Wednesday, April 29, 2026

သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ပွဲအ​ကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့်...

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀)...

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ...

မော်လမြိုင်-ရန်ကုန်သွားကားလမ်းတွင် ခရီးသည်တင်ကားမီးလေ-ာင်ခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်၌ ယနေ့ ဧပြီ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင်ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

Rodtang နှင့် Takeru တို့...

ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင်...
HomeInterviewsခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း

ခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း

ပြောင်းလဲမှု အရှိန်မြန်နေတဲ့ခေတ်ရေစီးကြောင်းထဲမှာ လူငယ်တွေအတွက် ခေတ်နဲ့အညီ ဝတ်စားဆင်ယင်မှုကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်လာနေပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဖက်ရှင်ဒီဇိုင်းက ဘာတွေဖြစ်မလဲ၊ ဖက်ရှင်ကို လူငယ်တွေ ဘယ်လိုမြင်ကြလဲ၊ ပေါ့ပေါ့ပါးပါးဖက်ရှင်ဒီဇိုင်းတွေကိုရော လူငယ်တွေကြိုက်နှစ်သက်ကြလား၊ ခေတ်ရေစီးကြောင်းမှာစီးမျောနေကြတဲ့ လူငယ်တွေ အတွက်ဖက်ရှင်က ဘယ်လောက်အထိ အရေးပါသလဲဆိုတာတွေကို အနုပညာလမ်းကြောင်းထဲမှာ လျှောက်လှမ်းနေတဲ့ တက်သစ်စလူငယ်အချို့ကို မေးမြန်းပြီး ‘ခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

မောင်ဖြိုးထက်အာကာ

ကျွန်တော်ကတော့ ဖက်ရှင်ကို သဘောကျပါတယ်။ ဘယ်လိုဖက်ရှင်လဲ ဆိုတော့ ပေါ့ပေါ့ပါးပါးရှိမယ့်ဖက်ရှင်မျိုး ပိုသဘောကျပါတယ်။ ကိုယ်ကြိုက်တဲ့ ဖက်ရှင်ဒီဇိုင်းက အင်္ကျီပွပွဘောင်းဘီအနေတော်လောက်နဲ့ ရှူးဖိနပ်စီးတာကြိုက် ပါတယ်။ ပွဲတွေသွားရင်တော့ ပွဲနဲ့လိုက်ဖက်မယ့်ဖက်ရှင်မျိုးပေါ့။ အခုခေတ် ဖက်ရှင်ကတော့ အင်္ကျီပွပွဘောင်းဘီကျပ်ကျပ်တွေခေတ်စားနေပါတယ်။ လူငယ် တစ်ယောက်အတွက်ဖက်ရှင်က အရေးပါပါတယ်။ လူတစ်ယောက်မှာ ဖက်ရှင် က လန်းနေမယ်ဆိုရင် အဲဒီလူဟာဘယ်လိုကြည့်ကြည့် ကြည့်ကောင်းပြီး လူ အများအလယ်မှာလည်း ပေါ်လွင်စေပါတယ်။ ဖက်ရှင်လောကကြီးက မြန်မာ နိုင်ငံမှာလည်းခေတ်စားနေပါတယ်။ လူတစ်ယောက်လှပဖို့ဆို ဖက်ရှင်ကလည်း အဓိကကျပါတယ်။ ကျွန်တော်ကတော့ ဖက်ရှင်ဒီဇိုင်းရွေးချယ်မယ်ဆိုရင် အရောင်ကို ကိုယ်နဲ့လိုက်ဖက်လား၊ မလိုက်ဖက်ဘူးလားဆိုတာကို အရင်စဉ်း စားပါတယ်။

 

မချယ်ရီဖြိုး(ဒီဇိုင်နာ)

