Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsအွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

အွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

အကယ်ဒမီထက်ထက်မိုးဦး စိုင်းလွှမ်း စစ်လွန်းဝတီထက်တို့ရဲ့ မိသားစုအရေ

ဒီတစ်ပတ် ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ အနုပညာရှင်တို့ရဲ့ သတင်းတွေကတော့ သရုပ်ဆောင်ရဲတိုက် ဆေးရုံတက်ရတဲ့ အကြောင်းနဲ့ တောင်ကြီးမြို့မှာ ဘုရားသမီးတော်အဖြစ် သီလရှင်ဝတ်တဲ့ ဆရာလေးနန္ဒမာလာ (ခ)အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ စိုင်းလွှမ်း၊ သမီးစစ်လွန်းဝတီထက်တို့ အကြောင်းပဲဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ သမီးလေးစစ်လွန်းဝတီထက်ကို ”ကိုယ်မွေးထားတဲ့ သမီး ဘယ်ခွဲနေချင်ပါ့မလဲ”ဆိုပြီး ဝမ်းနည်းစွာ ပြောပြလာတဲ့အကြောင်း၊Sisloon Wati Htet Facebook account ကလည်း “Today I watched laughing interview Please stop your CROCODILE TEARS” လို့ ရေးသားဖော်ပြလာတဲ့ အကြောင်းများနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦးကိုချစ် တဲ့ ပရိသတ်များကြားမှာ အမြင်မတူ အငြင်းပွားမှုတွေ များစွာမြင်တွေ့ရပါ တယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ စိုင်းလွှမ်းကလည်း Sai Hlawn Facebook account မှာ ”ဘာများလဲလို့ဗျာ ရှင်းပြဖြေရှင်းတာ မဟုတ်ပေမယ့် ကျွန်တော့်အတွက် သီးသန့်မဟုတ်တဲ့ အားလုံးအတွက်လိုအပ် ရင်တော့ စကားတွေအများကြီးနဲ့ ထွက်လာတတ်ပါတယ်။ ဟုတ်ပါပြီ၊ ခင်ဗျား တို့လာပြောနေကြတဲ့အကြောင်းကို အခု အိမ်ပြန်ရောက်ရောက်ချင်း သိရပါပြီ။ နောက်တစ်နာရီအတွင်း အိပ်မောကျနေတဲ့ ကျွန်တော့်သမီးကို သူ့အဘိုး အဘွားတားနေတဲ့ကြားက နှိုးပြီး ကျွန်တော်မေးပေးပါ့မယ်”လို့ ပြောပြလာတဲ့ အပေါ် ပရိသတ်များကလည်း ကွန်မန့်တွေပေး ဝင်ပြောတာတွေ၊ စိုင်းလွှမ်း ကိုယ်တိုင် ဝင်ပြန်ဖြေပေးတာတွေ တွေ့ရပါတယ်။

အဲဒီ စိုင်းလွှမ်းရဲ့ Status မှာပဲ ”တချို့က သူများကအဖြူဆို လိုက်ဖြူ၊ အမည်းဆိုလိုက်မည်းကြတာတွေက ကျွန်တော်တို့နိုင်ငံအတွက် ကြာရင် သိပ် အဆင်မပြေပါဘူး။ အပြစ်တွေကို ဝန်ချတောင်းပန်တဲ့အနေနဲ့ သီလရှင်ဝတ် တယ်လို့ ရေးခြင်းသည် ကျွန်တော့်အတွက် သူဝတ်တာလို့ ယူဆမိသွားကြတာ လား။ ဘာလို့များ ကလေးတစ်ယောက်နဲ့ လုံးချာလည်နေတဲ့သူက ဘာများ လုပ်နေနိုင်မှာလဲဗျာ။ ထမင်းတောင် မစားဖြစ်တဲ့ရက်ဆိုတာက ဘယ်နှရက်လဲ မသိပါဘူး။ ကလေးဖျားတဲ့ရက်ဆိုရင်ရော သားသမီးရှိတဲ့ မိဘတွေအသိဆုံးပါ။

ကလေးတစ်ယောက်တာဝန် တစ်မနက်လောက် ထိန်းသိမ်းစောင့်ရှောက် နေတဲ့သူကို ထိုင်ပြီးပဲကြည့်စေချင်ပါတယ်။ ကျွန်တော်နဲ့ သတင်းထွက်တယ် ဆိုတဲ့သူတွေကရော ဒီကလေးတစ်ဖက်နဲ့ ကလေးအရေး၊ စီးပွားရေး၊ လူမှုရေး တွေနဲ့ အလုပ်အတအားရှုပ်တဲ့သူကို ဒီဘက်ခေတ်ထဲမှာဗျာ ခေါ်လာကြည့်ပေး ပါလား။
တကယ်လို့များ ကျွန်တော်က သူ့အပေါ် တစ်စုံတစ်ရာအပြစ်ရှိခဲ့ဖူးလို့ ဖြစ်စေ၊ သမီးကို စိတ်ချအားကိုးရတဲ့ဖခင် မဟုတ်ခဲ့ရင် သူစိတ်ချထားခဲ့မလား။ ခင်ဗျားတို့ဆိုရင်ရော အားလုံးရဲ့စိတ်ကို ခြုံပြီး မေးကြည့်တာပါ”လို့ ရေးသား ဖော်ပြထားပါတယ်။

