Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeArticlesစောဘရန်ဘောနှင့် ဘောလုံးပွဲများ

စောဘရန်ဘောနှင့် ဘောလုံးပွဲများ

တမ္ပဒီပဘောလုံးကွင်းရဲ့ ဘောလုံး ပွဲစဉ်တွေဟာ ပရီးမီးယားလိဂ်ပွဲ စဉ်တွေလို ကြီးကျယ်ခမ်းနားမှုတွေ မရှိလှပေတဲ့၊ သူ့ကွင်း သူ့ပရိသတ်နဲ့ တော့ အမြဲကို ဟန်ကျနေကြတာ ခင် ဗျ။

တမ္ပဒီပသား ကဗျာဆရာတစ် ဦးဖြစ်တဲ့ စောဘရန်ဘောကတော့ သူတို့ဘောလုံးကွင်းလေးကို “အလွမ်း ပေါသော ဘောလုံးကွင်းလေး”လို့ အမြဲတင်စားတတ်လေ့ရှိပါတယ်။

ဘယ် ဘောလုံးကွင်းပဲဗျာ။ ဘယ်ကလာ အလွမ်းပေါရမှာလဲလို့ ပြောရင် ပြောသူဟာ တမ္ပဒီပသား ဖြစ်ဦး၊ ဒီလူဟာ ဒီဘောလုံးကွင်း လေးနဲ့ပတ်သက်ပြီး ကုန်စင်အောင် (ကုန်စင်အောင် …) မခံစားဖူး လို့သာ ဖြစ်မယ်လို့ စောဘရန်ဘော စွပ်စွဲမှာ သေချာတယ်။

ကဲ …ဘောကွင်းလေးကို လွမ်းကြည့်ရအောင်။ ဘောကွင်းလေး က မြို့ရဲ့ တောင်ဘက်အစွန်က သင်္ချိုင်းကုန်းတစ်ခုရဲ့ ဘေးမှာရှိပါ တယ်။ ကွင်းပုံစံလည်း ဘောလုံး ကွင်းဟူသမျှနဲ့ မတူဘူး။ စမူဆာပုံ မြေကွက်မှာ ချုံရှင်းပြီး ဘောလုံးကွင်း တည်ထားတာမို့ ကွင်းက လေးထောင့် မကျဘူး။ ရွဲ့စောင်းစောင်း၊ ဒီအထဲ ကွင်းရဲ့ မြေပြင်ကလည်း အရှေ့ဘက် က ‘မြင့်’ပြီး အနောက်ဘက်က နိမ့် ဆင်းသွားတာဆိုတော့ နောက်တန်း ဘောလုံးသမားတွေက ဘောလုံးရှေ့ ရောက်ပြီဆိုရင် ဘောလုံးကို မမြင် ရတော့ဘူး။ အနိမ့်အမြင့်ကလည်း အဲသလောက်။ ကုန်းပေါ်တစ်ပိုင်း ချောက်ကမ်းပါးတစ်ပိုင်း ကွင်းလေ။

ဒီကွင်းမှာ ညီတာဆိုလို့ ဘာမှမရှိ ဘူး။ ဂိုးတိုင်တောင် မြေအနိမ့်အမြင့် မတူလို့ ဂိုးတိုင်လည်း မညီဘူးပေါ့။ ကွင်းရဲ့ ဘေးစည်းမျဉ်းတွေကို ပေါက် ပြားနဲ့ ပေါက်၊ ထုံးဖြူးပြီး ‘လိုင်း’ဖော် ထားပေမယ့် လိုင်းက တောင်မြောက် တည့်တည့်မဟုတ်တော့ ဘောလုံးဆွဲ ပြေးတဲ့အခါ ဘောလုံးသမား ကွင်း အပြင်ရောက်တဲ့အခါ ရောက်သွား တာပေါ့လေ။ ခက်တာက ဆွဲပြေး သွားတဲ့ ဘောလုံးသမားဟာ ကစား ရင်း၊ သူကွင်းအပြင်ရောက်သွားတာ ကို သူကိုယ်တိုင်လည်း မသိဘူး။ တစ် ဖက်အသင်းက ကောင်တွေလည်း မသိဘူး။ ပရိသတ်တွေလည်း မသိ ဘူး။ ဒါပေမဲ့ ကန်တော့ ကန်နေကြ တာပါပဲ။

အဲ …စောဘရန်ဘောပြော တဲ့ ‘အလွမ်းပေါသော ကွင်းကလေး’ အဖြစ် နာမည်တွင် လာပုံကို ပြောရ ဦးမယ် …

