Tuesday, May 5, 2026

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...
HomeArticlesဥကၠ႒ရဲ့ ဒုကၡ...

ဥကၠ႒ရဲ့ ဒုကၡ…

အဖွဲ့အစည်း တော်တော်များများ တွင် မောင်ကျောက်ခဲတစ် ယောက် ဥက္ကဋ္ဌရာထူး မကြာခဏ ထမ်းဆောင်ခဲ့ရဖူးသည်။ အသက်အ ရွယ် ကြီးရင့်လာတော့ တစ်စတစ်စ ‘နာယက’ ဘဝ ရောက်လာသည်။ နာယကပဲဖြစ်ဖြစ်၊ ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ ဘယ်နေရာမှ လုပ်ချင်စရာမကောင်း သော ရာထူးဖြစ်ကြသည်ဟု ဆိုပါက ‘မောင်ကျောက်ခဲ’ကို အများတကာ နှာခေါင်းရှုံ့ အပြစ်တင်ကြလိမ့်မည် ထင်ပါ၏။ ကြည့်ပါဦး နာယက ဂုဏ် ၆ ပါးတဲ့။ ထကြွနိုးကြား၊ သနား သည်းခံ၊ ဝေဖန်ထောက်ရှု ဤ ၆ ခု တဲ့။

(၁) ထထကြွကြွရှိရမည်။ (အသက်က ဂိန်းမောဆိုက်နေပြီ၊ အဘယ်မှာလျှင် ထထကြွကြွ ရှိနိုင်ပါတော့မည်နည်း)

(၂) နိုးနိုးကြားကြားရှိရမည်။ (ည ခေါင်းချလိုက်လျှင် တခေါခေါနှင့် ဘာမှမသိတော့တဲ့အရွယ်)

(၃) သနားကြင်နာတတ်ရမည်။ (လူ တိုင်းအပေါ် သနားကြင်နာတတ်ဖို့ ဆိုသည်မှာ အပြောသာလွယ်၍ တကယ်ကျင့်သုံးရသောအခါ အလိုက်မသိတတ်သော သူများ ကြောင့် သနားစိတ်မှ ဒေါသစိတ်သို့ မကြာမကြာ ပြောင်းလဲသွားတတ် သည်ကို ဝန်ခံရဦးမည်)

(၄) သည်းခံရမည်။ (သြော် သည်းခံ သည်းခံ သည်းခံ။ အိမ်မှ ထွက်ပြီဆို ကတည်းက သည်းခံစိတ် ကြီးကြီးမား မား မွေးမြူ၍ ထွက်တတ်သော် လည်း လူသွားလမ်း ကားသွားလမ်း ပေါ်တွင် လမ်းပိတ် မတ်တပ်ရပ်၊ စက်ဘီးရပ်၊ ဆိုင်ကယ်ရပ်၊ မော်တော် ကားရပ် ပိတ်ဆို့တတ်သူများ၊ အမှိုက် ကို ပစ်ချင်သလို ပစ်သွားတတ်သူ များ၊ ကွမ်းတံထွေးများ စည်းမဲ့ကမ်း မဲ့ ထွေးသွားတတ်သူများ၊ ကျော်ခွ မောင်းနေသော တက္ကစီကား၊ ကိုယ် ပိုင်ကားများ၊ အနိုင်ကျင့် မောင်းနှင် တတ်သော YBS ဘတ်စ်ကားကြီးများ ကြောင့် သည်းခံလိုစိတ်သည် ပရုပ် လုံးသဖွယ် တစ်စတစ်စ ပါးလာသည်။ လိုရာအရပ်သို့ ရောက်သည့်အခါ သည်းခံစိတ်က အိမ်မြှောင်ဥလောက် ပင် မကြီးမားချေတော့)

