Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeInterviewsအနုပညာရှင်များရဲ့ အချစ်ရေးကို သူတို့ပရိသတ်တွေရဲ့အမြင်

အနုပညာရှင်များရဲ့ အချစ်ရေးကို သူတို့ပရိသတ်တွေရဲ့အမြင်

ခုတလော ပရိတ်သတ်တွေကြား မှာဟော့ဖြစ်နေတဲ့ အဓိကအကြောင်း အရာကတော့ အနုပညာရှင်တွေရဲ့ အချစ်ရေးပဲဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးတွေကို သူတို့ကိုချစ်ကြတဲ့ ပရိသတ်တွေက အလွန်စိတ်ဝင်စားနေကြပြီး သူတို့တွေ အဆင်ပြေရင် ထပ်တူပျော်နေကြသ လို သူတို့တွေအဆင်မပြေဖြစ်ကြရင် စိတ်မကောင်းတာတွေ အလိုမကျတာ တွေလည်း ထပ်တူခံစားကြပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ အနု ပညာရှင်တွေရဲ့အချစ်ရေးနဲ့ အိမ် ထောင်ရေးတွေကို သူတို့ပရိသတ်တွေ ဘယ်လိုထင်မြင်ယူဆကြလည်း၊ ဘယ်လိုအကြံတွေ ပေးချင်ကြလဲဆို တာကို ”အနုပညာရှင်များရဲ့ အချစ် ရေးကို သူတို့ပရိသတ်တွေရဲ့အမြင်”ဆိုတဲ့ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြပေး လိုက်ရပါတယ်။

သတိုးဆွေ
( second year mechanical )
ကျွန်တော့ အမြင်ကတော့ အိမ် ထောင်တစ်ခု ပြိုကွဲတယ်ဆိုတာက တော့ သဘောထားချင်း မတိုက်ဆိုင် လို့ ကွဲကြတာပဲလေ။ ဒါကြောင့် နှစ် ယောက်တစ်ဘဝကို ထူထောင်ကြ တော့မယ်ဆိုရင် မယူခင်ထဲက သေ ချာ စဉ်းစားသင့်ပါတယ်။ အနုပညာ ရှင်တွေဆိုတော့ ပိုဆိုးတာပေါ့။ လူ တွေက အာရုံအပြည့် စိုက်နေကြတာ။ တစ်ခုခုဆို သူတို့က ဖုံးဖို့ဖိဖို့ သိပ်မ လွယ်ဘူးလေ။ ယူပြီးမှ ကွဲကြကွာကြ တာကတော့ ဘာပဲပြောပြော မ ကောင်းဘူးလေ။ ကလေးတွေရှိရင် လည်း သူတို့ မျက်နှာထောက်ထားပြီး တော့ ပြန်ပေါင်းသင့်ပါတယ်။ အခု မချမ်းချမ်းတို့ ဆိုရင်လည်း ဘယ် သူ မှားတယ်၊ မှန်တယ်ဆိုတာထက် ပြို လဲသွားရင် နှစ်ယောက်လုံး နစ်နာ တာပါပဲ။ အပြစ်မရှိတဲ့ ကလေးက ကြားခံ ဖြစ်ရတာပေါ့။ နောင်လည်း ဘယ်သူ့ကိုမှ အဲ့လိုအဖြစ်မျိုး မကြုံ စေချင်ပါဘူး။

မန်းခိုင်မင်းထွန်း
(MRTV-Radio) တိုင်းရင်းသားဘာသာ
အနုပညာရှင်တွေရဲ့ အိမ် ထောင်ရေးနဲ့ အချစ်ရေးကို ဘယ်လို မြင်လဲဆိုတော့ နားလည်မှုတစ်ခုလို့ ယူဆပါတယ်။ တစ်ယောက်နဲ့ တစ် ယောက် အတွေးအမြင် မတူတာတို့ အယူအဆ မတူတာတို့ အိမ်ထောင် ရေး အကျပ်အတည်းဖြစ်တာတို့ ပြီးတော့ အိမ်ထောင် တစ်ခုမှာ မတူညီတဲ့ ဘဝနစ်ခုကို ပေါင်းစပ်ပြီး တစ်ဘဝ တစ်ထပ်ဖြစ်အောင် ဖန်တီး ယူရတဲ့အတွက် နားလည်မှုခွင့်လွတ် မှု သည်းခံမှု ယုံကြည်မှု အဲဒီအခြေခံ တွေ ခိုင်ခိုင်မာမာ မရှိဘူးဆိုရင် အိမ် ထောင်ရေး ဖောက်ပြန်မှုတို့ ကွာရှင်း ပြတ်စဲတဲ့အထိ ဖြစ်ကောင်းဖြစ် နိုင် ပါတယ်။ အိမ်ထောင်တစ်ခုကို ထူ ထောင်ပြီးဆိုမှ သာယာ ပျော်ရွှင်မှု ရှိအောင် ဖန်တီးယူရမှာက ယောက် ကျားမှာလဲ တာဝန်ရှိသလို မိန်းမမှာ လဲ တာဝန်ရှိပါတယ်လို့ ယူဆပါ တယ်။

