Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeMusicအွန်လိုင်းမှာပဲ အခွေဈေးနှုန်းကို လျှော့ချပြီးရောင်းမှရတော့မယ်လို့ပြောတဲ့...

အွန်လိုင်းမှာပဲ အခွေဈေးနှုန်းကို လျှော့ချပြီးရောင်းမှရတော့မယ်လို့ပြောတဲ့ သားစိုး

လက်ရှိဂီတဈေးကွက်ကတော့ အခွေဖြန့်ချိရေးတွေကနေ ဖြန့်တာထက် အွန်လိုင်းကနေဖြန့်တာ ပိုမိုများပြားလာပြီဖြစ်ပါတယ်။ အခွေဖြန့်ချိရေးဆိုင်တွေဆိုရင်လည်း နည်းပါးလာပြီဖြစ်သလို ခိုးကူး တွေကြောင့်လည်း မူရင်းအခွေတွေက ရောင်းချရမှု အလွန်နည်းပါးလာ တာကြောင့် အွန်လိုင်းကနေ ဖြန့်ချိမှုတွေများပြားလာရခြင်းပဲဖြစ်ပါ တယ်။ ဒီလိုအွန်လိုင်းကနေ ဖြန့်ချိတဲ့အခါမှာလည်း အဆိုတော်တွေ တော်တော်များများက တစ်ကိုယ်တော်စီးရီးခွေ မထွက်ခင်မှာ ပရိသတ်တွေနဲ့အဆက်မပြတ်ရလေအောင် သီချင်းတစ်ပုဒ် လောက်ကို အွန်လိုင်းကနေဖြန့်ချိဖြစ်တာတွေများပါတယ်။ အခု ခေတ်ကလည်း အွန်လိုင်းခေတ်ဖြစ်လာတဲ့အတွက် ဒီဈေးကွက် က ပိုမိုမြန်ဆန်တယ်လို့ပဲ ဆိုရတော့မှာပါ။

“ဖြစ်သင့်တာကတော့ သီချင်း တစ်ပုဒ်ကို ၁၅ ကျပ် လောက်နဲ့ရောင်းပြီး ဗူဘကာတစ်ချပ်ကို ၁ဝဝ လောက်နဲ့ ရောင်းရင်တော့ မဆိုးဘူးပေါ့။ ဒါဆိုရင်တော့ နယ်တွေက ဝယ်ပေးနိုင်လိမ့်မယ်လို့ ယူဆတယ်။ ၁ဝဝဝ နဲ့ကတော့ သူတို့ ဝယ်မှာမဟုတ်ဘူး။ ပြန်ကာမိပါတယ်။ ဘာကြောင့်လဲဆို တော့ ၁ဝဝ ကျပ်နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ လူဦးရေ ၁ သန်းပဲဝယ်ကြည့်ပါ။ အဆင်ပြေပါတယ်။ကျွန်တော်ကတော့ Application ဘက်ကို မသွားနိုင်သေးဘူး။ ကျွန်တော်သွားနိုင်တဲ့ တစ်နေ့ကျရင် တော့ ကျွန်တော် ၁ဝဝ ကျပ်နဲ့ ရောင်းမယ်။ ဒီအချိန်မှာက တော့ ဖုန်းနဲ့ပဲနားထောင်နေကြတာများတယ်လေ။ ဒစ်ဂျစ်တယ်မှာပဲ အခွေဈေးနှုန်းကို လျှော့ချပြီးတော့သွားမှပဲရမယ်။ နို့မို့ဆိုရင်တော့ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အခြေခံလူတန်းစား အားလုံးဝယ်နိုင်တဲ့ဈေးကို သွားမှသာလျှင် ရပ်တည်နိုင်မှာဖြစ်ပါတယ်”လို့ သားစိုးက အွန်လိုင်းဈေးကွက်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြပါ တယ်။

အဆိုတော်တွေအနေနဲ့လည်း တစ်ကိုယ်တော်စီးရီးခွေထွက်ရှိတဲ့ အခါမှာ ခိုးကူးတဲ့ဒဏ်ကိုလည်းခံရသလို ဒီနေ့ထွက် မနက်ဖြန်ဒေါင်းလုတ်လင့်ခ်တွေ အွန်လိုင်းမှာ ပျံ့နေတဲ့ဒဏ်ကိုလည်း ခံစားရပါတယ်။ ဒါကလည်း ငွေကြေးဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။

“ဒေါင်းလုတ်လင့်ခ်တွေလာတော့မယ်ဆိုတော့ ၂ဝ၁၄ ခုနှစ်ကတည်းက ကျွန်တော်ပြောခဲ့ပါ တယ်။ ကျွန်တော်လန်ဒန်မှာ ကျောင်းသွားတက်ခဲ့တဲ့ ၂ဝဝ၁ ခုနှစ်ကတည်းက ဟိုမှာက ဒေါင်းလုတ်လင့်ခ်တွေက တအားပြဿနာတက်နေပြီ။ အဲဒီပြဿနာတွေကိုသိတော့ ကျွန်တော့်အနေနဲ့ ရှင်းပြခဲ့ပါတယ်။ နည်းပညာတွေ ပိုပေါ်လာလေလေ ဒေါင်းလုတ် ပိုပေါ် လေလေပဲ။ ဒေါင်းလုတ်ဈေးလည်း မကြီးတော့ဘူး။ နောက်ပိုင်းက အကုန် free ဖြစ်တော့ မှာလေ။ အရင်ကတည်းက ကျွန်တော်ကြိုပြောတယ်။ အဆိုတော်တွေကို ခေါ်တယ်။ ဆက် သွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့တွေ့ပေးမယ်ပေါ့။ ဝန်ကြီးတွေက တွေ့ဆုံဖို့လိုလို လားလား လက်ခံတယ်။ အဆိုတော်တွေကမလာဘူး။ နာမည်ကျော်အဆိုတော် ၃၄ယောက် ဖိတ်တယ်။ ၇ ယောက်ပဲလာတယ်။ ဒီကိစ္စကို ပြောဖို့အတွက်ပေါ့လေ။ ၃၄ ယောက်မှာ ၇ ယောက်ဆိုတော့ အချိုးကျကြည့်တဲ့အခါမှာ အဆို တော်တွေဘက်က မလုပ်ချင်ဘူးလို့ ကျွန်တော်ယူဆမိတဲ့အတွက်ကြောင့် ကျွန်တော်ဂီတအစည်းအရုံးမှာကို မလုပ်တော့ဘူး။ လူငယ်တွေအနေနဲ့ကတော့ လုပ်ချင်တယ်ဆိုရင် သူတို့ ခေါင်းဆောင်သူတို့တင်ပြီး ဆက် လုပ်သင့်တယ်လို့ ယူဆတယ်”လို့ ဒေါင်းလုတ်လင့်ခ်တွေနဲ့ပတ်သက်လို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို သားစိုးက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071