Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeArticlesအရှေ့ တောင်အာရှမှာတစ်ဟုန်ထိုးပွင့်လန်းလာမယ့် ...

အရှေ့ တောင်အာရှမှာတစ်ဟုန်ထိုးပွင့်လန်းလာမယ့် အင်တာနက်စီးပွားရေး

၂ဝ၂၅ ခုနှစ်ရောက်လာတဲ့အခါ အင်တာနက်စီးပွားရေးဟာ အချိန် ပြည့် အလုပ်အကိုင် ၁ ဒသမ ၇သန်း ကို အရှေ့တောင်အာရှမှာ ဖန်တီးပေး လာမှာဖြစ်ပြီး အဲဒီပမာဏဟာ လက်ရှိ ၂ဝ၁၈ ခုနှစ်မှာထက် သုံးဆ လောက်ပိုများတယ်လို့ ဂူးဂဲလ်နဲ့ တီမားဆက်ကုမ္ပဏီကြီးနှစ်ခုရဲ့ တာ ဝန်ပေးချက်အရ လေ့လာသုတေသန ပြုခဲ့တဲ့ စာတမ်းတစ်ခုကဆိုထားပါ တယ်။

အီလက်ထရွန်းနစ် ကုန်သွယ်မှု ဆိုင်ရာအလုပ်အကိုင်တွေ၊ အိမ်တိုင် ရာရောက် ဝန်ဆောင်မှုပေးတဲ့ အ လုပ်အကိုင်တွေနဲ့ အစားအသောက်ပို့ဆောင်ပေးတဲ့လုပ်ငန်းတွေကို ဖန် တီးပေးလာမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှက အင်တာ နက်စီးပွားရေးလုပ်ငန်းတွေရဲ့ စုစု ပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပမာဏ ဟာ ၂ဝ၂၅ ခုနှစ်ကျရင် ကန်ဒေါ်လာ ၂၄ဝ ဘီလျံအထိရှိလာမှာဖြစ်ပြီး အ ရင်က ခန့်မှန်းခဲ့ကြတာထက် ငါးဆ လောက်ပိုများတယ်လို့ ဂူးဂဲ-တီမား ဆက် သုတေသနကပြောပါတယ်။

ဒေသတွင်း အင်တာနက်စီး ပွားရေးရဲ့ စုစုပေါင်းကုန်သွယ်မှု တန်ဖိုးဟာ ၂ဝ၁၈ ခုနှစ်အကုန်မှာ ကန်ဒေါ်လာ ၇၂ ဘီလျံအထိရောက် လာခဲ့ပြီး ဒီနှစ်နှစ်စပိုင်းတုန်းကထက် ၃၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

အီလက်ထရွန်းနစ် ကုန်သွယ် ရေး သက်သက်ချည်းပဲရဲ့ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးကတော့ ဒီနှစ်မှာ ကန်ဒေါ်လာ ၂၃ ဘီလျံပဲရှိခဲ့တယ်လို့ လည်း သုတေသနစာတမ်းမှာ ဖော်ပြ ထားပါတယ်။

အဲဒီသုတေသနစာတမ်းကို ၂ဝ၁၆ ခုနှစ်တုန်းကလည်း ပထမ အကြိမ်အဖြစ်ထုတ်ပြန်ခဲ့ပြီး အိမ်တိုင် ရာရောက်ဝန်ဆောင်မှု၊ အီလက်ထ ရွန်းနစ်ကုန်သွယ်ရေး၊ အွန်လိုင်းခရီး သွားလုပ်ငန်းတွေ၊ အွန်လိုင်းမီဒီယာ တွေနဲ့ပတ်သက်ပြီး ခြုံငုံသုံးသပ်လေ့လာတင်ပြခဲ့တာပါ။

အခုနောက်ဆုံး ထုတ်ပြန်ချက် မှာတော့ အွန်လိုင်းကနေ အစားအသောက်ပို့ဆောင်ပေးတဲ့လုပ်ငန်းနဲ့ အွန်လိုင်းကနေ သီချင်းတွေ ရုပ်ရှင် တွေမှာကြည့်ရှုနိုင်ဖို့ ဝန်ဆောင်မှုပေး တဲ့လုပ်ငန်းမျိုးတွေကို ထပ်ပေါင်း ထည့်ပြီး သုတေသနပြုခဲ့ပြန်ပါတယ်။

၂ဝ၂၅ ခုနှစ်အတွက် အရှေ့ တောင်အာရှရဲ့ အင်တာနက်စီးပွား ရေးကို စစ်တမ်းကောက်ယူသုတေသ နပြုတဲ့အခါမှာတော့ အရင်ကခန့်မှန်း ခဲ့တဲ့ပမာဏ ၂ဝဝ ဘီလျံထက် သာ လွန်နေပြီး အလုပ်အကိုင်အခွင့်အ လမ်းအရေအတွက်လည်း ပိုတိုးလာ တော့တာပါပဲ။