(၅) ဝေဖန်မှု (ဖေ့စ်ဘွတ်ခ်ပေါ် ဆိုရှယ်မီဒီယာကြီး ပေါ်ထွန်းလာ သောအခါ မောင်ကျောက်ခဲတို့၏ မြန်မာအမျိုးသားကောင်း တော် တော်များများသည် အဆဲသန်သူများ ဖြစ်ကြောင်း ဗဟုသုတ ရမိပါ၏။ အဆဲသန်သူတို့၏ အဆဲမခံရအောင် ဝေဖန်မှုပြုရန် မဝံ့ပါချေ။ ကာတွန်း တင်အောင်နီ၏ ကိုပြာလောင် ကာ တွန်းထဲက သရော်ကွက်လေးကို သတိရမိပါ၏။ ဘာတဲ့ ”ကျွန်တော် ဘာမှလည်း မပြောရပါလားခင်ဗျာ” ဟု တောင်းပန်သူကို ”ဟင် အဲဒီလို ဘာမှပြန်မပြောတာ နည်းတဲ့အပြစ် လားကွ”ဆိုသည့် ကာတွန်းသရော် ကွက်ကို သတိရစရာ ဖြစ်ပါလေ၏။

(၆) ထောက်ရှုခြင်းမပြုရန် (မှားလျှင် ထောက်ပြရန်နှင့် အကောင်းဘက်သို့ ရောက်အောင် ပြင်ဆင်ပေးရန် ဖြစ် သော်လည်း ဒီခေတ်မှာ လူတော် လူ တတ်တွေက အလွန်များ၏။ မောင် ကျောက်ခဲသည် ထိုဆရာကြီးများ၏ ပညာကို မကျော်ရဲ၊ ခပ်ရို့ရို့လေးသာ နေရပါ၏။

ဒီတော့ အဘယ်မှာလျှင် နာယ ကဂုဏ်၊ ဥက္ကဋ္ဌဂုဏ်နှင့်ပြည့်အောင် နေတတ်ပါအံ့နည်း။ ဂုဏ်မြောက် သော ဥက္ကဋ္ဌအင်္ဂါရပ်နှင့် မောင် ကျောက်ခဲတစ်ယောက် ပြည့်စုံသူမ ဟုတ်၊ ဥက္ကဋ္ဌအင်္ဂါရပ်နှင့် ပြည့်စုံသည် ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ မောင် ကျောက်ခဲတစ်ယောက် အများဆန္ဒ ဖြင့် ရုပ်ရှင်ထူးချွန်ဆုအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်သို့ ယောင်တိယောင်ကန်းဖြင့် ရောက်လာရှာခဲ့ရလေပြီ။ ထို ဥက္ကဋ္ဌ ကြီး၏ဘဝကို တစေ့တစောင်း ကြည့် ကြကုန်အံ့။ မောင်ကျောက်ခဲ၏ အနီး ကပ် ဧကရီ မဂွမ်းပုံကတော့ မောင် ကျောက်ခဲကို ”ရှင်မို့ မကြောက်မရွံ့ လုပ်ရဲပါပေ့တော်”ဟု ချီးမွမ်းရှာ၏။ ”ဟ ဥက္ကဋ္ဌ လုပ်တာပဲ။ ဘာကြောက် ရမှာလဲကွ”။ ”အမယ်လေး နှစ်တိုင်း နှစ်တိုင်း အဆဲခံရတဲ့ နေရာလေ”တဲ့။ အားပေးလိုက်ပုံများ။

”အို မှန်မှန်ကန်ကန်လုပ်ရင် ဆဲ ကြမှာ မဟုတ်ပါဘူးကွာ”ဟု တုန်ရီ သောအသံဖြင့် မောင်ကျောက်ခဲခမျာ တုန့်ပြန်ခဲ့ရပါလေသည်။ တကယ် တော့ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ် အဖွဲ့ကို ဖွဲ့စည်းရသည်မှာ လွယ်လှ သည်တော့မဟုတ်။ မဂွမ်းပုံ ပြောသ လို နှစ်တိုင်း အဆဲခံရသော နေရာ မျိုးကို ဘယ်သူကောင့်သားမှ မလုပ် ချင်၊ ခေါင်းရှောင်ချင်ကြသူများ၏။ ”ထိုင်နေအကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ”ဆိုသော စကားပုံရှိ သည်မဟုတ်ပါလား။

