Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsအနုပညာကို သေတဲ့အထိလုပ်သွားတော့မယ်လို့ ကတိပေးလိုက်သူအကယ်ဒမီသီဟတင်စိုး

အနုပညာကို သေတဲ့အထိလုပ်သွားတော့မယ်လို့ ကတိပေးလိုက်သူအကယ်ဒမီသီဟတင်စိုး


အကယ်ဒမီ သီဟတင်စိုးဟာ သူတို့အိမ်က အိမ်အကူဖြစ်သူ ဒေါ် ခင်မာမြင့်ရဲ့ လီဆယ်တိုင်တန်းခြင်း ကို ခံခဲ့ရပြီးနောက် အပြစ်ကျူးလွန် ခြင်း တစ်စုံတစ်ရာ မရှိတာကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့ပါ တယ်။ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့ အတွက် အကယ်ဒမီ သီဟတင်စိုး ဟာ ဖမ်းဆီးခြင်းကိုလည်း မခံယူခဲ့ဘဲ မိမိဘာသာ တိတ်တဆိတ်နေထိုင်ရင်း ဖြတ်သန်းနေခဲ့ပါတယ်။ အကယ်ဒမီ သီဟတင်စိုးဟာ ပြစ်မှုကျူးလွန်ခဲ့ ခြင်းမရှိတာကို အစောပိုင်းကတည်း က ပြည်သူလူထုတွေအားလုံး သိရှိ ခဲ့ပြီးသားဖြစ်ခဲ့ပေမယ့်လည်း တရား စွဲဆိုခံထားရခြင်းကြောင့် တရားဥပ ဒေရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးစီး တဲ့အထိ တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်ပါ တယ်။

သြဂုတ် ၂၄ ရက်နေ့ နေ့ခင်း ပိုင်းမှာတော့ အကယ်ဒမီသီဟတင်စိုး ဟာ သူလေးစားတန်ဖိုးထားရတဲ့ မီဒီ ယာတွေနဲ့ ရန်ကုန်မြို့ရှိ တော်ဝင်နှင်း ဆီစားသောက်ဆိုင်ရဲ့ သီးသန့် ခန်း မှာ တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းကုန်စင် ကို ပြောပြဖြေကြားသွားပေးခဲ့တဲ့ အပြင် မီဒီယာတွေကိုလည်း အမှုဖြစ် ခါစက ရှောင်နေခဲ့ရခြင်း အကျိုးအ ကြောင်းတွေကို ပြောပြပြီး တောင်း ပန်စကား ဆိုသွားခဲ့ပါတယ်။ ဒီတစ် ခေါက်ဖြစ်စဉ်ဟာ သူ့ရဲ့ အသက် ၅ဝ အရွယ်ရောက်ချိန်မှာ ရလိုက်တဲ့ အကြီးမားဆုံး သင်ခန်းစာကြီးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း တင်စားဆိုခဲ့ပါ တယ်။ အိမ်အကူတောင် မခေါ်ရဲ လောက်အောင်ဖြစ်ခဲ့ပြီး အိမ်အကူ ဆိုတဲ့ အသံကြားရုံနဲ့ မိုင်းဗုံးတွေ အပေါ်ဖင်ခုထိုင်နေရသလို ခံစား ချက်မျိုးလည်း ဝင်နေခဲ့ရပြီလို့ ဖွင့်ဟ သွားခဲ့ပါတယ်။

အရာအားလုံးပြီးဆုံးသွားချိန် မှာတော့ အကယ်ဒမီ သီဟတင်စိုး ဟာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီလို့ မီဒီ ယာတွေကနေ အသိပေးလိုက်ပါ တယ်။ အကယ်ဒမီ သီဟတင်စိုး ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို တစိုက်မတ်မတ် မရိုက်ကူးဖြစ်တာ ၅ နှစ်ကျော်ကာလကို ရောက်ရှိနေခဲ့ ပေမယ့်လည်း သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း အားနာရမယ့် သူ တွေရဲ့ ဇာတ်ကားတွေမှာတော့ ကြိုး ကြားကြိုးကြား ပါဝင်ရိုက်ကူး ဖြစ် နေခဲ့ပါတယ်။ နှလုံးရောဂါဝေဒနာကို ထိုင်းနိုင်ငံမှာ သွားရောက်ကုသပြီး အသက်ဆက်ထားရတဲ့ အကယ်ဒမီ သီဟတင်စိုးဟာ ရိုက်ကွင်းပေါ် ရောက်ရင်တော့ ထုံးစံအတိုင်း ဖိုက် တင်ခန်းတွေကို တစ်နေ့လုံး မနား တမ်းဖိုက်နေကျမို့ ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးစဉ်ကတောင် ထိုင်းဒါရိုက် တာက ကိုသီဟ နှလုံးဝေဒနာရှိတဲ့ အတွက် ခင်ဗျားနှလုံးအဆင်ပြေရဲ့ လား၊ အဆင်ပြေရဲ့လားလို့ ခဏခဏ မေးခဲ့ရတဲ့ အထိပါပဲ။