ညီမကဖက်​ရှင်​ကိုသ​ဘောကျပါတယ်​။ ဘာဖြစ်​လို့လဲဆို​တော့ လူတစ်​​ယောက်​ရဲ့ ဝတ်​စားဆင်​ယင်​မှုဟာလည်း အခု​နောက်​ပိုင်းပိုပြီး အ​ရေးပါလို့ပဲဖြစ်​ပါတယ်​။ ညီမကြိုက်​တဲ့ဖက်​ရှင်​ဒီဇိုင်းကလူတစ်ယောက်ရဲ့အလှကိုဖုံးအုပ်သွားတာမျိုးမဟုတ်ဘဲ လူကိုပိုပြီးပံ့ပိုး​ပေးမယ့်ဖက်​ရှင်​မျိုးကိုပဲသ​ဘောကျပါတယ်​ရှင့်။ ​ပေါ့​ပေါ့ပါးပါးဖက်​ရှင်​​လေး​တွေဝတ်​ရတာလည်း ညီမအနေနဲ့တော့ကြိုက်​ပါတယ်​။ ပွဲတက်​ရင်​​တော့ Short Dress အကားအဝဲ​လေး​တွေဝတ်​ပြီးပွဲတက်​ဖြစ်​ပါတယ်​။ လူငယ်လည်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိစေ တယ်ထင်လို့ပါ။ Creation ဆန်​ဆန်​ဝတ်​စုံမျိုး​တွေကို ခုနောက်ပိုင်းပို​ခေတ်​စားတယ်​လို့မြင်​မိပါတယ်​ရှင့်။ လူငယ်​တစ်​​ယောက်​အတွက်​ ဖက်​ရှင်​က တအား အ​ရေးပါပါတယ်​။ ဖက်​ရှင်​က ကိုယ့်​ ကိုယ်ကိုယ်​ယုံကြည်​မှုရှိ​စေပြီး လှပ​စေ ပါတယ်​။

 

မောင်ငွေဖြိုးအောင် (ဒီဇိုင်နာ)

ကျွန်တော့်အတွက်ကတော့ဖက်ရှင်ကို အဖိုးတန်ရတနာတွေဝတ်ရတာ ထက် ပိုကြိုက်တယ်။ ပိုလို့လည်း ယုံကြည်မှုရှိစေတယ်ဗျ။ Smartကျပြီး သက် သောင့်သက်သာရှိမယ့် ဖက်ရှင်မျိုးကို သဘောကျပါတယ်။ ပွဲတက်ရင်တော့ ပွဲ အခြေအနေပေါ် မူတည်ပြီးဝတ်ဖြစ်ပါတယ်။ လတ်တလောမှာ ရှေးရှေးက မြန်မာဝတ်စုံလေးတွေကို မူလပုံစံမပျက် ပြန်လည်ဆန်းသစ်တာလေးတွေ လုပ်လာကြတာတွေ့ရပါတယ်။ အမြဲတမ်းလည်း ရိုးမသွားတဲ့ဖက်ရှင်တစ်ခု လို့မြင်ပါတယ်။ လူငယ်တစ်ယောက်အတွက် ဖက်ရှင်ကအရမ်းအရေးကြီးပါ တယ်။ ဘာလို့လဲဆိုတော့သူ့ရဲ့ဖက်ရှင်က သူ့ရဲ့ Life ကို ဖော်ညွှန်းတယ် ယုံကြည် မှုရှိစေတယ်။ သူ့ရဲ့ပင်ကိုအလှကို ပံ့ပိုးပေးတာကြောင့်ပါ။

 

မနန်းအေးဝတ်ရည်ဖြိုး (Miss International Island Myanmar 2018 Winner)

ဖက်ရှင်ကိုသဘောကျပါတယ်။ ကြည့်လိုက်တာနဲ့မျက်စိရှင်းပြီျးာမေအ ကျနေတဲ့ ဖက်ရှင်မျိုးကို သဘောကျပါတယ်။ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကိုလည်း ကြိုက်ပါတယ်။ ပွဲတွေသွားရင်တော့ တက်ရောက်ရမယ့်ပွဲပေါ်မူတည်ပြီး လိုက် ဖက်မယ့်ဖက်ရှင်မျိုးဝတ်ဖြစ်ပါတယ်။ အခုခေတ်ကတော့ Korea Fashion တွေ ခေတ်စားတာပေါ့နော်။ ညီမကအတိုအပြတ်ဝတ်ရတာ သိပ်မကြိုက်တော့ Smart ကျတာလေးတွေပဲ ရွေးဝတ်ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အတွက် ဖက်ရှင်က အရေးပါသလို လူတိုင်းအတွက် ဖက်ရှင်ကအရေးပါတယ်လို့ ညီမ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်အောင် ဝတ်စား တတ်မှ မြင်ရတဲ့သူတွေရဲ့အမြင်သင့်တော်မှာပါ။ ကိုယ်က ဖက်ရှင်တစ်ခုကို မလိုအပ်ဘူးထင်ရင် တကယ့်ပွဲတွေကျ သူကိုယ်တိုင်ပဲ စိတ်ထဲနေရထိုင်ရ အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။ဖက်ရှင်ဆိုတာ လူတစ်ယောက်နဲ့တစ် ယောက် စကားပြောချိန်မှာလည်း ကဏ္ဍတစ်ခုကနေအရေးပါနေတာကို သတိ ထားမိပါတယ်။

