Saturday, January 31, 2026

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...
HomeEntertainmentBusinessနေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံ တို့ကို...

နေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံ တို့ကို စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်နေတဲ့နေမျိုးအောင်

သဘာဝမင်းသားလို့ ပရိသတ်တွေ အသိအမှတ်ပြုလောက်တဲ့အထိ ဇာတ်ကောင် စရိုက်မျိုးစုံကို ပီပြင်လွန်းအောင် သရုပ်ဆောင်နိုင်သူကတော့ နေမျိုး အောင်ပဲဖြစ်ပါ တယ်။ အနုပညာလောကမှာ ရပ်တည်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထား နိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ဒီနေ့ထိတိုင် ရရှိထားသူဆိုလည်း မမှားပါဘူး။ အနုပညာလောကမှာတင် အောင်မြင်မှု တွေကို ရရှိသိမ်းပိုက်ထားနိုင်ရုံမက ပဲ စီးပွားရေး လုပ်ငန်းဘက်မှာလည်း အောင်မြင်မှု တွေကိုရရှိထားသူဖြစ်ပါတယ်။ အနုပညာ လုပ်ငန်းတင်မကပဲ စီးပွားရေးလုပ်ငန်း တွေဖြစ်တဲ့နေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံတို့ လုပ်ကိုင်ဖြစ်ပုံ ကို မေးမြန်းကြည့်တဲ့ အခါမှာ …

”နဂါးမောက်ခြံ လုပ်ကိုင်ဖြစ်တာက အစ်ကိုက အဲဒီတုန်းက ပုပ္ပားမှာ ဇာတ်ကား သွားရောက်ရိုက်ကူးတာ။ အနည်းဆုံးမရိုက်ဖူးဆို ဇာတ်ကား ၈ ကား ၉ ကားလောက် ရိုက်ကူးတယ်။ ပုပ္ပားဆိုတာအစ်ကိုရဲ့မင်းသားတစ်သက်မှာ အောင်မြေပေါ့နော်။ အစ်ကိုဇာတ်ကားတွေ ရိုက်ကူးလို့ပြီးတဲ့ တစ်နေ့ကျတော့ ပြန်ခါနီးအစ်ကိုရဲ့ အမျိုးသမီးက ခြံလေးတစ်ခြံလောက် လိုချင်တယ် ပြောတယ်။ မင်းလိုချင် ရင် လိုက်ရှာလိုက်ဆိုပြီး သူ့ကိုရှာခိုင်းလိုက်တာ။ အစ်ကိုတို့ ပြန်ဖို့ ကားပေါ်ကို ပစ္စည်းတွေ လည်း တင်ထားပြီးပြီ။ ကားကြီးကို ရပ်ပြီး သူ့အသိတွေနဲ့ လိုက်ရှာ တော့ အဲဒီခြံကို တွေ့မိတယ်။ ၃ ဧကလောက် ရှိတယ်။ အစ်ကို့အမျိုးသမီး ကလည်း စိုက်ပျိုးရေးဝါသနာ ပါတော့ သူက စိုက်ချင်တယ်ဆိုတော့ နဂါး မောက် စိုက်ဖြစ်သွား တာပါ။ နေမင်းသား ဟိုတယ်က အစ်ကိုရဲ့ အနုပညာ အလုပ်က ဖြူဖြူစင်စင်နဲ့ရရှိတဲ့ အနုပညာကြေးလေး တွေကို စုဆောင်း တယ်။ စုဆောင်းပြီးတော့ ဟိုတယ် လေးတွေ လုပ်ရအောင်ဆိုပြီး ဘန်ဂလိုလေးတွေ ဆောက်လုပ်ဖြစ် သွား တာပါ”လို့ နေမျိုးအောင်ကပြောပြခဲ့ပါတယ်။

ဇနီးဖြစ်သူဖြစ်ချင်တာကို အစ်ကိုက ပါရမီဖြည့်ပေးတယ်ဆိုတော့ အစ်ကို့အပေါ်ကိုရော ဇနီးဖြစ်သူက ဘယ်လိုမျိုးတွေ ပါရမီဖြည့်ပေးဖြစ် လဲဆိုတာ ကိုလည်းနေမျိုးအောင်က…

”အစ်ကို့ရဲ့လုပ်ငန်းကိုလည်း အစ်ကို့ အမျိုးသမီးက ပါရမီဖြည့်ပေးနေတာ ဒီနေ့ဒီအချိန်ထိပဲ။ အစ်ကို့ရဲ့ အမျိုး သမီးက စိုက်ပျိုးရေးကို တအားဝါသ နာပါတာ။ ပထမတော့ နဂါးမောက် စိုက်လိုက်တယ်။ ပြီးတော့ ပန်းတွေ စိုက်တယ်။ မာလကာတွေ စိုက်တယ်။ စတော်ဘယ်ရီတွေ စိုက်တယ်။ အ များကြီး စိုက်တယ်။ သူကတော့အများကြီး အပင်ပန်းခံနိုင်တယ်။ အစ်ကိုကတော့ မလုပ်နိုင် ဘူး။ အစ်ကို့ကို အမြဲတမ်းသူက ပါရမီဖြည့် ပေးနေတယ်ဆိုတော့ သူဖြစ်ချင်တာ ကို အစ်ကိုက ပြန်ပြီး ပါရမီဖြည့်ပေး တာပါ”လို့လည်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာ တော့အနုပညာအလုပ်ကိုပိုပြီးအချိန်ပေးဖြစ်နေတယ်လို့နေမျိုး အောင်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။ " ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စား‌ဖို့သောက်ဖို့တော့ကာမိပါတယ်" ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071