အချိန်ပိုင်းလုပ်သားတွေနဲ့ အမြဲ တမ်းဝန်ထမ်းမဟုတ်တဲ့ လုပ်သား တွေလိုမျိုး အတူတကွလုပ်ကြမယ့်သူ တွေပမာဏဟာလည်း လက်ရှိမှာရှိ နေတဲ့ လုပ်သားပမာဏ ၄ သန်းထက် ၃ဆတိုးပြီး ၁၂ သန်းအထိဖြစ်လာပါ လိမ့်မယ်။

အဲဒီလို အလုပ်အကိုင်တွေ တိုး လာတာနဲ့အမျှ လုပ်ငန်းဆိုင်ရာစီမံ ခန့်ခွဲမှုအပိုင်းဟာလည်း ပိုမိုချောမွေ့ အဆင်ပြေလာပြီး အပိုဝင်ငွေတွေရ လာနိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိလာလိမ့်မယ်လို့ သုတေသနပြုချက် က ဆိုပါတယ်။

၂ဝ၂၅ ခုနှစ်မှာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ပင်မစီးပွားရေးလုပ်ငန်းတွေ ကို နယ်ပယ်အသစ်ဆီကို ချဲ့ထွင်လုပ် ကိုင်လာကြမှာဖြစ်တဲ့အလျှောက် ပေါ်ပေါက်လာမယ့် ၁ ဒသမ ၇သန်း သော အလုပ်အကိုင်တွေအနက် အ ဆင့်မြင့်ကျွမ်းကျင်သူတွေအတွက် အလုပ်အကိုင် ၂သိန်းလောက်လည်း ပေါ်ပေါက်လာဦးမှာပါ။
အဆင့်မြင့်ကျွမ်းကျင်မှုဆိုင်ရာအလုပ်အကိုင်တွေဟာ အခုကိုပဲ တစ်နှစ်မှာ ၁ဝရာခိုင်နှုန်း တိုးတက် ပေါ်ပေါက်နေတဲ့အပေါ်မှာ အခြေခံ ပြီး သုတေသနပြုထားတာလည်း ဖြစ် ပါတယ်။

အင်တာနက် စီးပွားရေးလုပ် ငန်းနယ်ပယ်ဟာ တခြားသော စီးပွား ရေးလုပ်ငန်းနယ်ပယ်တွေထက် အ လုပ်အကိုင်တိုးတက်မှု သိသိသာသာ ကိုလျင်မြန်နေပြီး အရှေ့တောင် အာ ရှနိုင်ငံတွေမှာ တစ်နှစ်ကို ၁ ရာခိုင် နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ပျမ်းမျှ တိုးနေတာဖြစ်ပါတယ်။

ဆော့ဖ်ဝဲအင်ဂျင်နီယာ ပညာ ရှင်၊ ဒစ်ဂျစ်တယ်မားကက်တင်း ပညာရှင်၊ အချက်အလက်ဆိုင်ရာ သိပံ္ပပညာနဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာအရောင်းသမားတွေလိုမျိုး အဆင့် မြင့် ကျွမ်းကျင်ပညာရှင်တွေဟာ တ ခြားသောဝန်ထမ်းတွေနဲ့စာရင် အင် တာနက်စီးပွားရေးလုပ်တဲ့ ကုမ္ပဏီ တွေမှာ အလုပ်အကိုင်ရနိုင်ဖို့ အခွင့် အလမ်းများသူတွေဖြစ်ပါတယ်။

အဲဒီအလုပ်အကိုင်တွေအတွက် လစာတွေဟာလည်း အရှေ့တောင် အာရှနိုင်ငံတွေက တခြားအလုပ်အ ကိုင်တွေရဲ့ ပျမ်းမျှသာမန်လစာတွေ ထက် ၃ဆကနေ ၅ဆအထိပိုပြီး ရလာရ မှာပါ။

အခု ၂ဝ၁၈ ခုနှစ်မှာဆိုရင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေက အင်တာနက်အသုံးပြုသူစုစု ပေါင်းဟာ သန်း ၃၅ဝ အထိရှိလာပြီး ၂ဝ၁၅ ခုနှစ်တုန်းကထက် သုံးစွဲသူဦး ရေသန်း ၉ဝ ကျော် တိုးလာတယ်လို့ ဂူးဂဲလ်-တီးမားဆက် သုတေသနပြု ချက်ကဆိုပါတယ်။

ဒါဟာ ကမ္ဘာတစ်လွှားမှာ အ ရှေ့တောင်အာရှဟာ အင်တာနက် အသုံးပြုသူအများပြားဆုံးဆိုတာကို ပြနေတာပါပဲ။ အဲဒီလို အင်တာနက် သုံးကြသူတွေရဲ့ ၉ဝ ရာခိုင်နှုန်းက တော့ သူတို့ရဲ့ဖုန်းတွေကနေသုံးနေ ကြတယ်ဖြစ်တယ်လို့လည်း သုတေ သနစာတမ်းက ပြောပြန်ပါတယ်။

