Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeArticlesအရုပ်

အရုပ်

သဇင်တွေ ပျော်မြူးတဲ့ရာသီနေ မင်းအလည်လာတဲ့ နေ့သစ်တံခါး ဖွင့်ချိန် ကမ္ဘာ့တစ်နေ့ထဲက တစ်နေ့ လို့ ခေါ်ဆိုသောနေ့ သို့မဟုတ် ကျွန်တော်တို့လူသားတွေ တစ်နေ့လို့ သတ်မှတ်ထားတဲ့နေ့၊ သွားလေရာပါ တဲ့ အိမ်မြှောင်တစ်ကောင်ရယ်၊ ကျွန် တော်ရယ်၊ ကပ်ပါးလေးတစ် ကောင် ရယ်၊ ပေါ့ပေါ့ပါးပါး လမ်းလျှောက် ထွက်ခဲ့၊ ဘာလုပ်နေလဲ၊ ဘာလုပ်မှာ လဲလို့ အော်အော်နေတဲ့ခေါင်းကို ခဏရှင်းပြီး ပင်လယ်ရဲ့ရနံ့တွေကို ရှူ ရှိုက်ပစ်လိုက်တယ်။

”ဟား လတ်ဆတ်လိုက်ပါဘိ”

”ဘဝမှာ တစ်ခါတစ်ရံ အရာ အားလုံးကို လွှတ်ချကြည့်ရတာ လောက် လွတ်လပ်ပေါ့ပါးတာ ရှိမလား”

ကြည့်စမ်း အိမ်မြှောင်က အ လိုက်တသိပဲ သန္တာန်ကို မီးပူထိုး ပေးတယ်။ ကပ်ပါးက ခေါက်ရိုးချိုး ပေးတော့ တောင်တောင်အီအီ စဉ်း စားမနေဘဲ ကျွန်တော် ဟစ်အော်ပစ် လိုက်တယ်။

လမ်းဘေးဝဲယာက အုန်းပင် တွေ ဒေါသတကြီး တုံ့ပြန်နေသ လောက် ကျွန်တော့်မျက်လုံးတွေက မျက်တွင်း ဟောက်ပက်ကနေ တစ်စုံ တစ်ခုကို စူးစူးရဲရဲမြင်တယ်။ ခေါင်း ပါ၊ ခြေပါ၊ ကိုယ်ပါ၊ လက်ပါ၊ အဝတ် အစားပါ ပြုံးရယ်နေတဲ့ အရုပ်၊ ဟုတ် တယ် အရုပ်တစ်ရုပ်၊ သေသေချာချာ ပြောရရင် ပလတ်စတစ်အရုပ်ပိုပြီး တိတိကျကျပြောရရင် သက်မဲ့ပလတ်စ တစ် အရုပ်တစ်ရုပ်။ ”ကြည့်စမ်း သူ သူပြုံးနေပါလား”။ ဟုတ်တယ် ဝင်းလက်တဲ့ အကြည့်နဲ့ သူပြုံး နေတယ်။ ကျွန်တော့်မျက်ဝန်းတွေ မခွာနိုင် လောက်အောင်ပြုံးနေ တယ်။ ဘာမှ မပြင်ဆင်ရသေး ခင်မှာ အိမ်မြှောင်က စုတ်ထိုးတယ်။ ကပ်ပါးက လှစ်ခနဲ ခုန်ချပြေးလွှားပြီး အရုပ်ကို ကျွန်တော့်လက်ထဲ အရောက်ပို့တယ်။ အနီးကပ်စိုက် ကြည့်မှ အရုပ်ရဲ့အပြုံးဟာ ပိုတောက် လာသလို ခံစားမိတယ်။ နောက် တစ်ခုခုကို ခံစားမိသလား၊ ကျွန်တော့် လက်တွေ ထုံကျဉ် ကိုက်ခဲလာတယ်။ ဖျတ်ခနဲ လွှင့်ပစ်ဆဲမှာ အရုပ်က ကျွန်တော့်လက်ကို လှမ်းဆွဲလိုက် တယ်။ မဟုတ်ဘူး ဖမ်း ဆွဲလိုက် တယ်လို့ ကျွန်တော်ခံစားရတယ်။ ”ဘုရား ဘုရား” ကပ်ပါးက တိုးတိုး လေးပြောတယ်။ နောက် အိမ်မြှောင် ရယ်၊ ကပ်ပါးရယ်၊ ကျွန်တော်ရယ် အရုပ်လမ်းဟောင်းအတိုင်း ပြန် လျှောက်ခဲ့ကြတယ်။

