာ တရားမဲ့နေတဲ့ သူတို့မျက်လုံးတွေမှာ အာဃာတတွေ ကြီးစိုးလို့။ ဒေါသတွေက အခိုးအလျှံတွေလို လိပ်လိပ်ပြီးတက် လာတယ်။ ကလေးငယ်တစ်ယောက် ဖြတ်ပြေးသွားတယ်။ သူ့အတောင်ပံ တစ်ခုကိုဖြုတ်ပြီး ပစ်လိုက်တယ်။ကလေးငယ်က သူဟာ သေပြီးသား ဖြစ်ကြောင်း သူ့ကို အေးအေးဆေး ဆေး လာပြောပြနေတယ်။ သူတို့ အတူတူလူအုပ်ကြီးကို မုန်းလိုက်ကြ တယ်။
-၁၃-
လူတွေဟာ မုန်းဖို့ကောင်းတယ်။ မုန်းဖို့ကောင်းတယ် ဆိုတာက တ ကယ်မမုန်းသေးလို့ ပြောတာလဲ ဖြစ်နိုင်တယ်။ တကယ်မုန်းလို့ ပြော တာလည်းဖြစ်နိုင်တယ်။ အရမ်းချစ်လို့ ပြောတာလည်းဖြစ်နိုင်တယ်။ မုန်းဖို့ ကောင်းတယ် ဆိုတာ ဘာမဆိုဖြစ် နိုင်တယ်။ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ကျွန်တော်လည်း ဖြစ်နိုင်တယ်။ က လေးလည်း ဖြစ်နိုင်တယ်။ လူအုပ်ကြီး လည်းဖြစ်နိုင်တယ်။ အားလုံးလည်း မဖြစ်နိုင်ဘူး။ မုန်းဖို့ကောင်းတယ် ဆိုတဲ့ စကားလုံးကိုမွေးမြူမိတာဟာ ဆန်းတယ်။ ဒါကစိတ်ခံစားချက်ကို လှစ်ဟပြတဲ့စကား။ တကယ်တမ်း အမုန်းတရားကို ဖော်ပြချင်ရင် ဒီစ ကား လုံးအနည်းအကျဉ်း နဲ့ မပြည့်စုံ ဘူး။ မပြည့်စုံဘူး ဆိုမှတော့ ဒီ စကားလုံးက ဘာအသုံးဝင်တော့ မှာလဲ။ အသုံးမဝင်တော့တဲ့ အတူတူ ဒီစကားလုံးကို စွန့်ပစ်လိုက်တယ်။လူတွေကိုမုန်းတယ်။
-၁၄-
“ဘဝမှာ တစ်စုံတစ်ယောက်ကို တကယ် ချစ်မိပြီဆိုရင် သင်ကံ ကောင်းတယ်။ သင်ချစ်မိတဲ့ တစ်စုံ တစ်ယောက်က သင့်ကိုပြန်ချစ်တယ် ဆိုရင်သင် ပိုပြီးကံကောင်းတယ်။သင့်ချစ်သူက သင့်အပေါ်သစ္စာ ရှိတယ်ဆိုရင် သင်သိပ်ကံကောင်း တယ်။ သင်ချစ်တဲ့ သူနဲ့သင် လက် ထပ်ခွင့်ရတယ်ဆိုရင် သင် အလွန်ကံ ကောင်းတယ်။ သင့်ချစ်ရတဲ့ ဇနီးနဲ့တစ်သက်လုံး အတူတကွပေါင်း ဖက်ခဲ့ရတယ်ဆိုရင်တော့ သင်ဟာ ကံ အကောင်းဆုံးပဲ။” တကယ်လို့ လူ့ဘဝကို ရရှိပိုင်ဆိုင်ခဲ့ရဲ့သားနဲ့ စစ် မှန်တဲ့ အချစ်တစ်ခုကို သင်မပိုင်ဆိုင် ခဲ့ဘူးဆိုရင် သင်လူဖြစ်ရှုံးတယ်။ လူ ငယ်ဟာ ကလေးငယ်ရဲ့စကားကိုဂရု တစိုက်နားထောင်ရင်း ခေါင်းတ ဆတ်ဆတ်။
-၁၅-
