Sunday, June 14, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...
HomeInternationalအွန်လိုင်းမှာ တစ်နှစ်ကြာတွဲခဲ့တဲ့ ရည်းစားက...

အွန်လိုင်းမှာ တစ်နှစ်ကြာတွဲခဲ့တဲ့ ရည်းစားက သူငယ်ချင်းရဲ့မိန်းမဖြစ်နေ

မြန်မာနိုင်ငံမှာ ဖရဲသီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးဟာ သူနဲ့ အွန်လိုင်းပေါ်မှာ တစ်နှစ်ကြာတွဲခဲ့တဲ့ ရည်းစားက သူငယ်ချင်းရဲ့မိန်းမ ဖြစ်နေပြီး သူ့ဆီကနေ ငွေလိမ်ဖို့ ကြိုးစားနေမှန်း နောက်ဆုံးမှာ သိသွားခဲ့ပါတယ်။

သူ့နာမည်ကတော့ ကျိုး ဖြစ်ပြီး ဟဲနန်ပြည်နယ်သား ဖြစ်ပါတယ်။ ကျိုးဟာ မြန်မာပြည်မှာ စီးပွားရေး လုပ်ကိုင်နေတဲ့အတွက် တရုတ်ပြည်နဲ့ နှစ်အတော်ကြာ ဝေးကွာနေခဲ့တာပါ။ ဒါပေမဲ့ သူ့ သူငယ်ချင်း ရှောင်းလီ နဲ့တော့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ တစ်နေ့တော့ လီနဲ့ စကားပြောဖြစ်တုန်း စီးပွားရေးလည်း အဆင်ပြေနေတဲ့ အတွက် မိန်းမကောင်း တစ်ယောက်နဲ့ တွဲကြည့်ချင်တယ်လို့ ပြောလာခဲ့ပါတယ်။

အဲဒီတော့ လီ က သူ့မိန်းမမှာ ရည်းစားမရှိတဲ့ မိန်းကလေး သူငယ်ချင်းတစ်ယောက် ရှိတဲ့အတွက် သူမိန်းမကို အကူအညီတောင်းပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခိုင်းမယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူ့မိန်းမ မိတ်ဆက်ပေးလိုက်တဲ့သူက အခြားသူမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။

လီရဲ့ မိန်းမဟာ ကျိုး ဆီကနေ ငွေလိမ်လည်ဖို့အတွက် ရည်းစားအဖြစ် ဟန်ဆောင်နေခဲ့တာပါ။ သူဟာ ကျိုးနဲ့ ရည်းစားဖြစ်နေတဲ့အချိန်အတွင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ယွမ် ၅ ထောင် တစ်ကြိမ်၊ ယွမ် ၈ သောင်း တစ်ကြိမ် တောင်းခဲ့ပါတယ်။

တစ်နှစ်ကြာပြီးတဲ့နောက် ကျိုးဟာ လီကို သူ့မိန်းမ မိတ်ဆက်ပေးတဲ့သူနဲ့ ဆက်ဆံရေး အရမ်းအဆင်ပြေတယ်လို့ ပြောလာပြီး သူ့ကို လက်ထပ်ဖို့ မွေးရပ်မြေဆီ ပြန်လာတော့မယ် ဆိုပြီး ပြောလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းလောက်မှာ လီဟာ ကျိုးနဲ့ တွဲနေတဲ့ သူက သူ့မိန်းမဖြစ်နေမှန်း သိရှိသွားပြီး ကျိုးဆီ အကြောင်းကြားခဲ့ပါတယ်။ လီရဲ့ ပြောဆိုပုံအရ သူ့မိန်းမဟာ တရုတ် TikTok မှာ အကောင့်သစ်ဖွင့်ပြီး ကျိုးနဲ့ ဆက်သွယ်နေတာကို မိသွားတာလို့ သိရပါတယ်။

လီဟာ ကျိုးကို သူ့မိန်းမ ယူထားတဲ့ ငွေတွေ ပြန်ပေးမယ်လို့ ကတိပေးပြီး တရားမစွဲဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ငွေအပြည့် ပြန်မပေးနိုင်ခဲ့တဲ့အဆုံး ကျိုး က တရား စစွဲပါတော့တယ်။ ကျိုးရဲ့ ဖြစ်ရပ်ဟာ တရုတ်ပြည်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲပြီး အဲဒီလိမ်လည်မှုမှာ လီကိုယ်တိုင် ပါဝင် သရုပ်ဆောင်ခဲ့လား ဆိုတာကိုတော့ အခုအထိ မသိရသေးပါဘူး။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071