သို့သော် လွန်ခဲ့သော သုံးနှစ်မှ စ၍ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပလေ့ရှိသော မြန်မာ့ရုပ် ရှင် ထူးချွန်ဆုပေးပွဲကြီးကို မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးက လွှဲပြောင်း ရယူခဲ့ပြီး ရုပ်ရှင်လောကသားများ ကိုယ်တိုင်က ကိုယ့်လောကသားများ ကို မှန်မှန်ကန်ကန် ထိုက်ထိုက်တန် တန် ဆုပေးရန် ကြိုးပမ်းလာခဲ့ကြ သည်။ အကဲဖြတ် အဖွဲ့ဝင်များကို ပြင်ပပုဂ္ဂိုလ်များ မပါဝင်စေဘဲ ရုပ် ရှင်ပညာရပ်နှင့် ရုပ်ရှင်အနုပညာကို နားလည်သော ပုဂ္ဂိုလ်များကို အကဲ ဖြတ်အဖွဲ့ဝင်များအဖြစ် နေရာပေး လာခြင်း ဖြစ်လေသည်။
ဆဲမှသာ ဆဲကြစေတော့။ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် အဂတိတရားလေးပါး ကင်းကင်းရှင်း ရှင်းဖြင့် ကိုယ့်လောကသားကို ကိုယ် ကိုယ်တိုင် ဆုံးဖြတ်အမှတ်ပေး ဆု ရွေးကြမည်ဟု သန္နိဌာန်ချကာ ပါဝင် လှုပ်ရှားလာကြရသည်။ နှစ်စဉ် နှစ် တိုင်း ပျော့ကွက်၊ ဟာကွက်များ ရှိတတ်သောကြောင့် ထိုပျော့ကွက်၊ ဟာကွက်များကို ရှာဖွေကာ ဆုချီးမြှင့် စည်းကမ်းသတ်မှတ်ချက်များကို မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ် ဆောင်၊ ဓာတ်ပုံ၊ အသံ၊ တည်းဖြတ် အစရှိသော သက်ဆိုင်ရာ ပညာရှင် အသီးသီး ငြင်းကြခုန်ကြ အော်ဟစ် ကြနှင့်စည်းမျဉ်းစည်းကမ်းများကို ဆွဲ နိုင်ခဲ့ကြသည်။

အကဲဖြတ်အဖွဲ့ဝင်များကို ရွေး ကြသောအခါ ပထမအဆင့်အဖြစ် သက်ဆိုင်ရာအဖွဲ့မှ ဝါရင့်၊ သမ္ဘာရင့်၊ ပညာရှင်များကို အနည်းဆုံး တစ် ဖွဲ့လျှင် ၅ ယောက် ရွေးချယ်ပေးကြရ ၏။ ထိုသူများသည် လက်ရှိ ၂ဝ၁၈ ခုနှစ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် ဆောင်ရွက်သူ ပညာရှင်များ မဖြစ် ကြရပါ။ (ချွင်းချက်အနေဖြင့် ရွေး ချယ်ရေးအဖွဲ့ဝင် ရှားပါးမှုကြောင့် ပထမအဆင့်တွင် ပါဝင်နိုင်သော် လည်း ဒုတိယအဆင့်တွင် ¤င်းနှင့် သက်ဆိုင်သော ရုပ်ရှင်ကား ဆန်ခါ တင် ပါဝင်လျှင် နှုတ်ထွက်ပေးကြရ မည်ဖြစ်ပါသည်။ ထိုအဆင့်တွင် နောက်ထပ် ဝါရင့်အသက်ကြီး ပညာ ရှင် ၁ဝ ဦးခန့် ထပ်မံအင်အားဖြည့် အကဲဖြတ်ကြမည်ဖြစ်ပါသည်။)

