Saturday, January 31, 2026

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...
HomePopular Academy2018 Academyဦးပေါင်းစင်းနှင့်မြင်းညိုရှင်

ဦးပေါင်းစင်းနှင့်မြင်းညိုရှင်

အိပ်ယာမှ လန့်နိုးလာသည် …။

ဤကဲ့သို့ အိပ်ယာမှ လန့်၍ လန့်၍ နိုးသည့် နံနက်ခင်းပေါင်း တော်တော်များခဲ့ပြီ။ အိပ်ယာမှ နိုး သည်နှင့် ကိုယ်လက်သန့်စင်၊ သွေး ပေါင်ချိန်တိုင်း၊ သွေးကျဆေးသောက် ပြီး အိမ်ရှေ့လမ်းတလျှောက် ထုံးစံ အတိုင်း ခြေလှမ်း ၅ဝဝဝ ကျော် လမ်းလျှောက်လေ့ကျင့်ခန်း မပျက် မကွက် လုပ်ရသည်။ ပြီးတော့ ရေချိုး နံနက်စာစား၊ ကားလမ်းတွေ မပိတ် ဆို့မီ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံသို့ ကမန်းကတန်းပြေးပြေး လွှားလွှား သွားခဲ့ရသည်။ နံနက် ၈ နာရီကျော်လျှင် ရုံးသွား၊ ကျောင်း သွား၊ အလုပ်သွား ကားတွေ များ လွန်းသောကြောင့် ၈ နာရီမထိုးခင် အိမ်က ထွက်နိုင်အောင် အလူးအလဲ ကြိုးစားရသည်။ တစ်ရက်မက။ နှစ် ရက်မက လနှင့်ချီ၍ ကြာခဲ့သည်။ သည်တော့ …အိပ်ယာမှ လန့်၍ နိုးတတ်သည်မှာ အကျင့်ဖြစ်၍ နေ တော့သည်။

ယနေ့နံနက်တွင်လည်း အာရုံ ပင် မကျင်းသေး၊ ထုံးစံအတိုင်း အိပ် ယာက လန့်နိုးသည်။ နိုးလာသည်နှင့် ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံသို့ သွား ရန် အိပ်ယာပေါ်မှာ ဆတ်ခနဲ ထိုင် လိုက်မိသည်။ သို့သော် အားလုံး ပြီး ခဲ့လေပြီ။ သွားရန် မလိုတော့ပါ ချေ …။

၂ဝ၁၈ ခုနှစ် ရုံတင်ပြသပြီး ရုပ် ရှင်ကားပေါင်း ၈၃ ကားကို ကြည့်ခဲ့ ပြီးပြီ။ ထိုကားများထဲမှ ၂၅ အားကို ရွေးချယ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ကြည့်ရှုခဲ့ကြပြီးပြီ။ အမှတ်ပေးကြရန် လုပ်ငန်းသာ ကျန်တော့သည်။

ကျန်အကဲဖြတ် အဖွဲ့ဝင်တွေ သည်လည်း မောင်ကျောက်ခဲကဲ့သို့ ပင် နေမထိ ထိုင်မသာဖြစ်ကြရှာလိမ့် မည် ထင်သည်။ နံနက် မိုးလင်းသည် နှင့် အိမ်မှ စောစောထွက်၊ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ရုပ်ရှင်ရုံ သို့သွားကြ၊ နံနက်စာစား၊ တစ်နေ့ ရုပ်ရှင်နှစ်ကား ကြည့်ရှု အကဲဖြတ် ပေးခဲ့ကြရသည်။ တစ်ရက်ပြီး တစ် ရက် တစ်နေ့ပြီး တစ်နေ့ ဒီမျက်နှာ၊ ဒီလူတွေနှင့် တွေ့၊ စကားတွေပြော ကြ။ အတူတကွ စားသောက်ကြ၊ အတူတကွ ရုပ်ရှင်ကြည့်ကြရသော အခါ တစ်ဦးနှင့်တစ်ဦး သံယောဇဉ် မဖြစ်ဘဲ မနေနိုင်ကြတော့။ အသက် ၈ဝ ကျော် ၉ဝ နီးပါး ရုပ်ရှင်အတတ် ပညာရှင် အနုပညာရှင်ကြီးများ ပါ ဝင်နေသလို ကျန်းမာရေး ဒေါင်ဒေါင် မြည်မဟုတ်သော်လည်း အားခဲ၍ အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ် ကားများကို အကဲဖြတ်ပေးနေကြသူ များလည်း ပါဝင်သည်။ ထိုသူတို့ ကျန်းမာရေးအတွက် အချင်းချင်း ဆေးဝါးအကူအညီ ပေးနေကြသည် ကိုလည်း တွေ့ရသည်။ ကိုယ့်အိမ်မှ စားစရာ၊ ငါးပိချက်၊ တို့စရာ၊ သရက် သီး၊ တမာချဉ်၊ ငှက်ပျောသီး စသည် ဖြင့် ယူလာပြီး မျှဝေစားသောက်ကြ သည်ကိုလည်း တွေ့ရသည်။

