Saturday, January 31, 2026

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...
HomeInterviewsခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း

ခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း

ပြောင်းလဲမှု အရှိန်မြန်နေတဲ့ခေတ်ရေစီးကြောင်းထဲမှာ လူငယ်တွေအတွက် ခေတ်နဲ့အညီ ဝတ်စားဆင်ယင်မှုကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်လာနေပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဖက်ရှင်ဒီဇိုင်းက ဘာတွေဖြစ်မလဲ၊ ဖက်ရှင်ကို လူငယ်တွေ ဘယ်လိုမြင်ကြလဲ၊ ပေါ့ပေါ့ပါးပါးဖက်ရှင်ဒီဇိုင်းတွေကိုရော လူငယ်တွေကြိုက်နှစ်သက်ကြလား၊ ခေတ်ရေစီးကြောင်းမှာစီးမျောနေကြတဲ့ လူငယ်တွေ အတွက်ဖက်ရှင်က ဘယ်လောက်အထိ အရေးပါသလဲဆိုတာတွေကို အနုပညာလမ်းကြောင်းထဲမှာ လျှောက်လှမ်းနေတဲ့ တက်သစ်စလူငယ်အချို့ကို မေးမြန်းပြီး ‘ခေတ်လူငယ်ရဲ့ ခေတ်ဒီဇိုင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

မောင်ဖြိုးထက်အာကာ

ကျွန်တော်ကတော့ ဖက်ရှင်ကို သဘောကျပါတယ်။ ဘယ်လိုဖက်ရှင်လဲ ဆိုတော့ ပေါ့ပေါ့ပါးပါးရှိမယ့်ဖက်ရှင်မျိုး ပိုသဘောကျပါတယ်။ ကိုယ်ကြိုက်တဲ့ ဖက်ရှင်ဒီဇိုင်းက အင်္ကျီပွပွဘောင်းဘီအနေတော်လောက်နဲ့ ရှူးဖိနပ်စီးတာကြိုက် ပါတယ်။ ပွဲတွေသွားရင်တော့ ပွဲနဲ့လိုက်ဖက်မယ့်ဖက်ရှင်မျိုးပေါ့။ အခုခေတ် ဖက်ရှင်ကတော့ အင်္ကျီပွပွဘောင်းဘီကျပ်ကျပ်တွေခေတ်စားနေပါတယ်။ လူငယ် တစ်ယောက်အတွက်ဖက်ရှင်က အရေးပါပါတယ်။ လူတစ်ယောက်မှာ ဖက်ရှင် က လန်းနေမယ်ဆိုရင် အဲဒီလူဟာဘယ်လိုကြည့်ကြည့် ကြည့်ကောင်းပြီး လူ အများအလယ်မှာလည်း ပေါ်လွင်စေပါတယ်။ ဖက်ရှင်လောကကြီးက မြန်မာ နိုင်ငံမှာလည်းခေတ်စားနေပါတယ်။ လူတစ်ယောက်လှပဖို့ဆို ဖက်ရှင်ကလည်း အဓိကကျပါတယ်။ ကျွန်တော်ကတော့ ဖက်ရှင်ဒီဇိုင်းရွေးချယ်မယ်ဆိုရင် အရောင်ကို ကိုယ်နဲ့လိုက်ဖက်လား၊ မလိုက်ဖက်ဘူးလားဆိုတာကို အရင်စဉ်း စားပါတယ်။

 

မချယ်ရီဖြိုး(ဒီဇိုင်နာ)

ညီမကဖက်​ရှင်​ကိုသ​ဘောကျပါတယ်​။ ဘာဖြစ်​လို့လဲဆို​တော့ လူတစ်​​ယောက်​ရဲ့ ဝတ်​စားဆင်​ယင်​မှုဟာလည်း အခု​နောက်​ပိုင်းပိုပြီး အ​ရေးပါလို့ပဲဖြစ်​ပါတယ်​။ ညီမကြိုက်​တဲ့ဖက်​ရှင်​ဒီဇိုင်းကလူတစ်ယောက်ရဲ့အလှကိုဖုံးအုပ်သွားတာမျိုးမဟုတ်ဘဲ လူကိုပိုပြီးပံ့ပိုး​ပေးမယ့်ဖက်​ရှင်​မျိုးကိုပဲသ​ဘောကျပါတယ်​ရှင့်။ ​ပေါ့​ပေါ့ပါးပါးဖက်​ရှင်​​လေး​တွေဝတ်​ရတာလည်း ညီမအနေနဲ့တော့ကြိုက်​ပါတယ်​။ ပွဲတက်​ရင်​​တော့ Short Dress အကားအဝဲ​လေး​တွေဝတ်​ပြီးပွဲတက်​ဖြစ်​ပါတယ်​။ လူငယ်လည်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိစေ တယ်ထင်လို့ပါ။ Creation ဆန်​ဆန်​ဝတ်​စုံမျိုး​တွေကို ခုနောက်ပိုင်းပို​ခေတ်​စားတယ်​လို့မြင်​မိပါတယ်​ရှင့်။ လူငယ်​တစ်​​ယောက်​အတွက်​ ဖက်​ရှင်​က တအား အ​ရေးပါပါတယ်​။ ဖက်​ရှင်​က ကိုယ့်​ ကိုယ်ကိုယ်​ယုံကြည်​မှုရှိ​စေပြီး လှပ​စေ ပါတယ်​။

 