တံတားတစ်စင်းဟာ သက်တံ တစ်ခုလို ကောင်းကင်ကိုဖြတ် ပြီးစီး နေတယ်။ ဒါဟာ ကောင်းကင် လည်း ဖြစ်နိုင်တယ်။သက်တံလည်း ဖြစ်နိုင် တယ်။ အလင်းတန်း လည်းဖြစ် နိုင်တယ်။ “လာ ငါတို့သွားကြမယ်” ဆိုပြီး လူကြီးဟာလူငယ်ကို ခေါ် သွားတယ်။ သူတို့ခေါင်းတွေဟာ မီးတောက်နေဆဲ လောင်ဆာတွေနဲ့။မပျောက်သေးသမျှတော့ ရှိနေလိမ့်ဦး မယ်လို့ လူကြီးက ကလေးငယ်ကို ပြောတယ်။ ကလေးဟာ ခေါင်းပေါ် က မီးတောက်ကို တစ်စက်ချင်း ဝါးစားရင်း တိမ်ပေါ်ကိုခုန်တက် လိုက်တယ်။ သူတို့လက်တွေမှာ သွေး ချင်းချင်းနဲ့။ သူတို့ကိုကြည့်ပြီး လူအားလုံးဟာ ကမ်းခြေတစ်ခုကို အပြေးသွားနေကြတယ်။ သူတို့ ခြေ ဖဝါးတွေအားလုံး မီးတောက်တွေ အလျှံပယ်ပြည့်လို့။
-၁၆-
ဖြစ်တည်မှုသည် စွမ်းအင်အရှိန် ကြောင့် ငေါထွက်လာသော အရိုးများ ဖြစ်၏ ထိုအရိုးများဖြင့် ပါးစပ်များကို ထိပါးပုတ်ခတ်၏ အရှိတရား တစ်ခုထဲမှ အရှိတရား တစ်ခုထဲသို့ရောက်ရှိခြင်းသည် အရွေ့ကြောင့် ဖြစ်သည် ထိုအရွေ့သည် ဖော်ထုတ်သူကြားခံ ပစ္စည်း၏ လက်(သို့)တစ်ဆင့်ခံအကြောင်းတရား ၏ အကူ အညီဖြင့် ပြီးမြောက်၏။ မရှိခြင်း တရားဟူသည် မရှိကြောင်း ရှိခြင်း တရားက သက်သေပြနိုင်၏ (စရဏ လို၏) မမြဲခြင်းသာရှိ၏ မရှိခြင်းဟူသောအရာမရှိ။ ဖြစ်တည်နိုင်စွမ်း သည် အရှိန်ကြောင့် ဖြစ်၏(ဒုတိယမ္ပိ)။ မရှိခြင်းအကြောင်းကို သိသူသည်သာ ရှိခြင်းကို ရှာဖွေနိုင်၏။ လောကသည် ငါနှင့်မဆိုင်(ငါဆို သည်မှာ အတ္တကို ဆိုခြင်းဖြစ်၏)။လောကသည် သဘာဝနိယာမနှင့် သာဆိုင်၏။ (ကံ အကြောင်းပြော လိုခြင်းမဟုတ်)။ လူသည် လွတ်လပ်သော နံရိုးများဖြစ်၏။ အကြောက်တရားဖြင့် ထိန်းချုပ်ခံထားရသော လူသည် လွတ်လပ်သူမဟုတ်။ကျွန်သာဖြစ်သည်(တစ်ချို့သော ဘာသာရေး၏ ကျွန်များ)။ ဘာသာတရား သည် စိတ်လုံခြုံမှုနှင့် တမလွန်ကောင်းစားရေးကိုရှေးရှူ၏။(အ တိတ်ဘဝရှိ/မရှိ မဆွေးနွေးလိုသေး)။ ဘာသာတရားကို အားကိုးရာ တစ်ခုအဖြစ်မှာပဲ ရပ်တန့်ထားသော ကိုးကွယ်သူသည် ညံ့ဖျင်းသော ထု ဆစ်သူဖြစ်၏။ ဘာသာတရားကို ကျင့်ကြံဖွယ်ရာ အဖြစ်နားလည် ကျင့်ကြံသူသည်သာ ဘာသာတရားကိုရှာတွေ့သူဖြစ်သည်။ ချစ်ခြင်းမေတ္တာ သည် အဖြူရောင် ပုဝါစဖြစ်၏။ အတ္တသည် ချစ်ခြင်းမေတ္တာကို အရောင်ဆိုးသော လူမိုက်ဖြစ်၏။ သူ တစ်ပါးအား ချစ်ခြင်းသည် မိမိကိုယ်ကိုယ် ချစ်ခြင်းသာဖြစ်၏။ (ေယဘုယ် သံုးသပ္ခ်က္သာ)။ ပညာ သင်ကြားခြင်းသည် ကောင်း၏။မလွတ်လပ်သော ပညာရေးစနစ်ဖြင့်သင်ကြားခံရသူသည် သင်းသတ်ခံရသော သစ်ပင်သာဖြစ်၏။ ပုံစံခွက်ချထားသော စနစ်သည် နလပိန်း တုံးများသာ ထွန်းကားစေ၏။ နလ ပိန်းတုံးများဖြင့် တည်ဆောက်ထားသော နိုင်ငံတော်သည် တိုးတက်မှုအားနည်း၏။
ယံဇငြိဏ်း
