Saturday, May 24, 2025

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath...

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်...

ပထမအချီမပြီးဆုံးခင် ပြိုင်ဘက်၏ အလဲထိုးခြင်းခံခဲ့ရသည့် အဲမွီ

ယမန်နေ့ မေ(၂၃)ရက် ညပိုင်းက ONE -109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut နှင့် ရိုးရာဖိုက်တာ...

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လေ့လာရေးခရီးရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က နန်နင်းမြို့၊...
HomeCelebrities' Newsအဖြူရောင် ချစ်ခြင်းဖွဲ့ပျော်မွေ့လူငယ်များ နှင့်...

အဖြူရောင် ချစ်ခြင်းဖွဲ့ပျော်မွေ့လူငယ်များ နှင့် ချစ်သူများနေ့

ဖေဖော်ဝါရီလ ၁၄ရက်နေ့က Valentine’s Day (ချစ်သူများ နေ့) ပဲ ဖြစ်ပါတယ်။ နှစ်စဉ်ချစ်သူများ နေ့ရောက်ရှိတိုင်း မိမိချစ်သူထံ ချစ်သက်လက်ဆောင် အမျိုးမျိုး ပေးကြလေ့ရှိသလို ဆင်တူဝတ်စုံဝတ်ဆင်ကာ ချစ်သူစုံတွဲကိုယ်စီ ချစ်ခြင်းမေတ္တာအပေါ် အလေးအနက်ထားကြပုံ ပြသကြပါတယ်။ ချစ်သူစုံတွဲများအတွက် ချစ်သူများ နေ့ဟာ စိတ်ကူးအိပ်မက်လေးတွေ ဖွဲ့ကာ ကြည်နူးပီတိရင်ခုန်သံများနဲ့ ချစ်မြတ်နိုး တန်ဖိုးထား မေတ္တာသက်ဝင်မှု အပြည့်ထား ပျော်ရွှင်စွာ တူနှစ် ကိုယ် ဖြတ်သန်းကြရာ အဖြူရောင် အချစ်နေ့စွဲလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူများနေ့မှာ ရင်ခုန် ပျော်ရွှင်စွာကိုယ်စီဖြတ်သန်းခဲ့ကြ ဖူးတဲ့ မျိုးဆက်သစ် လူငယ် အနုပညာရှင်တို့ရဲ့ ချစ်သူများနေ့ အမှတ်တရ စကားသံတွေ စုစည်း ဖော်ပြလိုက်ရပါတယ်။

MIN_2858 copy

လွှမ်းပိုင်

” ကျွန်တော်တို့ ဒီနှစ် Valentine’s Day က ကန်တော်ကြီးမှာ ရှိုးပွဲရှိတယ်ဗျ။ ဘိုဘိုနဲ့ Frenzo လည်းပါမယ်နဲ့တူတယ်။ ပေါင်းပြီးတော့လုပ်မယ့် ပွဲလေးရှိတယ်။ ကျွန်တော် အဲဒီမှာရှိတယ်။ ဒီနှစ် Valentine’s ကကျွန်တော်ထင်တယ်။ ထူးထူးခြားခြားတစ်ခုခုတော့ဖြစ်မယ်ထင်တယ်။ အခုလည်း ချစ်သူများနေ့နဲ့ ပတ်သက်ပြီးတော့ စုံတွဲတွေချည်းပဲလုပ်လို့ရမယ့် ပရိုဂရမ်လေး၊ Trend လေးတစ်ခုတော့ထွက်လာမယ်ထင်ပါတယ် (ရယ်လျက်)အဲဒါပါပဲ။ ကျန်တာကတော့သိပ်ပြီး ထွေထွေထူးထူးမရှိပါဘူး”

Soe Pyae Thizin

စိုးပြည့်သဇင်

Valentine’s Day ဆိုတာ ပညတ်ထားတဲ့ ရက်လေးတစ်ရက်ပါ။ ဒီနေ့ လေးက ချစ်သူစုံတွဲတွေအတွက်လည်း တအားကို ပျော်ရွှင်စရာကောင်းတဲ့ ရက်လေးတစ်ရက်။ အထိမ်းအမှတ် လေးတစ်ခုပေါ့။ အဲဒီနေ့မှာ ပျော်ကြတယ်၊ ကြည်နူးကြတယ်။ ဒီလို ပျော်ရွှင်စရာနေ့လေးလို့ပဲ စိုးပြည့်မြင်မိပါတယ်။ မနှစ်ကတော့ စိုးပြည့်ရဲ့ Fan တွေက စိုးပြည့်ကို Valentine’s Day အမှတ်တရဆိုပြီး လက်ဆောင်လေးတွေ လာပေးတယ်ရှင့်။ အရုပ်တွေ၊ ချောကလက်တွေ၊ ပန်းစည်းလေးတွေ လာပေးတယ်ရှင့်။ ဒီနှစ်တော့ စိုးပြည့် အဲဒီနေ့မှာ ခရီးထွက်ဖြစ်မယ်ထင်တယ်။ စိုးပြည့် နယ်မှာသီချင်းဆိုဖို့ တွေရှိတာကြောင့်ပါ။ အဲဒါကြောင့် စိုးပြည့်ရဲ့ ပရိသတ်တွေက ဇန်နဝါရီလ ကုန်ကတည်းကလာပြီး လက်ဆောင်တွေ ပေးကြပါတယ်။

