Tuesday, April 21, 2026

အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတပြော

အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၁ ရက်တွင်ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအ စည်းဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ အာဆီယံနှင့်ပတ်သက်၍...

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့တွေ့ဆုံ  စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရန်ကုန်မြို့နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin တို့ ယနေ့...

စက်သုံးဆီအခက်အခဲ ဆက်လက်ဖြစ်ပွားနေပါက လာမည့်မိုးရာသီတွင် မိုးစပါးစိုက်ဧက...

ဧရာ၀တီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးထွက်ရှိရာဒေသဖြစ်ပြီး နွေစပါးစိုက်ဧက ၃၇ သိန်းကျော်၊ မိုးစပါးစိုက်ဧက ၁၅ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆောင်းစပါးများ...

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုမှ...

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၀၁၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ...
HomeNewsLocal Newsဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့်ရှိနိုင်ပြီး အခြားဒေသများတွင် (၁) ရက်မှ (၂) ရက်ခန့်သာ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် နေ့အပူချိန်များမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး(အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်၊ ချင်း၊ မွန်၊ ရှမ်း(တောင်ပိုင်း)တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက် မြင့်တက်နိုင်ကြောင်း သိရသည်။

မကွေး၊ ပဲခူး(အနောက်ပိုင်း)၊ ကချင်၊ ကယား၊ ရခိုင်နှင့် ရှမ်း (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ပျမ်းမျှအပူချိန်သာ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတပြော

အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၁ ရက်တွင်ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအ စည်းဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ်ပါ အချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားအချက်များကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ လူမှုကွန်ယက်တွင်ဖော်ပြထားသည့် မှားယင်းသော သ တင်းအချက်အလက်များကိုအခြေခံပြီး မိမိတို့အပေါ် ဖိအားပေးလုပ်ဆောင်နေခြင်းများရှိပြီး အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများကပြင်ဆင်လိုကြသည်များလည်းရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့တွေ့ဆုံ  စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရန်ကုန်မြို့နှင့် ဟာဘင်းမြို့တို့ကို ညီအမမြို့များအဖြစ်သတ် မှတ်ဆောင်ရွက်နိုင်မှုအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin တို့ ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံခေါင်းဆောင်များကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှည် ကြာကောင်းမွန်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိမှု၊ နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ဟေလုံကျန်းပြည်နယ်ကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များ ချစ်ကြည် ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ခဲ့မှု၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊...

စက်သုံးဆီအခက်အခဲ ဆက်လက်ဖြစ်ပွားနေပါက လာမည့်မိုးရာသီတွင် မိုးစပါးစိုက်ဧက လျော့နည်းသွားနိုင်သဖြင့် စက်သုံးဆီနှင့် သွင်းအားစုများပါ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနိုင်ရန် တောင်သူများ တောင်းဆို

ဧရာ၀တီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးထွက်ရှိရာဒေသဖြစ်ပြီး နွေစပါးစိုက်ဧက ၃၇ သိန်းကျော်၊ မိုးစပါးစိုက်ဧက ၁၅ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆောင်းစပါးများ ရိတ်သိမ်းနေသည့်ကာလဖြစ်သည်။ စပါးဧကအများစုမှာ ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကာ ကျန်ရှိနေသောစပါးစိုက်ဧကများ ဆက်လက်ရိတ်သိမ်းနေချိန်လည်း ဖြစ်သည်။ ယခင်ဝယ်ယူထားသော ဆီလက်ကျန်ဖြင့်သာ စက်မောင်းပြီး စပါးရိတ်သိမ်းနေရခြင်းဖြစ်ကြောင်းနှင့် လက်ကျန်ဆီမရှိတော့ပါက စပါးဆက်လက်ရိတ်သိမ်းရန် အခက်အခဲများစွာရှိကြောင်း တောင်သူများက ဆိုသည်။ ‘’’’ထောက်ခံစာနဲ့ဝယ်ယူပေမယ့် ရှိတဲ့ဧကအတိုင်း မရောင်းပေးနိုင်ဘူးဖြစ်နေတယ်၊ အဲတော့ အပြင်ကနေ ဆီတစ်ချို့တစ်ဝက် ဝယ်မောင်းရတယ်၊ ဒီတိုင်းဆိုရင် လာမယ့်မိုးစပါးစိုက်မယ့်တောင်သူတွေအနေနဲ့ ဧကနည်းတဲ့တောင်သူတွေ လျော့သွားနိုင်ပါတယ်””ဟု တောင်သူကိုအောင်သူထက်က ပြောပြခဲ့သည်။ ဧရာ၀တီတိုင်းဒေသကြီးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071