Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeMyanmar Theatrical Traditionအခြေခံပညာ ကျောင်းများတွင် သဘင်ပညာရပ်ကိုသင်ကြားနိုင်အောင်...

အခြေခံပညာ ကျောင်းများတွင် သဘင်ပညာရပ်ကိုသင်ကြားနိုင်အောင် ကြိုးစားသွားမယ့် သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်

အခုနှစ်မှစတင်ပြီး အခြေခံပညာ သင်ရိုးညွှန်းတမ်းများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ မြန်မာ့ဇာတ်သဘင်ပညာရပ်အကြောင်းကို စတင်သင်ကြားနိုင်အောင် ကြိုးစားနေပြီ ဖြစ်ကြောင်း သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနနဲ့လည်းတွေ့ဆုံပြီး ညှိုနှိုင်းရဦးမှာပါ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရ ပါဘူး။ သူတို့ခွင့်ပြုဖို့လိုပါတယ်။ ပြီးတော့ ဆရာတွေ လိုအပ်ချက်အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်အနုပညာရှင်တွေထဲကနေမှ သင်ရိုးတွေသင်ပေးနိုင်တဲ့ အနုပညာရှင်တွေကိုသဘင် ပညာရှင်ကြီးတွေ ပြန်ပြီးတော့ ပို့ချပေးရဦးမှာပါ။ သဘင်ပညာရှင်ကြီးတွေက ပို့ချပြီးတော့မှ အသီးသီးတာဝန်ထမ်းဆောင်ကြရမှာပါ” လို့ ကျောင်းများမှာ သဘင်အနုပညာကို သင်ကြားပေးဖို့အကြောင်းနဲ့ ပတ်သက်လို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။ အနုပညာဆိုတာ အေးတာကိုသွေးဆူလာအောင်လည်း လုပ်နိုင်သလို ဆိုးသွမ်းနေ တာကို အေးအောင်လုပ်နိုင်တာကလည်း အနုပညာပဲဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါတယ်။

“မသိတာကို သိအောင်လုပ်ပေးတာကလည်း အနုပညာပဲ။ ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတော့ မဖြစ်မနေသိဖို့လိုပါတယ်။ နိုင်ငံတကာပုံစံမျိုးနဲ့ ဘယ်လောက်ပဲဆိုရှယ်ကျအောင်နေနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုတော့ သိဖို့လို တယ်။ ကလေးတွေဒီလိုသိလာပြီဆိုရင် သူတို့နဲ့ ဆက်ဆံတဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကို ရှင်းပြနိုင်မယ်လေ။ မင်းနိုင်ငံ ယဉ်ကျေးမှုပြောပါဆိုရင် မပြော နိုင်ရင် ရှက်စရာကြီးလေ။ နောက်ပြီး မလုပ်စားသည့်တိုင်အောင် ဒီပညာရပ်တွေကို ထိတွေ့မှုရှိထားတဲ့အတွက် သူသည် သည်ပညာရပ်ကို စော်ကားတဲ့လူတော့ မဖြစ်နိုင် တော့ဘူး။ အနုပညာရှင်တွေကလည်း တတ်ယောင်ကားလုပ်ပြီး မတတ်ဘဲနဲ့ပြည်သူ လူထုကိုသွားပြီးမဖျော်ဖြေရဲတော့ဘူး။ အဲဒီတော့ အားလုံးအတွက် ကောင်းပါတယ်” လို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်း သင်ကြားလေ့လာခြင်း ကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးကိုသဘင် ဥက္ကဋ္ဌဦးဖိုးချစ်က ရှင်းပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071