Saturday, May 24, 2025

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath...

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်...
HomeNewsLocal Newsအောင်လံမြို့ ညောင်ပင်ဆိပ်ကျေးရွာအဝင်လမ်းကွေ့တွင် အုတ်သယ်ယာဉ်တိမ်းမှောက်မှုကြောင့်...

အောင်လံမြို့ ညောင်ပင်ဆိပ်ကျေးရွာအဝင်လမ်းကွေ့တွင် အုတ်သယ်ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေ ၄ ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအဝင်လမ်းကွေ့တွင် ယနေ့နံနက်က အုတ်သယ်ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်) နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြလို့နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၆)ဦးအနက် (၂)ဦး(သေဆုံး) ခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ပုညကုသလနာရေးကူညီမှုအသင်းယာဉ်၊ မြတ်မေတ္တာလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် ပြလို့တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် (၂၃၆ ဒသမ ၉၁) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၀ ဒသမ ၃၅၅) သန်းကျော်ရရှိကြောင်း သိရသည်။ ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် (၉၆ ဒသမ၂၁) တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၄၄,၃၁၅) ဒေါ်လာရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန် (၁၄၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071