“ကျွန်တော် အခု ခံစားချက်တွေ သိပ်ပြင်းပြနေပြီဗျ။ အခုခေတ်ရုပ် ရှင်တိုးတက်မှု အနေအထားနဲ့ ကျွန် တော်ပြန်ဝင်ရင်လည်း ကောင်းမယ် လို့ ထင်တယ်။ အရင်တုန်းကဆိုရင်ဗျာ ကျွန်တော့်ရဲ့ မိခင်ထုတ်လုပ်ရေး ခင် စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေး အ တွက် ရုပ်ရှင်ဇာတ်ကားတွေ ကောင်း ဖို့ အောင်မြင်ဖို့ဆိုတဲ့ စိတ်ပဲရှိခဲ့တာဗျ။ အခုကျတော့ အဲဒီစိတ်တွေမရှိတော့ ဘူး။ ကျွန်တော့်ရဲ့ အနုပညာကို ပြန် လည်ထုတ်ပြချင်တယ်။ ကျွန်တော် တို့ ရုပ်ရှင်လောကက ညီတွေညီမတွေ နဲ့ အလုပ်တွေ တွဲလုပ်ချင်တယ်။ ဒီ လူတွေ ကောင်းဖို့အတွက် ကျွန်တော် ပြန်ကြည့်ရတော့မယ်။ အနုပညာအရ ဘာလုပ်ပေးနိုင်မလဲ သူတို့တွေကို ပေါ့။ ပိုက်ဆံရတာ မရတာ ကျွန် တော့် အလုပ်မဟုတ်တော့ဘူးဗျ” လို့ အကယ်ဒမီ သီဟတင်စိုးက ပြောပါ တယ်။

အကယ်ဒမီ သီဟတင်စိုးဟာ ငရဲသား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ် ဒမီဆုတွေ ရရှိခဲ့သလို အဲဒီ ငရဲသား ရုပ်ရှင်ဇာတ်ကားဟာလည်း အစိုးရ ဆီကနေ ပိုက်ဆံ ငါးသိန်းနဲ့ နောက် ဆုံးရခဲ့တဲ့ ရုပ်ရှင်ဖလင်ပဲလို့ ဆိုပါ တယ်။

“အစိုးရ ဖလင်ပေါ့၊ ပြောရရင် တစ်ကားလုံးစာအတွက် ငွေငါးသိန်း နဲ့ ရခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ငရဲသားကို ရိုက်ကူးဖြစ်ခဲ့တာဖြစ် တယ်။ ငရဲသား ၂ တွေ ဘာတွေ ဆက်ရိုက်ဖို့တော့ အစီအစဉ် မရှိဘူး ဗျ” လို့ အကယ်ဒမီ သီဟတင်စိုးက ဆိုပါတယ်။
အနုပညာလောကထဲကို ပြန် လည်ဝင်ရောက်လာတော့မှာဖြစ်ပေ မယ့်လည်း အကယ်ဒမီလူမင်းနဲ့ တော့ ဇာတ်ကားတွေတွဲရိုက်ဖို့ အစီ အစဉ် မရှိပါဘူးလို့ အကယ်ဒမီ သီဟ တင်စိုးက ယတိပြတ်ဆိုလိုက်ပါ တယ်။

“ဘာကြောင့် မရိုက်လဲ ဆိုတော့ ကျွန်တော့်မှာ အကြောင်းအရာလေး တွေ ရှိခဲ့လို့ပါ။ ကျွန်တော်သူနဲ့ ရိုက် ခဲ့ဖူးပါတယ်။ အရင်တုန်းက ကျွန် တော့် အမေကိုယ်တိုင်က တစ်ကား ရိုက်ပေးဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါ ပေမဲ့ ကျွန်တော်မရိုက်ကူးခဲ့ပါဘူး။ ငွေရေးကြေးရေး ပိုရရင်ရလိမ့်မယ်။ အနုပညာအရမှာတော့ ကျွန်တော် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအပါ အဝင် ကျွန်တော်သတ်မှတ်ထားတာတွေရှိခဲ့တဲ့အတွက် ကျွန်တော် မရိုက် ကူးပါဘူး” လို့ အကယ်ဒမီသီဟတင်စိုး က ပြောပြပေးပါတယ်။

သတင်း၊

ဓာတ်ပုံ- ထက်လူ

Ads Space Available


Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071