ရိုးရာယုံကြည်သူများ ပူဇော်ပ သ အရိုအသေပြုကြရသည့်ပွဲထဲမှာ အမေရေရင် နတ်ပွဲက ထင်ရှားသည့် ပွဲကြီးဖြစ်သည်။
အမေရေရင်နတ်မှာ ၃၇ မင်း နတ်စာရင်းတွင်မပါ။ သို့ပေမယ့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဂန့်ဂေါစသော မြို့နယ်များ၏ အထင်ကရ နတ်ပွဲဟု ဆိုရပေမည်။
အမေရေရင်နတ်များ သမိုင်းရှိ သည်။ ပုဂံခေတ်ကဖြစ်သည်။ ပုဂံ ပြည့်ရှင်မဏိစည်သူမင်းကြီး၏ မြောက်နန်း မိဖုရားနာဂသိန်းက စုန်းမ။ တစ်ညမှာ နဂသိန်စုန်း တောက်စားနေခိုက် ယောကတော် ရှင်ဦး၊ မြောက်ဘက်ရှင်မ ရှင်ဖြူ ဆည်က တော်ရှင်ကြူး၊ အငယ်ဆုံး ညီမ ရှင်ထူးတို့နှင့် တွေ့ဆုံသည်။ နာဂသိန်နှင့် ထိုညီမလေးဖော် တွေ့ဆုံရာ အပြောအဆိုမောက်မာ သည့်အ တွက် စိတ်မြန်သောရှင်ထူးက နာဂသိန်အား စုန်းကြိုးဖြတ်ချလိုက် သည်။
ဒီနေရာမှာ ပညာချင်းမပြိုင်နိုင် သူ နာဂသိန်က အညိုးအတေးထား ကာ ဘုရင်ကို ကတူးကနန်းဒေသမှ ပဗ္ဗဘရာဇနှင့် နှမများက ပုန်ကန် သည်ဟု အိပ်မက်မြင်မက်ကြောင်း လျှောက်တင်သည်။ လျှောက်တင် စကားကို ယုံကြည်သည့်ဘုရင်က တောင်ဦးနယ်စား ပဗ္ဗရာဇနှင့်နှမ များ မိမိဒေသထွက်ကုန်ပစ္စည်းများ ကို ကိုယ်တိုင်ရွက်၍ ကန်တော့လက် ဆောင်ပစ္စည်းဆက်သရမည်ဟု အမိန့်တော်ထုတ်သည်။
ဘုရင့်အမိန့်တော်အတိုင်း မောင်နှမငါးယောက် ပုဂံပြည်ကို လာရောက်ကြသည်။ အငယ်ဆုံး ညီမရှင်ထူး (ခေါ်) စောနန်းမွန်မှာ ဆီအိုးများ မနိုင်မနင်း ခေါင်းပေါ်ရွက် ၍ နောက်ဆုံးကလိုက်ပါလာသည်။ မြို့အဝင်မှာ အစစ်ဆေးခံရရာ ဆီ အိုးအတွင်းမှ မြွေထွက်လာပြီး မြို့ဝန် ကို ကိုက်လေသည်။
မြို့ဝန်သေမှုအတွက် ရှင်ထူး (ခေါ်) စောနန်းမွန်အား အကိုအရင်း ဖြစ်သူ တောင်ဦးနယ်စားကိုယ်တိုင် သတ်စေဟု ဘုရင်က အမိန့်ချမှတ် သည်။ တောင်ဦးနယ်စားက ညီမ လေးစောနန်းမွန်ကို မသတ်နိုင် ကြောင်း ငြင်းဆိုရာ အမိန့်ကို မနာခံ ပါက ကလန်ကြီးကိုယ်တိုင် မောင်နှမ နှစ်ယောက်စလုံးအား ကွက်မျက်စေ ဟု အမိန့်တော် ချမှတ်ပြန်သည်။