လျင်မြန်တဲ့ မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုစိတ်ချကောင်းမွန် လာပြီး စမတ်ဖုန်းကောင်းကောင်း တွေကို ထုတ်လုပ်နိုင်ကိုင်နိုင်လာကြ တာကြောင့် ခုလိုအင်တာနက်အသုံး ပြုသူတွေ လျင်လျင်မြန်မြန် တိုးပွား လာကြတာလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ခြောက် နိုင်ငံကို လေ့လာဆန်းစစ်ထားတဲ့ အဲ ဒီသုတေသနပြုချက်အရ ဗီယက်နမ် နိုင်ငံဟာလက်ရှိ ၂ဝ၁၈ မှာ အင်တာ နက်စီးပွားရေးအတွက် ကုန်သွယ်မှု တန်ဖိုး အတိုးတက်ဆုံးဖြစ်ပြီး သူ့နိုင် ငံ GDP ရဲ့ ၄ ရာခိုင်နှုန်းအထိရှိနေ ပြီလို့ သိရပါတယ်။

စင်ကာပူကတောင် ဒုတိယနေ ရာမှာပဲရှိပြီး GDP ရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။

၂ဝ၁၅ ခုနှစ်ကနေ ကနေ့အထိ အရှေ့တောင်အာရှ အင်တာနက် စီး ပွားရေးနဲ့ ငွေရင်းငွေနှီးပမာဏ စုစု ပေါင်းဟာ ၂၄ ဘီလျံအထိတိုးတက် လာပြီး ရှေ့လျှောက် တိုးတက်ဖို့ကို ဦးတည်နေပြီဖြစ်ကာ ၂ဝ၂၅ မှာ အင်တာနက်စီးပွားရေးတည်ဆောက်ဖို့ လိုအပ်တယ်လို့ ခန့်မှန်းထားတဲ့ ကန် ဒေါ်လာ ဘီလျံ ၄ဝ ကနေ ဘီလျံ၅ဝ အထိရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာ မှာဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ်ကစပြီး ရင်းနှီးမြှုပ် နှံမှုတွေ တိုးတက်လာတာကတော့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေး တဲ့လုပ်ငန်းနဲ့ အီလက်ထရွန်းနစ်ကုန် သွယ်မှုလုပ်ငန်းတွေဖြစ်ပြီး ကန်ဒေါ် လာ ဘီလျံ ၂ဝ လောက်အထိတိုး တက်လာတာဖြစ်သလို အင်တာနက် စီးပွားရေးနယ်ပယ်တစ်ခုလုံးက ငွေ ရင်းငွေနှီးစုစုပေါင်းပမာဏရဲ့ ၈ဝ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် ပထမနှစ်ဝက်မှာ တင်ကိုပဲ ကန်ဒေါ်လာ ၉ဒသမ၁ ဘီလျံတိုးတက်လာတယ်လို့ မှတ်တမ်း တစ်ခုကဆိုပါတယ်။

ဒါဟာ အရှိန်ယူနေတဲ့ အစပိုင်း ဆိုတာထက်ကို သာလွန်နေပြီဖြစ် တယ်လို့ သုတေသနစာတမ်းက ဆို ထားပြန်ပါတယ်။

အင်တာနက်စီးပွားရေးနယ် ပယ်ကို ဝင်ရောက်လာကြတဲ့ စွန့်ဦးတီ ထွင်ကုမ္ပဏီအရေအတွက်ဟာလည်း ၂ဝ၁၈ ခုနှစ် ပထမနှစ်ဝက်မှာ ၅၈ဝ ခုတောင်ရှိလာပြီး၊ ၂ဝ၁၇ ခုနှစ် ကာ လတူ အချိန်တုန်းကဆိုရင် ၂၈၅ ခုပဲ ရှိခဲ့ပါတယ်။

အဲဒီကုမ္ပဏီတွေ စတင်ဝင် ရောက်လာကြတဲ့ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏစုစုပေါင်းဟာ ကန် ဒေါ်လာသန်း ၁ဝဝ ထက်နည်းတယ် ဆိုပေမယ့် ဒါဟာ နောင်အနာဂတ်မှာ ပမာဏအများကြီး တိုးပွားလာဖို့ ရှိပါတယ်။

ဆိုတော့ကာ နိဂုံးချုပ်ရရင်တော့ အင်တာနက်စီးပွားရေးလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ အနာဂတ်မှာ အကြီးအကျယ်ပွင့်လန်းလာမယ်လို့ ဂူးဂဲလ်-တီးမားဆက် သုတေသ နပြုချက်က ပြဆိုနေတယ်ဆိုတာပါပဲ။

ဟက်ကာ
၂၂-၁၁-၂ဝ၁၈
Ref: Internet economy to create 1.7 million full-time jobs in Southeast Asia by 2025: Study

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071