ဦးမေတ္တာ ရဲ့ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အလှူအဖြစ်အလှူအတန်းများပြုလုပ်ခဲ့တဲ့ ဇနီးဖြစ်သူဒေါ်လွင်မီမီကို

ဒေါ်လွင်မီမီကိုမှ ဦးမေတ္တာရဲ့ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အနေနဲ့ ဂျလန်းကျွန်းဆရာတော်ကိုပင့်ဖိတ်ပြီး အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့တဲ့အပြင် ကြက်ဆီထမင်း များလည်းဝေငှပေးခဲ့ပါတယ်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်လွင်မီမီကိုက
” ဦးမေတ္တာ ရဲ့ တစ်နှစ်ပြည့်အလှူအဖြစ် ဂျလန်းကျွန်းဆရာတော်ကို ပင့်ဖိတ်ပြီးအာရုံဆွမ်းကပ်လှူပြီး အိမ်နီးနားချင်းတွေကို ကြက်ဆီထမင်းကျွေးပြီး စျေးထဲမှာလည်း ကြက်ဆီထမင်းလိုက်ဝေတယ် ဦးမေတ္တာအတွက်ရည်စူးပြီးအလှူအတန်းတွေ အမြဲတမ်းလုပ်ဖြစ်တယ် ” လို့ပြောပါတယ်။
လွန်ခဲ့သော ၁ နှစ်က ဦးမေတ္တာဟာ ကိုဗစ်ကြောင့်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