အမှတ်ပေးပုံပေးနည်းစနစ်ကို လည်း အမှတ်ပေးစေသည့် စည်းမျဉ်း ကို ရေးဆွဲထားကြသည်။ မောင် ကျောက်ခဲသည် ထိုစည်းမျဉ်းစည်း ကမ်းများ အားကိုးဖြင့် အဖွဲ့သားများ က ထိုးတင်လိုက်သော ဥက္ကဋ္ဌနေရာ ကို ရခဲ့လေသည်။

ဥက္ကဋ္ဌဘဝ ရောက်ပြီဆိုကတည်း က နံနက်အိပ်ယာအစောကြီး ထရ လေပြီ။ နံနက်တိုင်း လမ်းလျှောက် သော အကျင့်ကို ဖျက်၍မဖြစ်။ အခါတိုင်းလို နံနက် ၆ နာရီခွဲ ၇ နာရီမှထ၍ လမ်းလျှောက်၍မရ။ နံ နက် ငါးနာရီလောက်ထ၍ လမ်း လျှောက်ရသည်။ သို့မှသာ နံနက် ၈ နာရီမထိုးမီ ၇ နာရီခွဲလောက် အိမ် မှ ထွက်ရသည်။ ၈ နာရီမှ ထွက်လျှင် ကားတွေ အလွန်ကြပ်သည်။ သနား သည်းခံဆိုသော အကြီးအကဲ ကျင့် ဝတ်ကို မည်သည့်နည်းနှင့်မျှ လိုက် နာနိုင်မည်မဟုတ်။ ဒေါသတွေ ဖောင်းပွမည်အမှန်။ ကဲ စောစောထ၊ စောစောသွား၊ အဖွဲ့ဝင် ၄ဝ နှင့်အတူ တစ်နေကုန် နံနက်ရုပ်ရှင်တစ်ကား၊ နေ့ခင်း ရုပ်ရှင်တစ်ကား ကြည့်ပေး ရသည်။ ကောင်းသော ရုပ်ရှင်ကား ကို ကြည့်ရလျှင် ကျေနပ်စရာဖြစ် သော်လည်း မကောင်းသော ရုပ်ရှင် ကားများ ကြည့်ရသည့်အခါ ဒေါသ တွေ အလိပ်အလိပ် တက်လာသည်။ ထွက်ပြေးလို့လည်းမရ၊ ငုတ်တုတ် ထိုင်ကြည့်ရင်း ”မင်းတို့ပိုက်ဆံ ဒီ လောက်မက်ရလားကွာ”။ ”ပရိသတ် အတွက် ဘာကောင်းကျိုးများ ပေး ကြလို့လဲကွာ”ဟုတွေးကာ ကြက်ခြေ ခတ်ရသည်။ တစ်ခါတစ်ခါ (တော် တော်များများ)အဖွဲ့ဝင်များ တိုင်ပင် မထားကြဘဲ တညီတညွှတ်တည်း ကြက်ခြေခတ်ပစ်လိုက်သော ရုပ်ရှင် ကားများကို တွေ့ရသည်။ ကောင်း လေစွ၊ ဒါက သမ္ဘာနဲ့ ပညာပါပဲ။

