Thursday, June 25, 2026

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeCelebrities' Newsနေယံ စီးပွားရေး လုပ်ငန်းရှင်ကြီး...

နေယံ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဘာကြောင့်ဖြစ်ချင်ရတာလဲ

အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးအလုပ်ဘက်ကိုသာဦးစားပေးလုပ်ကိုင်နေသူတစ်ယောက်ကတော့ သရုပ်ဆောင်နေယံပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေကိုဘာကြောင့် မလုပ်ဖြစ်တော့တာလဲဆိုတာကို နေယံ က…

“ကိုယ့်ဆီအလုပ်လာအပ်တာက လည်းနည်းတယ်။ လာအပ်တဲ့အလုပ် ကလေးတွေကလည်း ကိုယ်နဲ့ အံဝင်ခွင်ကျသိပ်မဖြစ်တဲ့ ဇာတ်လမ်းတွေ လာနေတဲ့အခါကျတော့ စီးပွားရေးလုပ်ငန်းဘက်ကိုပဲဦးစားပေးဖြစ်နေတယ်။နောက် ဇာတ်လမ်းတွဲတစ်ခု ပြောထားတာရှိတယ်။ ဇာတ်လမ်း ဖတ်နေတယ်။ အဆင်ပြေရင်တော့ ရိုက်ကူးဖြစ်မယ်။အဆင်မပြေရင် တော့ မရိုက်ကူးဖြစ်ဘူးပေါနော်”လို့ပြောပါတယ်။

စီးပွားရေးလုပ်ငန်းအနေနဲ့ သခွားမွေးများစိုက်ပျိုးသလို ဖက်ရှင်ဆိုင်လည်း ဖွင့်ထားပါတယ်။ နောက်ထပ်လည်း ဖက်ရှင်ဆိုင်ခွဲ တစ်ဆိုင်ထပ်မံဖွင့်လှစ်သွားဖို့ရှိပြီး သူငယ်ချင်းတွေနဲ့လည်း အထည် ချုပ် စက်ရုံအသေးလေး တည်ထောင်ထားကြောင်း နေယံကပြောပါ တယ်။သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့သူ့အနေနဲ့ စီးပွားရေး လုပ်ငန်းဘက်ကိုဦးစားပေးဖြစ်ရပုံကိုလည်း နေယံက…

“အစ်ကိုက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် တအားဖြစ်ချင် တာ။ လုပ်တော့လုပ်နေပါတယ်။ကြိုးစား ပြီးသတိလေးနဲ့ပေါ့။ဘယ်အရာမှ မ မြဲတာမိဘကို အသက်ရှင်နေတဲ့ အချိန်မှာ မိဘကိုဒီ့ထက်ပိုပြီးလုပ် ကျွေးချင်တယ်။အဲဒါကြောင့် စီးပွား ရေးကို လုပ်တာပါ။ တကယ်ပါ မှန်သောစကားပါ။ အကိုတို့က နဂိုကတည်းက အဆင်ပြေခဲ့တာမ ဟုတ်ပါဘူး။ နယ်ကရွာက လာရတဲ့ အခါကျတော့ ရန်ကုန်မှာရပ်တည်ဖို့ အတွက်က စီးပွား ရေးတစ်ခုလုပ်ဖို့ကလိုအပ်တယ်။ကိုယ်ကအသက်ကြီးပြီ၊ ကိုယ်သရုပ်ဆောင်လုပ်တဲ့အချိန် တုန်းကလည်း ပိုက်ဆံတွေအများ ကြီးရခဲ့တာမဟုတ်တဲ့အတွက် စီးပွားရေးကိုဦးစားပေးပြီး လုပ်တယ်။ ပြီးတော့ဖေဖေ၊ မေမေတို့က အသက်ကြီးပြီး ဘာပဲဖြစ်ဖြစ် မတိမ်းပါးခင်မှာ တင့်တင့် တယ်တယ်နဲ့နေနိုင်အောင် လှူဒါန်းချင်တာတွေ လှူနိုင်အောင် ကျန်းမာရေးများတစ်ခုခု အလွယ် တကူ ကြီးကြီးမားမား ဖြစ်လာခဲ့ရင် ကုနိုင်အောင် ဒါတွေအတွက် အားမွေးပြီး ပိုက်ဆံတွေရှာ နေတာပါ။ ဒီအချိန်မှာ ကိုယ့်ကိုထမင်းကျွေး နေတာက ဒီအလုပ်ဒီဖက်ရှင်ဆိုင်လေးပါ” လို့ ပြောပြခဲ့ပါတယ်။

အခုလို စီးပွားရေးလုပ်ငန်းကိုလုပ် ကိုင်နေတဲ့အချိန်မှာ သူ့ကိုယ်သူသ ရုပ်ဆောင်တစ်ယောက်လို့မတွေးပဲ အလုပ်ကိုကြိုးစားလုပ်ကိုင်ကြောင်း စီးပွားရေးလုပ်မယ်ဆိုရင် ကိုယ်လုပ်ကိုင်မယ့်လုပ်ငန်းတစ်ခုကိုနက်နက်နဲနဲသိဖို့လိုကြောင်း နေယံက…

“စီးပွားရေးလုပ်နေတဲ့ အချိန် မှာတော့ ကိုယ်ကစီးပွားရေးသမားပဲ။သရုပ်ဆောင်တစ်ယောက် လိုတော့ ဘယ်တော့မှမတွေးထားဘူး။ ငါသည် အရင်က ဘာတွေလုပ်ခဲ့တယ်။ငါဘယ်လို တွေရိုက်ခဲ့တယ်။ငါဒီအ လုပ်မလုပ်ချင်ဘူး။ ငါဒီအထုပ်တွေ အသယ်ချင်ဘူးလို့ ဈေးသွားဝယ်ရင် အစ်ကိုဘယ်တော့မှ မတွေးဘူး။အစ်ကို့သူငယ်ချင်းတွေကိုပြောတယ် အလုပ်ကို အလုပ်နဲ့တူ အောင် လုပ်လို့။ စီးပွားရေးအလုပ်ကို လုပ်မယ် ဆိုရင် အဲဒီအလုပ်ကို နက်နက် နဲနဲနားလည် ဖို့လိုတယ်။ပြီးတော့ စေတနာအရင်းခံပြီးတော့ ဒီအလုပ် အပေါ်မှာလည်း ဝါသနာပါဖို့လိုတယ်။ အဲဒါသည်အကြီးမားဆုံးအချက်လို့ အစ်ကိုမြင်ပါတယ်။ စီးပွားရေးအ လုပ်နဲ့ပတ်သက်ပြီး လေ့လာသွားဖို့ ရှိပါတယ်။ ဒီ့ထက်ပိုပြီးတော့အလုပ် တွေဖွံ့ဖြိုးတိုးတက်အောင် ကိုယ်ရော တခြားသူတွေအတွက်ပါ ကူညီနိုင်အောင် စီးပွားရေးကို လုပ်ချင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071