Monday, June 9, 2025

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည်...

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကျင်းပသည့်...
HomeNewsLocal Newsဧရာဝတီတိုင်းသည် ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့်အခြေအနေရှိ၍ မြန်မာနိုင်ငံအတွက်...

ဧရာဝတီတိုင်းသည် ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့်အခြေအနေရှိ၍ မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းက တွေ့ဆုံ၍အမှာစကားပြောကြားရာ၌

ဧရာဝတီတိုင်းသည် စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့်တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး ကျေနပ်ဖွယ်ရာကောင်းကာ မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင်ကြိုးစားဆောင်ရွက်ပေးကြစေလိုပြီး ထိုသို့ဆောင်ရွက်စေခြင်းမှာ တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဝင်ငွေများတိုးပွားလာမှုမှအစပြု၍ ဒေသတွင်း နေထိုင်သူများအားလုံး၏ ဝင်ငွေများ ယခင် ထက်တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်းလည်ပတ်သုံးစွဲငွေများပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာနိုင်စေရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

“အထွက်နှုန်းပိုကောင်းပြီး ပြည်ပနိုင်ငံတွေကိုပါ တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံတော်ရဲ့ စီးပွားရေးအားလည်း တိုးတက်ကောင်းမွန်လာမှာပါ နိုင်ငံတော်က အခွန်ငွေတွေပိုရလာနိုင်မှာပါ နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေတွေပိုများလာရင် နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း ပိုမိုဖော်ဆောင်နိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ဒေသတွင်းစီးပွားရေးပိုမိုကောင်းမွန်စေရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများကိုလည်း စည်းကမ်းစနစ်တကျဖြင့် စေတနာထားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့်ပြည်သူများကြားပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ဌာနများဖြစ်၍ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးရမည်ဖြစ်ကာ ပြည်သူ့အကျိုးနှင့်ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံရမည်ဟု မှာကြားသည်။

အစိုးရမှ နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူဖြစ်စေရန်အတွက် လိုအပ်သည့်ဖြည့်ဆည်းပေးမှုများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးထားကာ မိမိတို့ဆောင်ရွက်ပေးသည့် သက်သာ ချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေမည်ဖြစ်၍ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများတွင် ပိုမိုအကျိုးဖြစ်ပေါ်လာစေမည်ကို ယုံကြည်သည်ဟုလည်း ပြောသည်။

ဧရာဝတီတိုင်းသည် ကျောင်းတက်ရောက်သူဦးရေအများဆုံး၊ကျောင်းနေထိုင်မှုနှင့်အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့ကြောင့် ဧရာဝတီတိုင်းအား စိုက်ပျိုးရေးတွင် စံပြဖြစ်အောင်ဆောင်ရွက်စေလိုပြီး အခြားတိုင်းနှင့် ပြည်နယ်များက စံထားအတုယူရသည်အထိ ဖြစ်အောင်ဆောင်ရွက်ကြစေလိုသည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

“မိမိအနေနဲ့လည်း ဧရာဝတီတိုင်းရဲ့ ဆောင်ရွက်ချက်အားလုံးကို အသိအမှတ်ပြုအားပေးပါတယ်၊ဆက်ပြီး ကြိုးစားအားထုတ်သွားကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းရုံးနေရာ၌ တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေ ထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည် နှစ်နိုင်ငံပြည်သူများအတွက် အခွင့်အလမ်းကောင်းများရရှိစေနိုင်မည်

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင်ရှိနေသဖြင့် ယင်းစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်လိမ့်မည်ကို ယုံကြည်သည်ဟု ပြောသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်ရှိ မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071