Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' Newsဆေးသောက်ပြီးဝိတ်ချတာကို အားမပေးပါဘူး

ဆေးသောက်ပြီးဝိတ်ချတာကို အားမပေးပါဘူး


အွန်​ဆိုင်းဆိုတာ နာမည်​ကြီး မော်​ဒယ်​တစ်​ယောက်​အဖြစ်​ ပရိ သတ်​တွေက အသိအမှတ်​ပြုထားတဲ့ သူတစ်​ဦးဖြစ်​ပါတယ်​။ မော်​ဒယ်​တစ်​ယောက်​ဖြစ်​တဲ့အလျောက်​ Body Structure ကိုလည်း အကောင်း ဆုံးထိန်းသိမ်းထား နိုင်​ပြီး အွန်​ဆိုင်း ရဲ့ Body Structure ကို အားကျ နေကြတဲ့ မိန်းကလေးတွေလည်း အများကြီးရှိကြပါတယ်​။ ခန္ဓာကိုယ်​ ထိန်းသိမ်းဖြစ်​တာနဲ့ ပတ်​သက်​ပြီး အွန်​ဆိုင်းကို မေးမြန်းကြည့်​တဲ့အခါ…

”အွန်​ဆိုင်းက တအားကို အစားကြီး တဲ့သူတစ်​ယောက်​။ အွန်​ဆိုင်း စားရ တာကို ကြိုက်​တယ်​။ ခရီးသွားရင်​လည်း စားတယ်​။ အိမ်​မှာ နေရင် လည်းစားတယ်​။ အမြဲတမ်းလိုလို အစားအသောက်​ကို စားဖြစ်​တယ်​။ ဒါပေမဲ့ အွန်​ဆိုင်း ကိုယ့်​ကိုယ်​ကိုယ်​ Fit ဖြစ်အောင်​တော့ Gym မှာ ပြန်​ပြန်​ဆော့တယ်​။ အားကစားလည်း လုပ်​ဖြစ်​တယ်​။ Gym တော့ အမြဲ တမ်းလိုလို ဆော့ဖြစ်​တယ်​။ မဟုတ်​ရင်​ အွန်​ဆိုင်း ဖက်​တီးမကြီး ဖြစ်​လာ လောက်​ပြီ။ တအားစားတာဆိုတော့။ပြီးတော့ အွန်​ဆိုင်းအားကစားလုပ်​ပြီး တော့လည်း ခန္ဓာကိုယ်​ကိုရော၊ အသား အရေကိုရော ထိန်းသိမ်းဖြစ်​တယ်​။ အားကစားလုပ်​ရင်​ ချွေးပုပ်​တွေက ထွက်​သွားပြီး အသားအရေက ကြည်​ပြီး လှလာတယ်​”လို့ ပြောပြပါတယ်။ ဆေးသောက်​ပြီး ပိန်​အောင်​လုပ်​တဲ့ သူတွေကို အားမပေးဘူးဆိုတာကို လည်း အွန်​ဆိုင်းက ”ဆေးသောက်​ပြီး ဝိတ်​ချတာတို့၊ ပိန်​တာတို့ကို အား မပေးဘူး။ ဆေးသောက်​ပြီး ပိန် အောင်​လုပ်​တာက ဆိုးကျိုးက ပိုများ တယ်​။ တကယ်​လို့ဆေးသောက်​မယ်​ဆိုရင်​လည်း ဆေးအညွှန်းကို သေ သေချာချာဖတ်​ပါ။ Side Effect က ဘာတွေရှိလဲ။ ပါဝင်​ပစ္စည်းတွေက ဘာတွေပါလဲ သေသေချာချာလေ့လာ ပါ။ သူများပိန်​တယ်​ဆိုတိုင်း လိုက်​မသောက်​ပါနဲ့။ အားကစားလုပ်​ပြီး ပိန်​တာကို ပိုအားပေးတယ်​။ ပိန်​တယ်​၊ ဝတယ်​ဆိုတာထက်​ ကိုယ့်​ ကိုယ်​ကိုယ်​ ကျန်းမာနေဖို့ လိုတယ်။ ကျန်းမာအောင်​ ကိုယ်​လက်​လှုပ်​ရှား မှု တစ်​ခုခုကိုလုပ်​ပါ”လို့ အွန်​ဆိုင်းက ပြောပြခဲ့ပါသေးတယ်​။

အမြဲတမ်းStyle ကျအောင်​နေဖြစ်​တဲ့ အ ကြောင်းကိုလည်း အွန်​ဆိုင်းက…

”အွန်​ဆိုင်းက Style တစ်​ခုရှိဖို့ကို အဓိက ထားတယ်​။ Trend တစ်​ခုက ပြောင်း လဲတာ အရမ်းမြန်​တယ်​။ အမြဲတမ်း ပြောင်းဖြစ်​နေတဲ့ Trend နောက်​ကို အမီမလိုက်​နိုင်​ဘူး။ ကိုယ်​ဝတ်​တဲ့ အ ဝတ်​အစားတစ်​ခုခုက ဘယ်​သူမဆို လိုက်​ဝတ်​နိုင်​တယ်​။ ဒါပေမဲ့ ကိုယ်​ဝတ်​တဲ့အချိန်​မှာ Style တစ်​ခု ထွက်​နေဖို့ အရေးကြီးတယ်​။ အွန်​ဆိုင်းက တော့ကိုယ့်​ရဲ့ ကိုယ်​ပိုင်​ Style တစ်ခု ရှိဖို့ကို ပိုဦးစားပေးတယ်​”လို့ ပြော ပြခဲ့ပါတယ်​။

လက်ရှိမော်​ဒယ်​အလုပ်​ကိုပဲ ပိုလုပ်​ဖြစ်​မယ်​ဆိုတာကိုလည်း ”အွန်​ဆိုင်း၊ ဇာတ်​ကားရိုက်​တာတို့၊ သီချင်းဆိုတာတို့ကလွဲရင်​ ကျန်​တဲ့ အနုပညာအလုပ်​ တော်တော်​များ များ လုပ်​ဖြစ်​တယ်​။ ဇာတ်​ကားတော့ တစ်​ကားရိုက်​ဖူးတယ်​။ ဒါပေမဲ့ အွန်​ဆိုင်းက တကယ်​တမ်း ရူးသွပ်​ပြီး ဝါ သနာပါတာက မော်​ဒယ်​နဲ့ပတ်​သက်​တဲ့အလုပ်​။ အွန်​ဆိုင်းက လက်​ရှိမှာ ကိုယ်​လုပ်​ချင်​တဲ့ အလုပ်​ကို လုပ်​နေ ရတာကို ပိုသဘောကျတယ်​”လို့ အွန်​ဆိုင်းက ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071