အကဲဖြတ်အဖွဲ့ဝင်ပေါင်း လေး ဆယ်ဝန်းကျင်ရှိပြီး အားလုံးလိုလို မပျက်မကွက်လာလေ့ရှိကြသည်။ အချို့သာရေး၊ နာရေးကိစ္စများကို အားနာပါးနာ မျက်နှာလွှဲပြီး ရုပ်ရှင် ကားပေါင်းများစွာကို အကဲဖြတ်ကြည့် ရှုပေးကြရသည်။ လူကြမ်းမင်းသား ကိုဌေးဝင်း၊ မင်းစိန်၊ ဒါရိုက်တာ ဦး ခင်ဇော် ..စသည့် ခင်မင်သူတို့၏ နောက်ဆုံးခရီးကိုပင်လျှင် မောင် ကျောက်ခဲ မနှုတ်ဆက်နိုင်တော့။ ရုပ် ရှင်တွေ ကြည့်နေခြင်းဖြင့်သာ အချိန် တွေ ရွေ့လျားသွားသည်။ ဝါသနာပါ သော စာပေဟောပြောပွဲအချို့ကို လည်း လက်လွှတ်လိုက်ရလေသည် …။ ဘာတတ်နိုင်ပါတော့မည်နည်း …။

အခုတော့ ပြီးသွားချေပြီ ..။

ရုပ်ရှင်ကားပေါင်းများစွာကို အထပ်ထပ်ကြည့်ရှုပြီး အကဲဖြတ် အမှတ်စာရင်းများ ပေးရတော့မည်။ မိမိတို့ ပေးလိုသော မဲများ အလဟ ဿမဖြစ်အောင် (တစ်နည်းအားဖြင့် မဲတွေ မပြန့်အောင်) အဖွဲ့ဝင်တစ်ဦး နှင့် တစ်ဦး ဆွေးနွေးမှု ပြုလုပ်ခွင့် ပေးထားသည်။ အားလုံး မပြီးမီ တစ် ပတ် ဆယ်ရက်ခန့်အလို အကဲဖြတ် ပညာရှင်များ ပွင့်ပွင့်လင်းလင်း ဆွေး နွေးကြသည်။ ညှိနှိုင်းကြသည်။ သို့ သော် တစ်စုံတစ်ဦးအတွက် စည်းရုံး မှုမျိုးကိုတော့ လုပ်ခွင့်မရှိ၊ အကဲဖြတ် အဖွဲ့ဝင် အတတ်ပညာရှင်၊ အနု ပညာရှင်များအနေဖြင့် ဤရုပ်ရှင် လောကကြီးတွင် အနည်းဆုံး နှစ် ပေါင်း ၃ဝ၊ ၄ဝ အချို့ ၅ဝ၊ ၆ဝ နီး ပါး ကျင်လည်လာကြသူများ ဖြစ်ကြ သည်။ အတွေ့အကြုံပေါင်းများစွာ ကြုံလာခဲ့ကြသူများ ဖြစ်ကြသည်။ နှလုံးသား ရှိသလို ဦးနှောက်လည်း ရှိသူများ ဖြစ်ကြသည်။ ကျကျနန ဆွေးနွေးကြပြီး မျှမျှတတ ဆုံးဖြတ်၍ လှလှပပ အဖြေပေါ်ပေါက်လာလိမ့် မည်ဟု မောင်ကျောက်ခဲ မျှော်လင့် နေမိသည်။

အကဲဖြတ်အဖွဲ့ဝင်များအဖြစ် ဘာကြောင့် ဝါရင့်သက်ကြီးရွယ်အို များကို ရွေးချယ်ထားပါသနည်းဟု မေးလာပါမူ တက်သစ်စ ရုပ်ရှင်လူ ငယ်များ၊ မအားလပ်သောကြောင့်ဟု သာ ဖြေရပါမည်။ လူငယ်လူရွယ် တော်တော်များများက အလုပ်တွေ မအားလပ်ကြသူများ၊ အကဲဖြတ် မည့် ရုပ်ရှင်ကားများတွင် ပါဝင်နေ ကြသူများ များစွာ ပါဝင်နေကြသည်။ အချို့သော လူရွယ်အနုပညာရှင်၊ အတတ်ပညာရှင်များက အဆဲခံရမှာ ကြောက်ပြီး ခေါင်းရှောင်ကြသည်။ ဝါရင့်အသက်ကြီးပညာသည်များက တော့ ဆဲတော့မှ ဆဲကြစေ ရုပ်ရှင်၏ အရိပ်ကို နားခိုခဲ့ကြရသော ကျေးဇူး ကို ဆပ်ရန် အကဲဖြတ်အဖွဲ့ဝင်များ အဖြစ် တာဝန်ယူလိုက်ကြခြင်း ဖြစ် လေသည်။

