ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ သား(၂,၅၂၅)ဦးကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