မရွှင်မပျဖြစ်နေတဲ့ ကစားဝိုင်း မှာ အရုပ်တွေ တစ်ရုပ်ပြီးတစ်ရုပ် လဲကျတယ်။ ”ပွမ်န်းဆိုတာ စတေး ခံဘဝကွ”ဆိုတဲ့ စကားလုံးတွေကို အထပ်ထပ်ကြားတယ်။ အထပ်ထပ် အခါခါ မုန်းတယ်။ ရေခဲရိုက်ထားတဲ့ ဖဲကလေးတစ်ချပ်နဲ့ သည်အိမ်ထဲမှာ အရုပ်ရောက်လာတဲ့ နေ့ကစပြီး ရန် ပွဲတွေ ငြိမ်းလာတယ်။ အရုပ်ကို မြင် ကတည်းက ဟောက်ပက်ဖြစ်နေတဲ့ ကျွန်တော့်မျက်လုံးတွေ ပိုပြီးမည်း နက် ချိုင့်ဝင်လာတယ်။ ကပ်ပါးက ဂနာမငြိမ်ပုံစံနဲ့ ”ဒါဟာ ဒါဟာ အဆိုးဆုံးပဲလား”လို့ မတိုးမကျယ် ရေရွတ်လို့ ”ဘုရားရှင်တွေ မရှိတော့ ကတည်းက အဖြူ မဖြစ်ခဲ့တာပါကွာ” တဲ့။ စုတ်ကလေး တသပ်သပ်ထိုးရင်း အိမ်မြှောင်ကပြောရဲ့။

မနေ့ကအထိ မမွှေးသေးတဲ့ ပန်းတွေ၊မွှေးခွင့်မရှိတဲ့ ပန်းတွေ၊ အို မပွင့်ရသေး ပွင့်ခွင့်မရှိတဲ့ ပန်းတွေ၊ မီးအိမ်တွေ၊ ဆီကုန်ခန်းတဲ့ ခရီးမှာ ဝံပုလွေတွေ အမဲလိုက်တိုင်း သွေး ထွက်သံယို ဖြစ်ခဲ့တာတွေ၊ အမဲလိုက် ခွေးတွေ ကျားတွေ၊ ဆင်တွေ ”သွားကြ၊ သွားကြ င့ါအနားကို မလာ နဲ့ သွားကြ” အစွမ်းကုန် အော်ဟစ် သလောက် အသံတွေဟာ လည်ပင်းဝ မှာ ပူလောင်ပြင်းပြ တစ်ဆို့နေတယ်။ ”ဆောင်းတွင်းအိပ်မက် ကယောက် ကယက်”တဲ့။ အဲဒီလို မိမဆုံးမ၊ ဖမဆုံးမ မက်နိုင်လွန်းတဲ့ ဆောင်း အိပ်မက်များ နေ့စဉ်တီးမှုတ် ကခုန် နေကြ၊ သစ္စာတွေနဲ့ ကျွန်တော်ရယ်၊ အိမ်မြှောင်ရယ်၊ ကပ်ပါးရယ်၊ အရုပ် ရယ်၊ လောကသား ပီသတဲ့ လောက သားတွေထဲကနေ သင်္ချာတွေ တွက် ကြည့်ကြရဲ့။ လူတစ်ဦး အလည်လာ တယ်။ ကစားဝိုင်းမှာ ပြုံးပျော်နေတဲ့ အရုပ်ကိုကောက် ကိုင်ကြည့်ရဲ့ ”မလုပ်နဲ့မလုပ်” ကျွန်တော့် စကားသံ တွေ မဆုံးသေးခင် ထိုလူဟာ ပြုံးရယ် တဲ့ မျက်နှာနဲ့ အိမ်ထဲက ထွက်သွားရဲ့။ ထိုလူ့ကျောပြင်ကို ကြည့်ရင်း ကျော ထဲမှာ စိမ့်လို့ ”အလို အကြောက် တရားတွေပါလား” ဘယ်အချိန် ကတည်းက ဝင်နေခဲ့မှန်းမသိတဲ့ အ ကြောက်တရားတွေ အကြောက် တရားတွေ။ အဲဒီညက ကျွန်တော့်ကို တစ္ဆေခြောက်တယ်။ လမ်းထဲ တွေ့သ မျှလူတွေ ထူးခြား၊ အိမ်တိုင်း၊ ရပ် ကွက်တိုင်း၊ မြို့ရွာတိုင်း၊ တိုင်းအ နှံ့၊ ပြည်အနှံ့ ထူးခြား။ ကျွန်တော် အိမ် ကို အထိတ်တလန့်ပြန်ခဲ့မိ။ အရုပ်ကို ရှာရမယ်။ အရုပ်ဟုတ်တယ် အရုပ် ”ဘုရားရေ ထင်တဲ့အတိုင်းပါလား” အရုပ်ဟာထူးထူးခြားခြားပြုံးနေ တယ်။ ကပ်ပါးကို ကြည့်တော့ လည်း ပြုံးနေတယ်။ အိမ်မြှောင်လည်း ပြုံး နေတယ်။ အရုပ်ကိုကြည့်ရင်း ကြည့် ရင်း ကျွန်တော်ရွံလာတယ်။ ပြီးတော့ ကြောက်ရွံ့လာတယ်။ သူ့ရဲ့ ပင်ကို နေရာကို ပို့ဖို့ဆုံးဖြတ်လိုက်တယ်။

”ငြိမ်းချမ်းပွင့်လင်းသော လူ့ အဖွဲ့အစည်းကို ထူထောင်ကြပါစို့” စာသင်ခန်းထဲမှာ၊ ဓမ္မကျောင်းတွေ မှာ၊ ဆိုင်းဘုတ်တွေအောက်မှာ၊ စားပွဲတွေပေါ်မှာ ကြည့်စမ်း ကြည့် စမ်း ကျွန်တော်လွှင့်ပစ်ခဲ့တဲ့ အရုပ် ရောက်နေတယ်။

အောင်သင်းမိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071