Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' Newsအွန်လိုင်းကနေလည်းဝယ်ယူနားဆင်နိုင်မယ့် အဆိုတော် ဖိုးပြည့်...

အွန်လိုင်းကနေလည်းဝယ်ယူနားဆင်နိုင်မယ့် အဆိုတော် ဖိုးပြည့် ရဲ့ ‘မင်းသားကြီး’

ဖိုးပြည့်ရဲ့ “မင်းသားကြီး” တစ်ကိုယ်တော်တေးစီးရီးကို သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဖိုးပြည့်ကတော့ Padamyar FM မှာ အစီအစဉ်တင် ဆက်သူအနေနဲ့ ၉ နှစ်တာလုပ်ဆောင်နေရင်း ဝါသနာပါတဲ့ ဂီတ အနုပညာအလုပ်ကို လုပ်ကိုင်ချင်တာကြောင့် အစီအစဉ်တင်ဆက်မှုကို ခေတ္တရပ်နားပြီး ဂီတလောကထဲကိုဝင် ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ သူဟာဂီတနဲ့ပတ်သက်လို့လည်း ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ဖြစ်ကတည်းက စီးရီးခွေထုတ်ချင်လာတဲ့ စိတ်ကူးရှိခဲ့သူပါ။ သူကဒီအခွေကိုတော့ ၂ဝ၁၆ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာတော့ သီချင်း တွေရွေးသလို သီချင်းတွေတီးတဲ့အပိုင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

“အခွေကိုလုပ်နည်းလည်းသိတယ်။ လုပ်ဖို့လည်း အခွင့်အရေးရှိတဲ့အချိန်မှာ အခွေ ကိုလုပ်ဖြစ်သွားတာပါ။ Announcer ကနေ အဆိုတော်ကို လှမ်းရတာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ကိုင်နေရတဲ့ အလုပ်တွေအားလုံးမှာ အခက်အခဲဆိုတာရှိပါတယ်။ Announcer လုပ်တဲ့အခါမှာ ကျွန်တော်မိုက်တွေ ရက်ကောဒင်းအခန်းတွေနဲ့ ရင်းနှီးမှုရှိတယ်။ အဆိုတော်တွေနဲ့ ရင်းနှီးတာ လေးတွေရှိတယ်။ ဒါပေမဲ့ အဆိုတော်လုပ်ဖို့အတွက်ကိုတော့ အဆိုသင်တာတွေ သီချင်းလုပ်တာ တွေကအစ အသစ်တစ်ယောက်လိုစပြီးတော့လုပ်ခဲ့ရတာပါ။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ် ရပါတယ်။ ဒီအခွေလုပ်ဖို့အတွက်ကို စိတ်ဓာတ်လည်း ခဏခဏကျတယ်။ ငါ့ဘာသာ Announcer လုပ်ရင်ကောင်းသားပေါ့နော်။ အခွေလုပ်မိတယ်ဆိုတဲ့ အတွေးမျိုးဝင်လာတယ်။

ဒါပေမဲ့လည်း သီချင်းကို ချစ်တဲ့စိတ်ကိုယ်သီဆိုတဲ့ သီချင်းလေးတွေကိုပေးချင်တဲ့ အင်အားတွေနဲ့ ကျော်လွှားလိုက်တာပါ”လို့ စီးရီးခွေပြုလုပ်ဖြစ်ပုံနဲ့ အခက်အခဲတွေရှိခဲ့ ပုံကိုအဆိုတော်ဖိုးပြည့်က ပြောပါတယ်။

သီချင်း ၁၂ ပုဒ်ပါဝင်ပြီး ပေါ့ပ်ဂီတအမျိုးအစားများ ပါဝင်ပါတယ်။ တေးရေးသုခမိန်လှိုင်၊ ညီညီသွင်၊ စောခူဆဲလ်၊ ကိုစု၊ ရဲလေး၊ ရည်မွန်၊ ကောင်းကောင်း၊ ဝေကြီး၊ သားပေါက်၊ စိုင်းခိုင်ခမ်း၊ လင်းထိုက်၊ ရှိုင်းကိုကို၊ ဖိုးပြည့်တို့ရေးသားထားတဲ့ သီချင်းများပါဝင်ပြီး ဖြိုးပြည့်စုံ၊ဇွဲပြည့်၊မိစန္ဒီ၊ ပန်းရောင် ခြယ်နဲ့ Jewel တို့က Featuring သီဆိုထားကြတာ ဖြစ်ပါတယ်။ Legacy Myanmar Music ကနေ လည်း ဝယ်ယူနားဆင်လို့ရနိုင်ကြောင်း သိရပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071