သို့သော် အချို့ရုပ်ရှင်ကားများ တွင် အဖွဲ့ဝင် ၄ဝ တွင် ၃ဝ က မကြိုက်။ ၁ဝ ဦးက ကြိုက်သော ရုပ် ရှင်ဇာတ်ကားမျိုးတွေ၊ ၂၅ က ကြိုက်၊ ၁၅ ကမကြိုက်သော ရုပ်ရှင်ကားမျိုး လည်း ရှိ၏။ ထိုရုပ်ရှင်ကားများနှင့် ပတ်သက်၍ မောင်ကျောက်ခဲတို့ အကဲဖြတ်အဖွဲ့ဝင်များ လက်သီး လက်မောင်းတန်း၍ ငြင်းကြ၊ ခုန်ကြ ဖြစ်ကြဦးမည်။ တွေးရင်း တွေးရင်း ဥက္ကဋ္ဌ ရင်လေးနေမိသည်။ အားလုံး ကလည်း သူ့ပညာနှင့်သူ၊ သူ့သမ္ဘာနှင့် သူ။

မည်သို့ပင်ဖြစ်စေ အမှန်ဆုံးနှင့် အကောင်းဆုံး ဆုံးဖြတ်ချက်၊ အကဲ ဖြတ်ချက်ကိုတော့ ရနိုင်မည်ဟု မောင်ကျောက်ခဲမျှော်လင့်ထားသည်။ နေ့စဉ် နေ့တိုင်းလိုလို အမှတ်စာရင်း များကို ကြေညာပေးရင်း ချစ်သူမရှိ၊ မုန်းသူမရှိ၊ ကြောက်ရမည့် သူမရှိ၊ ဝါသမ္ဘာရင့်နှင့် ဆုံးဖြတ်နိုင်သော ပညာဖြင့် အကောင်းဆုံး ရွေးချယ် ပေးကြပါဟု မောင်ကျောက်ခဲ အမြဲ မေတ္တာရပ်ခံတတ်လေသည်။ အဂတိ တရားလေးပါး လွတ်ဖို့ပါပဲ။

အားလုံးကတော့ ကိုယ့်ကိုယ် ပိုင် အလုပ်တွေ ကိုယ်မှန်မှန်မလုပ်နိုင် ကြဘဲ ရုပ်ရှင်နှစ်ကား ကြည့်နေရ သော မောင်ကျောက်ခဲတို့ဘဝက လူမှုရေးကိစ္စများလည်း တာဝန်မကျေ နိုင်ကြ (ကိုဌေးဝင်းကြီး ဈာပနာ၊ မင်း စိန်ဈာပနာ လိုက်မပို့နိုင်ခဲ့တော့) ရုပ်ရှင် ၈၃ ကားကို အကြိတ်အနယ် ကြည့်နေကြရသည်။ ဒုတိယအဆင့် ကို ဘယ်နှစ်ကား တက်ဦးမည်မသိ။ အနည်းဆုံး ၁ဝ ကား အောက်ထစ် တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရ သည်။ ကောင်းမွန်သော ရုပ်ရှင်ကား တွေ များလာသောနှစ်မို့ ကား ၂ဝ နီးပါး ဒုတိယအဆင့် တက်သွားနိုင် သည်။

ဒုတိယအဆင့် ရုပ်ရှင်ကားများ ကို ကိုယ့်ကိုယ်ပိုင်အလုပ်များကို ပစ် ကာ လူမှုရေးများကို ကျောခိုင်းကာ ထပ်တလဲလဲ ရုပ်ရှင်ကား ကြည့်ရဦး မည်။ နံနက်အစောကြီး အိမ်မှထွက်၊ ညနေမိုးချုပ်မှ အိမ်သို့ပြန်ရောက်လာ တတ်သော ဥက္ကဋ္ဌကြီး မောင်ကျောက် ခဲကို မဂွမ်းပုံကကြည့်ရင်း စုတ်တ သတ်သတ် ညည်းရှာ၏။

”သြော် ဥက္ကဋ္ဌရဲ့ ဒုက္ခ . . . ဥက္ကဋ္ဌရဲ့ ဒုက္ခ”တဲ့။

(နေရာအသီးသီးမှ ဥက္ကဋ္ဌ အပေါင်း ဒုက္ခများမှ လွတ်ကင်းကြပါ စေသော်) ကြည်စိုးထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071