ပရိသတ်တွေရဲ့ ကွန်မန့်ကို ဖတ်ကြည့်ရရင် Nay Chi Shine account ပိုင်ရှင်က “Broရေ ဂရုစိုက်ပြီး ပြန်ပြောမနေနဲ့။ မထက်ကိုချစ်လို့သာ ကိုယ့် မိန်းမကို သိက္ခာမကျစေချင်လို့သာ Bro ဘာမှ ထပ်မပြောဘူးဆိုတာ နားလည် တယ်။ စစ်လွန်းလေးကိုသာ ဂရုစိုက်ပါ။ FB ပေါ်မှာ ပြန်ပြောနေရင် ပြီးမှာကို မဟုတ်တာ။ မထင်ရင် မိသားစုဝင်တွေ ကျနေတာပဲ။ သူတို့ကပဲသိတယ်၊ သူတို့ ချစ်တဲ့သူပဲ အမှန်ဆိုတာမျိုး”၊ A Pyone Apyone account ပိုင်ရှင်က ”လူတွေရဲ့ပါးစပ်က ပြောချင်ရာပြောတတ်ကြတာပဲ။ မမြင်သလို မကြားသလို နေတာအကောင်းဆုံးပါ Bro ။ ကိုယ့်အကြောင်း ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်း ကျင်က အသိဆုံးပါ”၊ Waine Aye account ပိုင်ရှင်က ”ဖခင်မေတ္တာကို နား လည်ပါတယ်။ အစ်မတို့ငယ်ငယ်ကတည်းက အဖေက အရမ်းချစ်တယ်။ ယနေ့ အထိ အဖေက သမီးမျက်နှာငြိုငြင်တာမခံဘူးလေ”၊ Yoke Thay Yoke account ပိုင်ရှင်က ”စိုင်းလွှမ်းက ထက်ထက်ကြိုက်လို့ ချစ်လို့ယူထားတဲ့ ယော က်ျား။ ထက်ထက်ကိုချစ်ရင် ထက်ထက်အမျိုးသားကိုလည်း နားလည်ခွင့်လွှတ် ပေးရမှာပဲလေ။ အတ္တစိတ်မထားရင်ကောင်းမယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်တွေ ယူမနေနဲ့”၊ May Nobel account ပိုင်ရှင်က ”ခုနေ ဒီပြဿ နာတွေကို မထက်သာသိရင် တကယ်စိတ်မကောင်းဖြစ်မှာ၊ ပြဿနာအရင်းခံ ဘာကြောင့်ဖြစ်ဖြစ် မထက်ကိုပဲ သနားတယ်”၊Su Myat Noe account ပိုင်ရှင်က ”တစ်ခုပဲဝင်ပြောမယ်နော်၊ အကုန်လုံး အဆင့်အတန်းရှိတဲ့သူက ဘယ်သူ့ဘက်ကမှ ဝင်မပြောဝင်မနာပါဘူး။ မြန်မာလူမျိုးလို့မပြောနဲ့။ ကိုယ် တိုင်လည်း မြန်မာပြည်ပေါက်တွေကို။ ဒီစကားမျိုးက အမေရိကန်မှာလို နိုင်ငံ သားခံယူပြီးမှပဲ ပြောသင့်တယ်။ သူများမိသားစုကိစ္စ ကိုယ်နဲ့မဆိုင်ဘူး။ Su Lay account ပိုင်ရှင်က ”စစ်လွန်းလေးက ဒီ Comment တွေ မြင်ရင် ကလေးဝမ်းနည်းနေတော့မှာပဲ”၊ Min Nyi account ပိုင်ရှင်ကလည်း “Bro ရေ၊ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်တဲ့ ဖခင်တစ်ယောက်ရဲ့စိတ်ကို သားသမီး ကိုချစ်တတ်တဲ့ ဖခင်ချင်းအတူတူမို့ လေးစားဂုဏ်ပြုမိပါတယ်။ ဘယ်သူဘာ ပြောပြော အလေးမထားပါနဲ့၊ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး”လို့ မြင်တွေ့ ဖတ်ရှုရပါတယ်။

အခုလိုမြင်တွေ့ကြရတော့ ပရိသတ်တွေလည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်သလို အားလုံး အဆင်ပြေပြေ ချောချောမောမောဖြစ်ပြီး အေးချမ်းသွား ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကိုကိုပွကျယ်လည်း ဒီလိုသတင်းတွေ ဖတ်ရတော့ စိတ်မကောင်းဖြစ်မိသလို မထက်တို့မိသားစုလည်း ငြိမ်းချမ်းသာ ယာပျော်ရွှင်ပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်။

အေးချမ်းသာယာပျော်ရွှင်ကြပါစေ

ကိုကိုပွကျယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071