လက်ရှိရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ “ဂျော်နီငပိနဲ့ တော်ကီချက်ကြီး” ဇာတ်လမ်းတွဲဟာ မြန်မာကလေး ငယ်များ အကြား မှာ ရေပန်းစား လျက် ရှိပါတယ်။ မြန်မာ ဟီးရိုးပုံစံ ရိုက်ကူးရတဲ့ အတွက် သရုပ်ဆောင် ညီထွဋ်ခေါင်ကလည်း ပုံမှန်ရိုက် ကူးနေကျ သရုပ်ဆောင် အပြင်အဆင်ကို ပြောင်းလွဲပြီး “ဂျော်နီငပိ” ဇာတ်ရုပ်ပီပြင်အောင် ကိုယ်ပိုင် စိတ်ကူးတွေနဲ့ သေသေ ချာချာပြင်ဆင်ခဲ့တယ် လို့ ဆိုပါတယ်။ “ပရိသတ်တွေ မြင်ရတဲ့ ဂျော်နီငပိ ပုံစံကို ကျွန်တော်ရယ်၊ ကျွန်တော့်ရဲ့ Make-up Artist ရယ် တိုင်ပင်ပြီး လုပ်ခဲ့ကြ တာပါ။ ညီထွဋ်ခေါင် မဟုတ်တဲ့ ကာရိုက်တာ ဖြစ်အောင်လည်း ဆံပင် ကြက်တောင်စည်း၊ အဝတ် အစားက အစပြင်ဆင်ခဲ့တယ်။ သွား တွေဆို ရင်လည်း ကွမ်းဝါးတာမျိုး မလုပ်ဘဲ မည်းနေ အောင်လို့ မိတ်ကပ်နဲ့ ကြိုပြင် ကြည့်တယ်။ မျက်ခုံးကြီး တွေကို လည်း ထူနေ အောင်လို့ လုပ်လိုက် တယ်။ ဒါလေး ကိုကလေးတွေက ကြည့်ပြီးကြက် တောင်စည်း တွေစီး၊ အင်္ကျီလက် တွေလက်ဖြတ် ဝတ်ကြ တော့လည်း ကျွန်တော် ဝမ်း သာပါ တယ်။ လူကြီးတွေ ကြိုက်သလို၊ ကလေးတွေ လည်းပိုကြိုက်ကြတယ်။ ကျွန်တော်တို့ ကလည်း ကလေးတွေကို Target လေးပေးထားတော့ ဒီ Target လေး မိတယ်လို့ ဆိုရမှာပါ” လို့ ညီထွဋ် ခေါင်က ပြောပြပါ တယ်။ ဗီဒီယို ဇာတ်ကားတွေတော့ ခေါင်းဆောင်မင်း သားတစ်ဦး အနေနဲ့သာ ရိုက်ကူးလျက် ရှိတဲ့ ညီထွဋ်ခေါင်က ရုပ်ရှင် ဇာတ်ကားတွေ ကမ်းလှမ်း လာရင်တော့ ကျရာဇာတ်ရုပ် ကပဲလက်ခံ ရိုက်ကူးတယ်လို့ ဆိုပါတယ်။
မြတ်မိုးပွင့်၊
ဓာတ်ပုံ -အောင်ဇော်မင်း