သည်နှစ်ကျမှ ရုပ်ရှင်လောက သားများ ခေါင်းချင်းဆိုင် အစည်း အဝေးများ ပြုလုပ်ပြီး တပင်တပန်း ရေးသားထားသော ထူးချွန်ဆုပေး စံ ချိန်စံညွှန်း လက်စွဲစာအုပ် ထွက်ပေါ် လာသည့်အတွက် ထူးချွန်ဆုနှင့် ပတ် သက်ပြီး မျက်နှာလိုက်၍ မရအောင်၊ လာဘ်ပေးလာဘ်ယူလုပ်၍ မရ အောင် စည်းကမ်းချက်များ ပါဝင်နေ သည်။ တစ်ဦးကောင်းတစ်ယောက် ကောင်း အမှတ်ပေး၍ မရ၊ အများက ဝိုင်းဝန်း၍ ဆုံးဖြတ်ရသော စနစ်မျိုး ဖြစ်သောကြောင့် သတင်းပေါက်ကြား ရန် ခက်ခဲသည့်နည်းတူ လာဘ်ပေး လာဘ်ယူရန်လည်း အလွန်ခက်ခဲလှ သည်။

အားလုံးပြီးသွားပါပြီ။

အားလုံး ပြီးသွားသော်လည်း အကဲဖြတ်အဖွဲ့ဝင်များ၏ ရင်ထဲတွင် သံယောဇဉ် အစို့အညှောင့်လေးများ ကျန်ရစ်ခဲ့ဖွယ် ရှိပါသည်။ အချင်း ချင်း ပြောကြ ဆိုကြ၊ စားသောက်ကြ၊ တွတ်ထိုးကြ၊ အငြင်းပွားလိုက်ကြ နေကြသည့်အချိန်ကာလတစ်ခုကို သူတို့ အလွယ်တကူ မေ့ပစ်၍ရမည် မထင်။

မောင်ကျောက်ခဲသည်ပင်လျှင် နံနက် အိပ်ယာထသည်နှင့် ရင်ထဲမှာ ဟာတာတာ ဖြစ်လျက်ရှိလေသည်။ ၈ဝ ကျော် အဘိုးကြီးတွေရော နေမှ နေတတ်ကြပါ့မလား။ ခါတိုင်းလို အဖော်အပေါင်းတွေနဲ့ မတွေ့ကြရပြီ မို့ ချောင်းတဟွတ်ဟွတ် တသမ်းသမ်း တဝေဝေ ဖြစ်များ နေကြမည်လား။ ၇ဝ ကျော်တွေကရော မည်သို့ ရှိကြ မည်နည်း။ သားသမီး မြေးတွေနှင့် စားရင်း သောက်ရင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံရှေ့ ထမင်းစားဖော် စားဖက်များကို သတိ ရနေကြလေမည်လား။

ဒီဂျစ်တယ်ခေတ်ရောက်လာပြီ မို့ ဖလင်ခေတ်က အဘိုးကြီးတွေ အဘွားကြီးတွေ သုံးမရတော့ဘူးတဲ့ လား။ သူတို့ အတွေ့အကြုံ၊ သူတို့ ဆည်းပူခဲ့သည့် ပညာတွေက အံမဝင် ခွင်မကျတော့ဘူးတဲ့လား။ မေးသူက မေးပေလိမ့်မည်။ မောင်ကျောက်ခဲက တော့ သည်သို့ မထင်ပါ။ နှစ်ပေါင်း ၃ဝ၊ ၄ဝ၊ ၅ဝ ကျော် လေ့လာဆည်း ပူးခဲ့သော သူတို့ ရုပ်ရှင်ပညာနှင့် သူတို့၏ အတွေ့အကြုံက တန်ဖိုးရှိ နေဆဲဖြစ်ပါသည်။ သူတို့၏ အကဲ ဖြတ်မှုက အမှန်တရားနှင့် နီးစပ်ပါ လိမ့်မည်။ လောဘတွေ၊ ဒေါသတွေ၊ မာနတွေဟာ လူ့လောကကြီးအတွက် အကျိုးမဲ့တရားတွေပဲ ဟူ၍ သိနိုင် ကြသော သူတို့အရွယ်ကိုက အလိုလို တန်ဖိုးရှိနေပါသည်။ လောဘ ဒေါသ မာနကင်းသော၊ ချစ်ခြင်း၊ မုန်းခြင်း ကြောက်ရွံ့ခြင်း မရှိသော ထိုသူတို့ထံ မှ အမှတ်စာရင်းများကို မောင် ကျောက်ခဲ စောင့်ဆိုင်းနေပါသည်။

မကြာမီ အဖြေပေါ်ပါလိမ့်မည်။

“ရုပ်ရှင် ဝါရင့်သက်ကြီးအတတ် ပညာရှင်၊ အနုပညာရှင်ကြီးများ သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ပါစေ …”

ကြည်စိုးထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071