ဘိုဘိုဟန်၊ ဗစ်တာခင်ညို၊ စိန် ဝင်းထွန်း၊ ကိုင်ဇာ၊ ဇော်ဝင်းထွဋ်၊ ဂျေ မောင်မောင်၊ ချစ်ကောင်း၊ မေဆွိ၊ ကော်နီ၊ သျှီ၊ ရတနာဦး၊ ချောစုခင် စသော နာမည်ကျော် အဆိုတော်များ စွာပါဝင်သီဆိုမည့် ‘လိမ္မော်ရောင် ကောလိပ်ဂီတည’ ဖျော်ဖြေပွဲကြီးကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၆နာရီခွဲအချိန်တွင် သုဝဏ္ဏအားက စားရုံ-၁ ၌ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို အမှတ် ၂ ဒေသကော လိပ်၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ် မြေ)၏ ဒုတိယအကြိမ်မြောက် အာ စရိယပူဇော်ပွဲနှင့် ဆရာကြီး၊ ဆရာမ ကြီးများ၏ ကျန်းမာရေးစောင့်ရှောက် မှုရန်ပုံငွေရှာဖွေရေးအတွက် ရည် ရွယ်ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ် ဆက်ပွဲကို စက်တင်ဘာလ ၁၈ ရက် နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။
”အခု လိမ္မော်ရောင်ကောလိပ် ဂီတည ဖျော်ဖြေပွဲကြီးကတော့ ဒုတိယအကြိမ် ကျင်းပတာပါ။ ကျွန်တော်ကိုယ်တိုင် ကျောင်းသား ဟောင်းတစ်ယောက် ဖြစ်သလို အနုပညာသမားလည်း ဖြစ်နေတော့ ကိုယ်တတ်နိုင်တဲ့ အနုပညာ၊ ကိုယ့် သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဂီတအင် အားနဲ့ ပရိသတ်တွေအတွက် စေတနာ ပါတဲ့ အစီအစဉ်တစ်ခုဖြစ်အောင် ကြိုးစားပြီးတော့ ကျင်းပခဲ့တဲ့အတွက် မနှစ်က ပထမအကြိမ် ကျင်းပတုန်း ကလည်း အောင်မြင်ခဲ့တယ်။ အခု ဒုတိယအကြိမ်မြောက် လိမ္မော် ရောင်ကောလိပ်ဂီတည ပွဲမှာလည်း အဲဒီစေတနာတွေကို ပြည့်စုံစွာ ပါဝင် အောင် ဖြည့်စွက်ကြိုးစားရင်းနဲ့ မနှစ် ကထက်တောင် အဆိုတော်အင်အား ပိုများပါတယ်။ ပရိသတ်တွေလည်း များများ လာကြည့်လို့ ရအောင် သုဝဏ္ဏကွင်းမှာ ကျင်းပဖို့ စီစဉ် ထားပါတယ်။ အဆိုတော်တစ် ယောက်ကို သီချင်း၂ပုဒ်စီလောက် သီဆိုကြမယ်လို့ မှန်းထားပါတယ်” ဟု ပွဲကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုတော် ကိုင်ဇာက ပြောသည်။
‘လိမ္မော်ရောင်ကောလိပ် ဂီတည’ ဖျော်ဖြေပွဲအတွက် လက် မှတ်ဈေးနှုန်းများကို ကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ၊ ၅ဝဝဝဝ သတ်မှတ်ထားပြီး မန်းသီရိတေး သံသွင်း၊ ပါရမီလမ်းရှိ ကောင်းသန့် လက်ဖက်ရည်ဆိုင်၊ လမ်းမတော် သံဈေးအနီးရှိ Health Pharmacy တို့တွင် စက်တင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
စုမွန်