 

မောင်အောင်သက်ဝေ (Mister International Island Myanmar 2018 Winner)

ဖက်ရှင်ကိုသဘောကျပါတယ်ခင်ဗျ။ ဖက်ရှင်က လူတွေရဲ့စိတ်ကို လန်း ဆန်းစေတဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘယ်လိုဖက်ရှင်တွေကို ကြိုက်လဲဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ ရှင်းရှင်းလေးနဲ့ လန်းလန်းလေး ဖြစ်နေမယ့်ပုံစံကို ပိုကြိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကိုလည်း ကြိုက်ပါတယ်။ စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးတယ်။ မြင်ရတဲ့သူလည်း အေးချမ်းတယ် လို့ထင်ပါတယ်။ ဖက်ရှင်ဆိုတာကတော့ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေကြတာပါပဲ။ အဲဒီအပေါ်မှာမှ လူတွေကလိုက်ပြီးပြောင်း လဲကြတယ်။ အခုဆိုရင် ဘောင်းဘီနဲ့ဆို အကွဲဒီဇိုင်းလေးတွေ ခေတ်စားလာ တယ်။ အဲဒီတုန်းကဆို ကျွန်တော်အ မှန်အတိုင်းပြောရရင် အကွဲဒီဇိုင်းတွေကို သိပ်ပြီးတော့ သဘောမကျခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မျက်လုံးထဲမှာ ရှုပ်ထွေးတယ်လို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်လည်း လူငယ်ဘဝ ကိုရောက်လာတဲ့အခါမှာ ဘောင်းဘီအကွဲ ဒီဇိုင်းလေးတွေဆို ကြိုက်လာခဲ့တယ်။ ဒါဟာလည်း ဖက်ရှင်တွေရဲ့ ဆွဲဆောင်မှုတစ်ခုလို့ယူဆပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ပွဲအ​ကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်တော်များ မူအမှားအယွင်းမရှိစေရန်နှင့် ကမ္ဘာ့အလယ်တွင် သာသနာတော် ပိုမိုတောက်ပစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဤပွဲကြီး၏ အောင်ပွဲသက်တမ်းသည် ယခု ၂၀၂၆ ခုနှစ်တွင် နှစ် (၇၀) တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သမိုင်းဝင်ဖြစ်ရပ်ကြီးနှင့် ပတ်သက်၍ လူငယ်မျိုးဆက်သစ်များ သိရှိနိုင်စေရန် မှတ်တမ်းအကျဉ်းကို တင်ပြအပ်ပါသည်။ ၁။...

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀) ခန့် မီးဘေးသင့်ခဲ့ရသော ဖျာပုံမြို့နယ်မှ မီးလေ-ာင်မှု

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀) ခန့် မီးဘေးသင့်ခဲ့ရသော မီးလေ-ာင်မှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ နေအိမ်တစ်လုံးတွင် မီးဖိုခန်းမီးဖို၏ မီးကြွင်းမီးကျန်မှနေအိမ်ထံရံကို မီးကူးစက်ပြီးမီးစတင်လေ-ာင်ကျွမ်းခဲ့ရာ ဖျာပုံခရိုင်မီးသ-တ်စခန်း၊ ကျုံကဒွန်းနယ်မြေမီးသ-တ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသ-တ်ခဲ့ကြ သဖြင့် နံနက် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလေ-ာင်မှုကြောင့် နေအိမ်...

မော်လမြိုင်-ရန်ကုန်သွားကားလမ်းတွင် ခရီးသည်တင်ကားမီးလေ-ာင်ခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်၌ ယနေ့ ဧပြီ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင်ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ မော်လမြိုင်-ရန်ကုန်သွား ပြည်ထောင်စုကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၆/၅ နှင့် ၆၆/၆ ကြားတွင် ခရီးသည်တင်ကား (၁) စီး မီးလေ-ာင်မှုဖြစ်ပွားရာ ဘီးလင်းမြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071