Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့မေလ ၂၅ ရက်တွင် ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။
(Week-6) ၏အဖွင့်ပွဲစဉ်အဖြစ် YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရတနာပုံအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
သုဝဏ္ကကွင်း၌ GFA အသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အဆင့် ၉ နေရာမှ ရတနာပုံအသင်းသည် နောက်ဆုံးကစားထားသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ရရှိထားပြီး အဆင့် ၁၁ နေရာမှ ဧရာဝတီယူနိုက်တက်အသင်းက နောက်ဆုံးပွဲတွင်မဟာယူနိုက်တက်အသင်းကို ရှုံးနိမ့်ထားသည်။
ယနေ့ပြန်လည်စတင်ကျင်းပသည့် Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၆) မှစ၍ ပရိသတ်များ၀င်ရောက်ကြည်ရှုခွင့်ပြုခဲ့ရာ လာရောက်အားပေးသူများကိုလည်း တွေ့ခဲ့ရသည်။