Thon Set

သွန်းဆက်

ညီမငယ်ငယ်တုန်းက ချစ်သူများနေ့ရောက်တိုင်း ကလေး ဘဝကတည်းကနေ ဒီနေ့ထိ ပန်းစည်း၊ ချောကလက် အမြဲရတယ်။ ဘာဖြစ်လို့ဆို ရည်းစား ရှိတာ၊ မရှိတာနဲ့ မဆိုင်ဘူး။ ဒါက ကိုယ့်ချစ်တဲ့သူ တွေက ပေးကြတယ်။ ကလေးဘဝတုန်းကတော့ချစ်သူ နဲ့ အင်္ကျီဆင်တူဝတ်တယ်။ ရှိုးပွဲတွေသွားတယ်။ အခု ကြီးလာတော့ အဲဒီ လိုမျိုးတွေ မလည်တော့ဘူး။ ကိုယ့်အရွယ်နဲ့လည်း မလိုက်ဖက်တော့ဘူးလေ။ ဒီအရွယ်မှာတော့ ချစ်သူနဲ့ Dinner အတူတူစားတယ်။ ကိုယ်ပေးစရာရှိတဲ့ လက်ဆောင်တွေ ပေးကြတယ်။ သွန်းဆက်ရဲ့ပရိသတ်တွေကလည်း ဒီနှစ် ချစ်သူများနေ့မှာ စိတ်ဆိုး၊ စိတ်ကောက် တာတွေမရှိဘဲ ပျော်ရွှင်စွာ ဖြတ် သန်းနိုင်ကြပါစေလို့ သွန်းဆက် ဆုတောင်းပေးပါတယ်။

Shwe Tmee

ရွှေသမီး

အချစ်ဆိုတာ ညီမအတွက်ကတော့ ချစ်တယ်ဆိုတာက ချစ်နေရုံလေးပါပဲ။ လူတစ်ဦးတစ်ယောက်၊ သူစိမ်းတစ်ယောက်အပေါ်မှာ မသိစိတ်ကလေးကနေ ချစ်နေတာလည်း ချစ်တာပဲ။ ဖွင့်ပြောပြီးမှ ချစ်ကြတာလည်း ချစ်တာပါပဲ။ အချစ်ဆိုတဲ့ စကားလုံးလေးကတော့ အင်မတန်ကို နက်နဲ သိမ်မွေ့တဲ့ စကားလုံးလေးပါ။ ချစ်တယ်ဆိုတဲ့ စကားလေးက တအားကို အဓိပ္ပာယ်ရှိနေတဲ့ စကားလုံးလေးပါ။ အခုနောက်ပိုင်းတော့ ချစ်သူများနေ့ကို အကျွမ်းတဝင်မရှိတော့ပေမယ့် ငယ်ငယ်ကျောင်းတတ်တုန်းကဆိုရင် အမှတ်တရတွေရှိတယ်။ အဲဒီတုန်းက ချစ်သူများနေ့ဆိုရင် ကျောင်းမသွားတာများတယ် (ရယ်လျက်)။ အဲဒီနေ့ကျရင် အခန်းထဲမှာ တစ်ယောက်မှ မရှိတော့ဘူးကိုး။ တခြားအတန်းတွေ လျှောက်လည်တယ်။ တခြားအတန်းသွားပြီးတော့ ကိုယ်ကြိုက်တဲ့ ကောင်လေးတွေကို သွားရှိတ်ကျတယ်လေ (ရယ်လျက်)။ နောက်ပိုင်းတော့ ဗယ်လင်တိုင်းဒေးဆိုရင် အိမ်မှာပဲ ရှိတာများတော့တယ်။ အခုဒီနှစ်မှာလည်း တစ်ယောက်တည်းပဲ ဖြတ်သန်း ဖြစ်ပါမယ်။ ဒီနှစ် ဗယ်လင်တိုင်းဒေးမှာ မန္တလေးမှာရှိနေမယ်။ မန္တလေးက ပွဲတစ်ခုအတွက် တက်ရောက်ပေးမှာဆိုတော့ ဒီအတိုင်း ဖြတ်သန်းပါမယ်။ ဒါပေမဲ့
နှစ်တိုင်းလည်းတစ်ယောက်တည်း ဖြတ်သန်းနေရတာပါ (ရယ်လျက်)။

yadanarbo

ရတနာဗိုလ်

ဒီနှစ် ဗယ်လင်တိုင်းဒေးမှာတော့ အလုပ်ထဲမှာပဲ ရှိနေဖို့များပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးဖြစ်နေပါမယ်။ အရင်တုန်းကဆိုရင် ရည်စားတွေထား လည်း ချစ်သူများနေ့ မတိုင်ခင်မှာပဲပြတ်ပြတ်သွားတာများတယ်။ ဒီနှစ်လည်း ဘာမှမရှိတဲ့ ချောကလတ်တွေဘာတွေ စားဖို့လည်း မမြင်ပါဘူး (ရယ်လျက်)။ အဲဒီအတွက် အလုပ်ပဲလုပ်နေပါမယ်။

ပေါ်ပြူလာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071