ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြု-တ်ကျစေခဲ့သည့် ၂၀၂၄ ခုနှစ်က ကျောင်းသားထုဦးဆောင်သော မငြိမ်သက်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း တက်လာသည့် ရွေးကောက်ခံမဟုတ်သော ကြားဖြတ်အစိုးရသက်တမ်းကာလအပြီးတွင် နိုင်ငံတော်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီလ ပထမလဝက်တွင် ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဝန်ကြီးချုပ်က သောကြောနေ့တွင် ပြောကြားခဲ့သည်။
၎င်း၏ အစိုးရအဖွဲ့ကို ဆန့်ကျင်သော လူများလမ်းပေါ်ထွက်ဆန္ဒပြပွဲများကြောင့် ဟာစီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး သြဂုတ်လမှစတင်ကာ လူဦးရေ ၁၇၃ သန်းခန့်နေထိုင်သော တောင်အာရှနိုင်ငံကို နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်စ်ဦးဆောင်သည့် အစိုးရအဖွဲ့က အုပ်ချုပ်နေသည်။
သို့သော်လည်း ယူနွတ်အစိုးရကိုယ်တိုင်သည်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ပြင်းထန်သော မကျေနပ်ချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုများ၊ အစိုးရဝန်ထမ်းများကို တရားစွဲဆိုခြင်းမရှိဘဲ အလုပ်ထုတ်ပယ်သည့် အမိန့်များနှင့် ပတ်သက်၍ ပြီးခဲ့သည့်လတွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။
“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီးနောက်မှာတော့ နောက်လာမယ့် နိုင်ငံတော်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီလရဲ့ ပထမလဝက် တစ်ရက်ရက်မှာ ကျင်းပသွားပါမယ်လို့ ကျွန်တော်ဒီနေ့မှာ ပြည်သူတွေကို အသိပေးကြေညာပါတယ်” ဟု သောကြနေ့က နိုင်ငံသို့ ပြောကြားသော မိန့်ခွန်းတွင် ယူနွတ်စ်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်သည် သင့်လျော်သည့်အချိန်တွင် ရွေးကောက်ပွဲအစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းသည် မည်သည့် နိုင်ငံရေး ပါတီနှင့်မျှ လက်တွဲမည်မဟုတ်ဘဲ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရန် စိတ်မဝင်စားကြောင်း ယူနွတ်စ်က ပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) အပါအဝင် အတို-က်အခံအုပ်စုများက ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ မကျင်းပပါက လူထုအတွင်း ပြင်းထန်သော နာကြည်းမှုများနှင့် မတည်ငြိမ်မှုများဖြစ်လာနိုင်ကြောင်း သတိပေးကာ ရွေးကောက်ပွဲကို စောစီးစွာကျင်းပပေးရန် တောင်းဆိုနေခဲ့သည်။
၂၀၀၈ ခုနှစ် အကျင့်ပျ-က်ခြစားမှုဆိုင်ရာအမှုမှ ဇန်နဝါရီလတွင် တရားေ-သလွတ်မြောက်လာခဲ့သော BNP ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် လာမည့်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လမ်းပွင့်သွားခဲ့သည်။
ဟာစီနာ၏ အဝါမီလိဂ်ပါတီမှာမူ ပြီးခဲ့သည့်လတွင် ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ကို ဆိုင်းငံ့ခဲ့ခြင်းနှင့်အတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခံထားရသည်။
Ref: စီအင်န်အေ