အလွမ်းပေါပုံက ဒီလို …

ရွဲ့ စောင်းစောင်း ကွင်းကလေးနဲ့ အရှေ့ ဘက် သုံးပုံတစ်ပုံလောက်မှာ သရက် ပင်ကြီးတစ်ပင်ရှိသေးတယ်။ သရက် ပင်က ကွင်းထဲမှာ တစ်ခါတရံဘော လုံးသမားတွေ သရက်ပင်လှည့်ပတ် ကစားကြရတာမျိုးလည်း ရှိတယ်။ ပြီး တော့ ဒီသရက်ပင်က စောဘရန် ဘောနဲ့ သူ့အပေါင်းအသင်းတွေရဲ့ ပွဲကြည့်စင်အဖြစ် အသုံးပြုကြတယ် ခင်ဗျ။ အစပိုင်းကတော့ ဒီသရက် ပင်ပွဲကြည့်စင်ဟာ စောဘရန်ဘော တို့ အုပ်စုသက်သက်ရဲ့ ပွဲကြည့်စင် ပေါ့။ နောက်ပိုင်းဘောပွဲကို သရက် ပင်တက်ကြည့်တဲ့ ပရိသတ်က များ လာတယ်။ ဒီလို ‘များ’လာတာက လည်း အခြားကြောင့် မဟုတ်ဘူး။ သရက်ပင်အုပ်စုရဲ့ လေးပုံက ထူး ခြားလို့၊ ပြီးတော့ တစ်နေ့တခြား ထူး ခြားတာတို့ များလာတာလို့ ပြောရ မယ်။ သရက်ပင်အုပ်စုရဲ့ အားပေး ပုံကလည်း ကြည့်ဦး။ ကွင်းထဲက ဘောလုံးရဲ့ အခြေအနေနဲ့ သူတို့ အားပေးပုံတွေက ဟာမိုနီမဖြစ်ဘူး။ မကြာခဏလွဲချော်နေတတ်တယ်။ လွဲ ချော်တယ်ဆိုတာ ဘောလုံးက ကွင်း ပြင်ရောက်ပြီး အောက်ဆိုက်နေ တယ်။ သရက်ပင်ပေါ်က အုပ်စုက ‘ဂိုး’လို့ ဝိုင်းအော်လို အော် … ကွင်းထဲက ဘောလုံးက ကော်နာဖြစ် ဖြစ်နေပြီ။ သရက်ပင်ပေါ်က ‘ဆွဲ ကွ …ဆွဲ …ဟုတ်ပြီ။ ဒီအတိုင်း ဆွဲလို့ အော်လို အော် …အဲသလို အလွဲတွေအများကြီး။ အဲအလွဲတကာ့ အလွဲထဲမှာ ‘အကြီးဆုံးအလွဲ’ကို ပြော ရဦးမယ်။

ဂိုးစည်းရှေ့မှာ နှစ်ဖက်အသင်း သားတွေ အသည်းအသန်ဖြစ်နေတုန်း နောက်တန်းဘောသမားတစ်ယောက် က ဘောလုံးနဲ့ ရှင်းထုတ်လိုက်တာ၊ ဘောလုံးက ကွင်းပြင်ရောက်၊ ပြီး တော့ မြေနိမ့်ပိုင်းအတိုင်း အောက် လှိမ့်ပြေး၊ ကွင်းနံဘေး ကားလမ်း ကျော်ပြီး ကားလမ်းဘေးက ရေ မြောင်းထဲ ဘောလုံးကျပြီး ဘောလုံး က ရေစီးနဲ့အတူ အောက်ဘက်မျောပါ သွားရော …။

ကွင်းထဲမှာ ဘောလုံးမရှိတော့ ဘူး။ ဒါပေမဲ့ သရက်ပင်ပေါ်က အုပ်စုကတော့ ဘောလုံးပွဲကို ပြင်း ပြင်းထန်ထန်ကို အားပေးကြဆဲ၊ သူ တို့အားပေးကြပုံက ကွင်းထဲမှာ အကြိတ်အနယ်ကစားနေကြတာကို အားပေးပုံမျိုး။ ကွင်းထဲမှာ ဘောလုံး မဲ့။ ဘောလုံးလိုက်ဆယ်တဲ့လူတွေ လည်း ပြန်ရောက်မလာသေးဘူး။ ဒါ ပေမယ့် သရက်ပင်ပေါ်က ပရိသတ် ကတော့

“ဟုတ်ပြီ …ဆွဲ …ဆွဲ”

“ဟုတ်တယ် …အဲဒါအမှန်ပဲ …”

“ကိုင်း …ရှူးလိုက်တော့ ရှူး လိုက်တော့”

“ဟုတ်ပြီ …ဟုတ်ပြီ …”

“ဂိုး …”

‘ဂိုး’ဆိုတဲ့ တညီတညာတည်း အော်လိုက်တဲ့ အသံကြီးနဲ့အတူ ‘ဝုန်း’ ဆို သရက်ပင်ကိုင်းကြီး ကျိုးကျသွား တယ်။ သရက်ပင်ကိုင်းပေါ်က လူ ၅ဝ လောက်လည်း ကိုင်းနဲ့အတူ အောက်ကို ပြုတ်ကျကုန်တော့တယ်။ အား …အီး ဆိုတဲ့ အသံတွေ ထွက်ကုန်တယ်။

ဘောလုံးကတော့ ကွင်းထဲ ပြန် မရောက်သေးဘူး။ မနက်ဖြန်ဘော လုံးကွင်းဘေးက သင်္ချိုင်းထဲ အမြဲ လာ ချိန်းကြတဲ့ ဟို …သမီးရည်း စားအတွဲ …လာမှလာရဲပါတော့ မလား။

စောဘရန်ငြိမ်း

Ads Space Available


Continue reading

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော် ၏"ထင်ရှားထူးချွန်ဆရာဝန်"၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်တွင် ဗိုလ်အေးမြင့်ကြူ၏ "ကျွန်တော့်ကိုမမေ့ပါနဲ့"၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ "တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ"၊ ၂၀၂၀ ခုနှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၏ "ကျန်းမာခြင်းဆုလာဘ်"စာအုပ်တို့ကို ရွေးချယ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ "ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)"၊ ၂၀၂၂...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၉၅၀)အတွက် ထောက်ပံ့ငွေကျပ်(၃၄၂၀)သိန်းလှူဒါန်း

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက နေပြည်တော်ကောင်စီရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ ထောက်ပံ့လှူဒါန်းပွဲ၌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်(၃၄၂၀) သိန်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးကလက်ခံရယူခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ဝင်ဦးမြင့်စိုးက နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နေပြည်တော်လမ်းကြီးကြပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်ကြရန် ဒေါက်တာ သက်သက်ခိုင်တိုက်တွန်း

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ မေလ (၁၁) ရက် ၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ " လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071