တော်ဦးနယ်စားနှင့် စောနန်း မွန်ကို ဆင်ဖြင့်နင်းသတ်ရာ စောနန်း မွန်စုန်းစိတ်ဝင်လာပြီး ဆင်ကိုအ စွယ်ချိုးပစ်လေသည်။ ထိုအခါ အာဏာသားတို့က ကျားဆိုးကိုလွှတ် ၍ ကျားစာကျွေးသည်။ စောနန်းမွန် ပါ ကျားစိတ်ဝင်သွားပြီး ကျားကို ကိုက်စားကာ အစောင့်နှင့် အာဏာ သားများကိုပါ လိုက်လံကိုက်သတ်၍ ကျားအဖြစ်နှင့်ပင် စောနန်းမွန် ထွက်ပြေးလွတ်မြောက်သွားလေ သည်။
လူအဖြစ်မှ ကျား ဘဝပြောင်းလဲ သွားသော စောနန်းမွန်ကို ဖမ်း ဆီးရန် မောင်ကြီးဖြစ်သူ တောင် ဦးနယ်စားကို ဘုရင်က တာဝန် ပေးပြန်သည်။ စောနန်း မွန်အား ခုနှစ်ရက်အ တွင်း ရှာဖွေပြီးအ လောင်းကိုယူလာရန်နှင့် မဆောင်ရွက်နိုင်ပါက ကျန်ညီအစ် မသုံးဦးကိုပါ မီးလောင်တိုက်သွင်းသတ်မည်ဖြစ် ကြောင်း ဘုရင်ကအမိန့်တော်ထုတ်ပြန်သည်။
စောနန်းမွန် ရောက်သွားသည့်နေရာက ပုံတောင်ပုံညာ ဒေသဖြစ်သည်။ မောင်ကြီးဖြစ်သူ တောင်ဦး နယ်စားနှင့်တွေ့ရာ အကြောင်းစုံသိရပြီး ပုဂံပြည်အား ဖျက်ဆီးရန် ထွက်ခွာသွား သည်။
သာသနာထွန်းကားသည့် ပုဂံပြည်ကြီးအား ဖျက်ဆီးမည့် အရေးကို သိသည့် သိကြားမင်းက တားဆီးသဖြင့် စောနန်း မွန်မှာ ပုဂံပြည်ကို ဖျက်မည့်အကြံ လက်လျှော့လိုက်ရသည်။ သကြားမင်းက တားဆီးရုံသာမက စောနန်းမွန် တတ်ကျွမ်းသည့် စုန်းပညာများကိုပါ အလှူခံ၍ စော နန်းမွန်အား ဝိဇ္ဇမယသိဒ္ဓိရှင် အဖြစ် ပြောင်းလဲပေးလိုက်သည်။ စောနန်းမွန်မှာ သိကြားမင်း အား မလွန်ဆန်နိုင်၍ စုန်းကဝေပညာလှူလိုက်ရသော်လည်း သူ့ပညာကို အလွန်နှမျောရှာသည်။ နှမျောယူကျုံးမရ ဖြစ်ရ လွန်းသဖြင့် မြေကိုဖနောင့်ဖြင့်ပေါက်လိုက်ရာ ထိုဖနောင့် နေရာ မှ ရေများထွက်လာသည်။ ဤရေဖြင့် လူများတိုက်ကျွေးပါ။ ဤ တောင်က ထွက်သော သစ်ရွက်သစ်မြစ်၊ သစ်ဥသစ်ဖုတို့ဖြင့် ဝေဒနာများ ကိုပါ ကုသပါက ရောဂါပျောက်ကင်း လိမ့်မည်ဟု ပြောဆိုသွားသည်။
များမကြာမီ ထိုအရပ်ဒေသကို မဏိစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် လိုက်လာရာ စောနန်းမွန်က ကိုယ် ထင်ပြသည်။ မဏိစည်သူမင်းလည်း ဇီးတော၊မောင်းတုံတစ်ဝိုက်ကို အပိုင် စားစေ။
သူဖနောင့်နှင့်ပေါက် သေနေ ရာမှ ရေအလွန်ထွက်သဖြင့် ရေရင် ကတော်အမည်တွင်စေဟု ဘွဲ့ကိုပါ ပေးသနားတော်မူသည်။ အဆိုပါ အမေရေရင်နတ်မှာ ယခုအခါ အပိုင် စားရသည့် ပုလဲမြို့နယ်၊ မောင်း တုံရွာနန်းရင်းနှင့် ယင်းမာမြို့နယ်၊ ဇီးတောရွာအပြင် နန်းများမှာ ပွဲ တော်ကာလအတွင်း ဒေသခံများ ပူ ဇော်ပသရန် အပူဇော်ခံကြသည်။
