Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeCelebrities' Newsအနုပညာကို ဝါသနာပါပေမယ့် ပညာရေးဘက်ကိုပဲ...

အနုပညာကို ဝါသနာပါပေမယ့် ပညာရေးဘက်ကိုပဲ ဦးစားပေးနေတဲ့စံထိပ်ထားဦး


စံထိပ်ထားဦးက အသက်ငယ်ရွယ်ပေမယ့်လည်း မိဘအပေါ် သိတတ်နား လည်သူလေးပါ။ မိခင်ဖြစ်သူ ခိုင်သင်းကြည်ရဲ့ မွေးနေ့မှာလည်း ကြော်ငြာရိုက် ကူးတုန်းက ရရှိတဲ့ အနုပညာကြေးကို စုပြီး မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့ပါ တယ်။ စံထိပ်ထားဦးက အရင်ကလည်း မိခင်အတွက် အနုပညာကြေးတွေနဲ့ အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးလေ့ရှိပါတယ်။ အမေဖြစ်သူက အနုပညာအလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး သူ့ကို ထောက်ပံ့ပေး နေတာဖြစ်တဲ့အတွက် အမြဲတမ်းပျော်ရွှင်နေစေချင်တယ်လို့လည်း စံထိပ် ထားဦးက ဆိုပါတယ်။

”မေမေ့ကို ထိပ်ထိပ်ပျော်ပဲ ပျော်စေချင်တယ်။ မေမေက ထိပ်ထိပ် အတွက်လည်း အများကြီး ပင်ပန်းခဲ့ပြီးသွားပြီ။ ရုပ်ရှင်ရိုက်လို့ရှိရင် နေပူထဲမှာ ရိုက်ရတာ တအားပင်ပန်းတယ်။ အပူဖုတွေတောင် ထတယ်။ ပုဂံမှာရိုက်ရတာ တအားပူတာ။ ဆက်တင်ဆင်ထား တဲ့နေရာက နေပူကျဲတဲထဲမှာ ဆင်ထားတာဆိုတော့ တအားပူ တယ်။ မေမေ့မှာ ယပ်တောင်ပဲ အမြဲခတ်နေရတာ။ မေမေ ထိပ်ထိပ်အတွက် ပိုက်ဆံရှာနေရတာ တော်တော်လေး ပင်ပန်း တယ်။ သနားတောင် သနားတယ်။ တစ်ခါတလေကျရင် မလုပ်ပါနဲ့တော့လို့ပြောရင် မလုပ်ရင် နင့်ကို ဘယ်လိုကျောင်း ထားမလဲတဲ့။ မေမေတင် မဟုတ်ပါဘူး ဖေဖေလည်း အရမ်း ကြိုးစားပါတယ်” လို့ သူ့အတွက် မိဘနှစ်ပါးစလုံးက ကြိုး စားနေကြတဲ့အကြောင်း ပြောပြပါတယ်။ စံထိပ်ထားဦးက သရုပ်ဆောင်ရတာကို ဝါသနာပါသူပါ။ ရုပ်ရှင်ဇာတ်ကား တွေ ရိုက်ကူးဖို့ လာကမ်းလှမ်းတာတွေရှိပေမယ့်လည်း ကျောင်းစာတစ်ဖက်နဲ့မို့ ဇာတ်ကားရိုက်ကူးဖို့ လောလော ဆယ်မှာ အစီအစဉ်မရှိသေးပါဘူး။ ”ထိပ်ထိပ်လည်း ကျောင်းစာရှိသေးတော့ အခု လောလောဆယ်မှာတော့ မရိုက်ချင်သေးပါဘူး။ စာမှာ လည်း မအောင်မြင်၊ အနုပညာမှာလည်း မအောင်မြင်ဆိုရင် မကောင်းဘူးလေ။ စာကတော့ ကိုယ့်ရဲ့ရှေ့ရေး အတွက် သေချာတယ်။ အနုပညာမှာက မေမေပြောဖူးတယ်။ ကံ၊ဥာဏ်၊ စန်း၊ ဝီရိယလိုတယ်။ ဒီ ၄ ခု ပြည့်မှ အောင်မြင် တဲ့အနုပညာရှင်ဖြစ်မယ်လို့ ပြောတယ်။ အဲဒီ ၄ ခုထဲက တစ်ခုခုလိုနေရင် မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်တာက စာပဲဆို တော့ စာကိုပဲ အရင်လုပ်နေပါတယ်” လို့ စံထိပ်ထားဦးက ပြောပါတယ်။

 

ခိုင်ဝေလွင်

Ads Space Available


Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071