Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeCelebrities' Newsငွေကြယ်ပွင့်တွေ စုံလင်စွာ တက်ရောက်ခဲ့တဲ့...

ငွေကြယ်ပွင့်တွေ စုံလင်စွာ တက်ရောက်ခဲ့တဲ့ ၉၈ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ


၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ ၉၈ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်နေ့အခမ်း အနားနဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို အဲဒီနေ့ မနက် ပိုင်းက ရန်ကုန်မြို့ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာဝင်းကြီးအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နာမည်ကျော် ထိပ်တန်းမင်းသား မင်းသမီးများအပါ အဝင် ရုပ်ရှင်သရုပ်ဆောင်များစွာ တက်ရောက်ပြီး သက်ကြီးဝါကြီးများ ကို ဂါရဝပြုခဲ့ကြပါတယ်။ အခမ်းအနား ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင် ခဲ့တဲ့အတွက် အင်မတန် ပီတိဖြစ်ခဲ့ရ တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုတယ်။


”ဒီနှစ်က ပိုပြီးတော့ လှူဒါန်းမှု တွေ ပိုမိုများပြားလာခဲ့ပါတယ်။ ဘိုး ဘွားတွေအတွက် ဆေးဝါးတွေလည်း အများကြီးလှူဒါန်းကြတယ်။ ဒီနှစ်ဆို ရင် ဘိုးဘွားတစ်ဦးကို ကျပ်နှစ်သိန်း ခြောက်သောင်းလောက် အထိကို လှူဒါန်းနိုင်ခဲ့တယ်။ ဆေးဝါးနဲ့ ကန် တော့ပစ္စည်းတွေရဲ့ တန်ဖိုးဟာဆိုရင် လည်း အနည်းဆုံး ကျပ် ငါးသိန်း ကနေ ခြောက်သိန်းဆိုတဲ့ တန်ဖိုး ကြားမှာ ရှိပါတယ်။ ဖုန်းတွေလည်း မဲဖောက်ပေးခဲ့ကြသေးတယ်။ ပြီး တော့ မင်းသွေးတို့အဖွဲ့ကလည်း ကွယ်လွန်သူ မင်းသွေးအတွက် ရည် စူးပြီးတော့ သူတို့ အလှူခံလို့ရလာတဲ့ ငွေကြေးလေးတွေကို ဘိုးဘွားတွေ အတွက် စာအိတ်ကိုယ်စီနဲ့ လှူဒါန်းခဲ့ ပါတယ်။ သူတို့လှူဒါန်းငွေကလည်း စုစုပေါင်း ကျပ် ၄၅ သိန်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။ နောက် တစ်ခုက ဒီနှစ်မှာ နိဗ္ဗာန်ဈေးတန်းမှာ ဖွင့်တဲ့ မုန့်ဆိုင်တွေ အရေအတွက်က အရင်နှစ်တွေကထက် တအားများခဲ့ ပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါ တယ်။


နိဗ္ဗာန်ဈေးမှာ ပါဝင်လှူဒါန်း ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဝေဠုကျော်က အခုလို ပြောပါတယ်။ ”ကျွန်တော်က ကော်ဖီဘူးရယ်၊ ရေသန့်ရယ် လှူပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဘိုးဘွား၊ အရင် စီနီယာ့ စီနီယာကြီးတွေဖြစ်တဲ့ ရုပ် ရှင်နဲ့ အသက်မွေးခဲ့ကြတဲ့ မိဘတွေကို ကန်တော့ရတယ်။ အဲဒီလိုကန်တော့ ရင်းနဲ့ ကျွန်တော်တို့ အနုပညာညီ အစ်ကို မောင်နှမတွေက နိဗ္ဗာန်ဈေးပွဲ တော် လုပ်ကြတယ်။ ကျွန်တော်ဆို လည်း ဒီ့ပြင်နေရာတွေ လျှောက်သွား တော့ တစ်နှစ်မှတစ်ကြိမ် ဒီလိုနေရာမှာ ပဲ လာဆုံကြရတယ်” လို့ ပြောပါတယ်။


ရုပ်ရှင်သက်ကြီးဘိုးဘွားတွေ ကို ဆုံတွေ့ပြီး ကန်တော့ခဲ့တဲ့အပေါ် အေးမြတ်သူကလည်း ”ကိုယ်လည်း ကြက်ကြော်လှူတယ်။ နိဗ္ဗာန်ဈေးပွဲ တော်ကို သဘောကျတယ်။ ကိုယ့်ရဲ့ သက်ကြီး အနုပညာရှင်တွေနဲ့လည်း ဆုံတွေ့ခွင့်ရတယ်။ ကုသိုလ်လည်းရ တယ်။ ပျော်လည်း ပျော်ရပါတယ်”လို့ ပြောပါတယ်။

ဒီနှစ်မှာ ကန်တော့ခံ ဘိုးဘွား တွေရဲ့ အရေအတွက်ဟာ ၁၇ဝ ဦး အထိ ရှိခဲ့ပြီး တစ်ခေတ်တစ်ခါက ငွေကြယ်ပွင့် မင်းသား မင်းသမီးကြီး တွေ အများအပြားတက်ရောက်ခဲ့ကြ ပါတယ်။

ထက်လူ
ဓာတ်ပုံ – အောင်ဇော်မင်း၊ မင်းမင်းထွန်း

Ads Space Available


Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071