အမေရေရင်နတ်ကို ချင်းတွင်း မြစ်အနောက်ဘက်နယ်တစ်ကြောက အနောက်အမေကြီးဟု အသိများ သည်။ အမေရေရင်ပွဲကိုလည်း အမေ ကြီးပွဲ။ အနောက်အမေကြီးပွဲဟု ခေါ်ဝေါ်ပြောဆိုကြသည်။ အနောက် အမေကြီးပွဲက နှစ်စဉ်တပေါင်းလ ပြည့်ကျော် ၄ ရက်နေ့မှာစသည်။ အတွင်းနန်းတည်ရှိရာ မောင်းတုံရွာ မှာ အပူဇော်ခံ၊ ချိုးရေတော်သုံးပွဲဖြင့် စတင်ကျင်းပသည်။
တပေါင်းလပြည့်ကျော် ၅ ရက် နေ့ နံနက် ၈ နာရီအချိန်မှာ ဇီးတော ရွာအနီးရှိ သက်ပျောက်နန်း (အပြင် နန်း)ကို အပူဇော်ခံထွက်သည်။ ရှေ့ ဆုံးမှ ယင်းကနက်သားဖြင့်ပြုလုပ် ထားသည့် ဗုဒ္ဓဆင်းတုတော်အား ရွာ သူရွာသားများက ပင့်ဆောင်၍ အမေရေရင်ရုပ်ပုံတော်ကို လှည်းဖြင့် တင်ဆောင်ကာ အပူဇော်ခံ ထွက် ခြင်းဖြစ်သည်။ အမေရေရင်လှည်း နောက်မှာတော့ ကျားထမ်း၊ စား ထမ်း၊ လှိုင်းထမ်း၊ သိုင်းထမ်း လိုက် ပါကြရသည်။ ပန်းအိုးကိုယ်စီ ရွက် ထားသည့် အမျိုးသမီးများက နောက် ဆုံးမှ တန်းစီလိုက်ရသည်။ ထိုနေ့ မှစ၍ တပေါင်းလပြည့်ကျော် ၈ ရက် နေ့အထိ အမေရေရင်မှာ အပြင် ဇီးတောနန်း၌ အပူဇော်ခံသည်။
အမေရေရင်ပွဲက မြန်မာပြည် မှာ အစည်ကားဆုံးဖြစ်သည့် တောင် ပြုန်းပွဲလိုပင် စည်သည်။ တောင်ပြုန်း ပွဲက မြို့ပွဲအဖြစ်စည်သလို အမေရေ ရင်နတ်ပွဲက တောပွဲအဖြစ် စည်ခြင်း ဖြစ်သည်။
ပွဲတော်ရက်များမှာ ဈေးဆိုင် အများအပြား ခင်းကျင်းရောင်းချ သည်။ ချင်းတွင်းမြစ်အနောက်ဘက် ကမ်း ရေစကြို၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်နယ်များကထွက်သည့် ထန်းခေါက်ပင်၊ သောက်ရေအိုး၊ နှီး ဖုံး၊ ဆန်ကော၊ ဆန်ကာနှင့် မြောက် ယမားချောင်းထွက် ကြက်သွန်ဖြူ၊ အားလူး၊ ပုံတောင်ပုံညာထွက် မျှစ် ချဉ်နှင့် အညာဒေသမိုးတွင်းစာ သရက်သီးခြောက်၊ ခရမ်းသီးခြောက် စသည်များ၊ အညာသရေ စာမုန့်များ၊ တောင်သူသုံး၊ ထွန်တုံး၊ ထွန်တံ၊ ထွန်ဆံ၊ ထွန်သွား၊ အိမ်သုံး ကုတင်၊ ကုလားထိုင်၊ ကြောင်အိမ်၊ ဘီဒိုစ သော ပရိဘောဂပစ္စည်းများ၊ မကွေး နှင့် တန့်ဆည်နယ်က လာရောင်း သည့် သံထည်ထွန်သွား၊ ထယ်သွား၊ ဓားမျိုးစုံ၊ ပေါက်တူး၊ ပေါက်ပြား။
