နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်ကာ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များအတွင်းနေထိုင်သူများမှာ မိုးစွေကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်ရလျက်ရှိကာ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းမှ စက်တင်ဘာ ၃၀ ရက်ကတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံပြီးနောက် တာဝန်ရှိသူများအား ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ သဘာဝဘေးကျရောက်ပါက ဘေးကင်းစေရန်ကူညီကယ်ဆယ်ရေးနည်းလမ်းများကို အသိပညာပေးဆောင်ရွက်ရန်၊ ရေဝင်ရောက်မှုဖြစ်ပွား၍ ဝက်ပျ-က်ဝမ်းလျှောရောဂါများမဖြစ်ပွားရေးအတွက် ကျန်းမာရေးဌာနမှလိုအပ်သည်များဆောင်ရွက်ရန်၊ သဘာဝဘေးဒ-ဏ်ခံနိုင်ရေးအတွက် သစ်ပင်များနှင့် နှစ်ရှည်ပင်များတိုးချဲ့စိုက်ပျိုးရန်တို့ကိုမှာကြားပြီး ရေဘေးသင့်အိမ်ထောင်စုများအား ဆန်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းမှ မိုးစွေကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်ပြီး ကျေးရွာအတွင်းရေဝင်ရောက်မှု၊ ကျေးရွာချောင်းကူးတံတားရေစီးဆင်းမှု၊ နေအိမ်များအတွင်းရေဝင်ရောက်နေမှုနှင့် ကျေးရွာချင်းဆက်ကျောက်ချောမြေသားလမ်းရေတို-က်စားနေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