ချိုမေ
(ရန်ကုန်)( company staff )
အိမ်ထောင်တစ်ခုမှာ နားလည်မှု ရှိဖို့လိုပါတယ်။ ကိုယ်တွေက ဘေးက လူတွေဖြစ်လို့ အတွင်းရေးတွေကို သေချာမသိနိုင်ပါဘူး။ ဒါပေမဲ့ ဘယ် အိမ်ထောင်ရေးပဲဖြစ်ဖြစ် အနုပညာ ရှင်မှမဟုတ်ပါဘူး။ နားလည်မှုနဲ့ ရှေ့ဆက်စေချင်ပါတယ်။ သဝန်တို တယ်ဆိုတာက မိန်းကလေးတိုင်းမှာ မွေးရာပါဗီဇလေ။ ဒါပေမဲ့ ကိုယ့်ရဲ့ မိသားစုအခြေအနေနဲ့ မပြိုကွဲစေဖို့ဆို ဘယ်လိုမှ ကွဲကြဖို့မဖြစ်ဘူးဆိုရင် သေချာပါတယ်။ သည်းခံရမှာပေါ့။ အနုပညာရှင်တွေဆိုတော့ တစ် ယောက်နဲ့တစ်ယောက် ပိုပြီးနားလည် မှုရှိရမှာပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် စာနာနားလည်မှုတွေနဲ့ ရှေ့ဆက် သွားစေချင်ပါတယ်။

လွန်းခေမံ
( First year physics )
အိမ်ထောင်တစ်ခုမှာ အဓိကကျ တာတော့ တစ်ယောက်အပေါ် တစ် ယောက် သစ္စာရှိဖို့လိုပါတယ်။ သစ္စာ မရှိရင်အနုပညာရှင်မှ မဟုတ်ဘူး။ ဘယ်သူမဆိုပြသနာတွေရှိလာနိုင်မှာ ပါ။ တစ်ဖက်သတ် နားလည်ပေးဖို့ ဆိုတာသိပ်ခက်ခဲပါတယ်။ တကယ် ချစ်လို့ယူခဲ့ကြပြီးပြီပဲ မကွဲစေချင်ဘူး သစ္စာရှိဖို့က အရေးကြီးတယ်။ အ များဆုံးကတော့ ဖောက်ပြန်လို့ ဝေး သွားကြတာပဲ။ ဘာပဲဖြစ်ဖြစ် အိမ် ထောင်တစ်ခုထူထောင်ခဲ့ပြီးပြီပဲဆိုးအတူ ကောင်းအတူ နှစ်ယောက်ရင် ဆိုင်စေချင်တယ်။ မပြိုကွဲစေချင်ဘူး။ တကယ်လို့ ပြိုကွဲသွားပြီ ဆိုရင်လည်း အားငယ်မနေဘဲ ဘဝကိုအားအပြည့် နဲ့ ရှေ့ဆက်ပါလို့ ပြောချင်ပါတယ်။

မေသူထက်
( ဒုတိယနှစ် မြန်မာစာ )
အိမ်ထောင်တစ်ခုတည်ဆောက် ရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်ယုံကြည်ဖို့နဲ့ သစ္စာရှိဖို့တော့ လိုတာပေါ့။ အဲ့တာတွေမရှိတဲ့ အိမ် ထောင်ဆိုရင်တော့ ကွဲမှာပဲ။ အဓိက ကွဲရတဲ့အကြောင်းအရင်းကတော့ ဖောက်ပြန်တာပေါ့။ ဖောက်ပြန်တယ် ဆိုတာမှာယောက်ျား တွေကို ချည်းဘဲ ပြောချင်တာမဟုတ်ပါဘူး။ တချို့ကျ တော့လည်း မြင်နေရတာတွေက မိန်း ကလေးဖက်က တအားချုပ်ချယ်လွန်း တဲ့ အခြေအနေမျိုးမှာ ယောက်ျားလေး တွေမှာ အရမ်း စိတ်ပင်ပန်းရတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့က အောင်မြင် လာရင် ဝန်းရံသူတွေများလာရော။ အဲဒီအခါမှာ စိတ်ယိုင်တာမျိုး ဖြစ် သွားတတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်အိမ်ထောင်ဘက် ချစ်သူကို နားလည်အောင် ရှင်းပြပြီး ရှေ့ဆက် စေချင်တယ်။ မဖြစ်သာတော့လို့ လမ်းခွဲလိုက်ကြရင်လည်း သူမရှိလို့ စိတ်ဓာတ်ကျမနေပါနဲ့ ကိုယ့်အပေါ် သစ္စာမရှိတဲ့ သူအပေါ်ဘာမှလွမ်း ဆွတ်နေမယ့် အစား ကိုယ့်အားကိုယ် ကိုးပြီး အောင်မြင်သည် ထက်အောင် မြင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

စန္ဒာ
(Internews)
အိမ်ထောင်ရေး ပြိုကွဲမှုဆိုတာ က အနုပညာရှင်မှ မဟုတ်ပါဘူး အနုပညာရှင် မဟုတ်တဲ့ သာမန်လူ တွေမှာလည်း ရှိနေတဲ့ကိစ္စပါ။ ဒါပေ မဲ့ အနုပညာရှင် ဆိုတာမျိုးက လူအ များ စိတ်ဝင်စားမှု ခံရတဲ့ လူတန်းစား ဖြစ်တဲ့အခါ သူတို့ရဲ့ တွဲတာကွဲတာ တွေက ပိုသိသာ ထင်ရှားတာမျိုး ဖြစ် နေတယ်။ တချို့ပရိသတ်တွေက အနုပညာရှင်တွေကို ငိသူ အနေနဲ့ ထားတာမျိုးတွေရှိတယ်။ ပရိသတ် ဘက်ကကြည့်ရင် ကိုယ်သဘောကျတဲ့ အနုပညာရှင်က စင်းလုံးချော ကောင်းမနေရင်တောင်မှ အပြစ် အနာအဆာနည်းတဲ့သူကို ပိုနှစ်သက် ကြတာပဲလေ။ အဲ့ဒီတော့ အနုပညာ ရှင်မှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ရဲ့ အိမ်ထောင်ရေးလူမှုရေး ပြသနာတွေကို စိတ်ခံစားမှုအရ လူသိ ရှင်ကြားလုပ်တာမျိုးတော့ သဘော မကျဘူး။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071