တခြားဒေသဘုရားပွဲ၊ နတ်ပွဲ များမှာ မတွေ့နိုင်သည့် ပုံတောင်ပုံ ညာမှထွက်သည့် ဆေးမြစ်၊ ဆေးရွက်၊ သစ်ဥသစ်ဖုသစ်သီးများ၊ ကြက်တူ ရွေး အရွယ်မျိုးစုံ။
အမေရေရင်ပွဲမှာ ပွဲတော်မှာ လာရောက်ရောင်းချသည့် ဈေးဆိုင် များပြားသဖြင့် ဝင်ပေါက်ထွက်ပေါက် မှားကာ မျက်စိလည်သည်အထိ ဖြစ် ရသည်အထိ ကြီးမားသည်။ ပွဲတော် ရက်များမှာ ရှေးကအညာဒေသ ဓလေ့ လှည်းများဖြင့် လာကြသည်။ ယခုအချိန်အထိ လှည်းဖြင့်လာသည့် ရွာများရှိသည်။ ပွဲတော်လှည်းကွင်းမှာ လှည်းများ ထားစရာနေရာမရှိ လောက်အောင် များပြားလှ၍ ရက် သတ်မှတ်ကာ ရွာအလိုက် လာရ သည့် ပွဲဖြစ်သည်။
သည်ပွဲမှာ ကြက်ကြော်တင်ရ သည့်ရွာက နှစ်စဉ်ကြက်ကြော်၊ ဝက် သားတင်ရသည့်ရွာက နှစ်စဉ်ဝက် သား၊ ငါးကြော်တင်ရသည့်ရွာက ငါး ကြော်ဖြင့်သာ တင်သကြရသည်။ ဇီး တောအမေရေရင်နန်းမှာ နတ်ဝင် သည်များကန္နားပေးကြ၊ နတ်ချင်း များဖြင့် ကပြရာ နေ့တိုင်းရွာအလိုက် နတ်တက်နတ်ဆက်လာသူများဖြင့် စည်ကားသည်။ တပေါင်းလပြည့် ကျော် ၆ ရက်နေ့မှာတော့ ဇီးတော နန်းအနီးရှိ ဖောင်တော်ဦးဘုရားမှာ ဆွမ်းကြီးလောင်းပွဲ ကျင်းပသည်။ အဆိုပါဘုရားမှာ မဏိစည်သူမင်း ကြီး ဖောင်တော်ဦးဆိုက်သည့် နေရာ မှာ တည်ခဲ့သည် ဘုရားဟုသိရသည်။
တပေါင်းလပြည့်ကျော် ၈ ရက် နေ့မှာ အမေရေရင်နတ် အပြင်နန်းမှ မောင်းတုံရွာရှိ အတွင်းနန်းကို ပြန် လည်ကြွချီသည်။ ထိုနေ့တွင် ကနား သိမ်း၊ ကျားသိမ်းတို့ ရိုးရာမပျက် ဆောင်ရွက်ကြပြီ။ ညပိုင်းမှာ မောင်း တုံရွာတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာ သူရွာသားများအနေဖြင့် အစစအရာ ရာ အောင်မြင်စေရန် ဓားသွေးကြရ သည်။
အမေရေရင်နတ်ပွဲမှာ အ နောက်နယ်တစ်ခွင် အစည်ကားဆုံး ပွဲကြီးတွေထဲမှာပါသည်။ တစ်နှစ်တစ် ကြိမ် ပွဲကျင်းပချိန် အနောက်အမေ ပွဲကြီး လာရောက်သူအများစုမှာ ရိုး ရာယုံကြည်မှုကို အခြေခံ၍ တင်သ ကြရင်း လိုရာဆုတောင်းကြပြီးမှ ပြန် ကြသဖြင့် ကိုယ်ရောစိတ်ပါ လန်း ဆန်းတက်ကြွသည့် ရိုးရာနတ်ပွဲဖြစ် ကြောင်း သိရသည်။
မောင်မိုးအောင် (ဆားလင်းကြီး)