မောင်ငွေဖြိုးအောင် (ဒီဇိုင်နာ)

ကျွန်တော့်အတွက်ကတော့ဖက်ရှင်ကို အဖိုးတန်ရတနာတွေဝတ်ရတာ ထက် ပိုကြိုက်တယ်။ ပိုလို့လည်း ယုံကြည်မှုရှိစေတယ်ဗျ။ Smartကျပြီး သက် သောင့်သက်သာရှိမယ့် ဖက်ရှင်မျိုးကို သဘောကျပါတယ်။ ပွဲတက်ရင်တော့ ပွဲ အခြေအနေပေါ် မူတည်ပြီးဝတ်ဖြစ်ပါတယ်။ လတ်တလောမှာ ရှေးရှေးက မြန်မာဝတ်စုံလေးတွေကို မူလပုံစံမပျက် ပြန်လည်ဆန်းသစ်တာလေးတွေ လုပ်လာကြတာတွေ့ရပါတယ်။ အမြဲတမ်းလည်း ရိုးမသွားတဲ့ဖက်ရှင်တစ်ခု လို့မြင်ပါတယ်။ လူငယ်တစ်ယောက်အတွက် ဖက်ရှင်ကအရမ်းအရေးကြီးပါ တယ်။ ဘာလို့လဲဆိုတော့သူ့ရဲ့ဖက်ရှင်က သူ့ရဲ့ Life ကို ဖော်ညွှန်းတယ် ယုံကြည် မှုရှိစေတယ်။ သူ့ရဲ့ပင်ကိုအလှကို ပံ့ပိုးပေးတာကြောင့်ပါ။

 

မနန်းအေးဝတ်ရည်ဖြိုး (Miss International Island Myanmar 2018 Winner)

ဖက်ရှင်ကိုသဘောကျပါတယ်။ ကြည့်လိုက်တာနဲ့မျက်စိရှင်းပြီျးာမေအ ကျနေတဲ့ ဖက်ရှင်မျိုးကို သဘောကျပါတယ်။ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကိုလည်း ကြိုက်ပါတယ်။ ပွဲတွေသွားရင်တော့ တက်ရောက်ရမယ့်ပွဲပေါ်မူတည်ပြီး လိုက် ဖက်မယ့်ဖက်ရှင်မျိုးဝတ်ဖြစ်ပါတယ်။ အခုခေတ်ကတော့ Korea Fashion တွေ ခေတ်စားတာပေါ့နော်။ ညီမကအတိုအပြတ်ဝတ်ရတာ သိပ်မကြိုက်တော့ Smart ကျတာလေးတွေပဲ ရွေးဝတ်ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အတွက် ဖက်ရှင်က အရေးပါသလို လူတိုင်းအတွက် ဖက်ရှင်ကအရေးပါတယ်လို့ ညီမ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်အောင် ဝတ်စား တတ်မှ မြင်ရတဲ့သူတွေရဲ့အမြင်သင့်တော်မှာပါ။ ကိုယ်က ဖက်ရှင်တစ်ခုကို မလိုအပ်ဘူးထင်ရင် တကယ့်ပွဲတွေကျ သူကိုယ်တိုင်ပဲ စိတ်ထဲနေရထိုင်ရ အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။ဖက်ရှင်ဆိုတာ လူတစ်ယောက်နဲ့တစ် ယောက် စကားပြောချိန်မှာလည်း ကဏ္ဍတစ်ခုကနေအရေးပါနေတာကို သတိ ထားမိပါတယ်။

 

မောင်အောင်သက်ဝေ (Mister International Island Myanmar 2018 Winner)

ဖက်ရှင်ကိုသဘောကျပါတယ်ခင်ဗျ။ ဖက်ရှင်က လူတွေရဲ့စိတ်ကို လန်း ဆန်းစေတဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘယ်လိုဖက်ရှင်တွေကို ကြိုက်လဲဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ ရှင်းရှင်းလေးနဲ့ လန်းလန်းလေး ဖြစ်နေမယ့်ပုံစံကို ပိုကြိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကိုလည်း ကြိုက်ပါတယ်။ စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးတယ်။ မြင်ရတဲ့သူလည်း အေးချမ်းတယ် လို့ထင်ပါတယ်။ ဖက်ရှင်ဆိုတာကတော့ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေကြတာပါပဲ။ အဲဒီအပေါ်မှာမှ လူတွေကလိုက်ပြီးပြောင်း လဲကြတယ်။ အခုဆိုရင် ဘောင်းဘီနဲ့ဆို အကွဲဒီဇိုင်းလေးတွေ ခေတ်စားလာ တယ်။ အဲဒီတုန်းကဆို ကျွန်တော်အ မှန်အတိုင်းပြောရရင် အကွဲဒီဇိုင်းတွေကို သိပ်ပြီးတော့ သဘောမကျခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မျက်လုံးထဲမှာ ရှုပ်ထွေးတယ်လို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်လည်း လူငယ်ဘဝ ကိုရောက်လာတဲ့အခါမှာ ဘောင်းဘီအကွဲ ဒီဇိုင်းလေးတွေဆို ကြိုက်လာခဲ့တယ်။ ဒါဟာလည်း ဖက်ရှင်တွေရဲ့ ဆွဲဆောင်မှုတစ်ခုလို့ယူဆပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။ " ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စား‌ဖို့သောက်ဖို့တော့ကာမိပါတယ်" ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071