ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်း အနားကို ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁ဝ နာရီ အချိန် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက် ခရိုင်၊ မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီ ညီလွင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည် နေ့ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအား အမှတ်တရလက်ဆောင် ပစ္စည်း များပေးအပ်ခြင်း၊ ဝန်ထမ်းများအချင်းချင်း အမှတ် တရ လက်ဆောင်ပစ္စည်းများ မဲဖောက်လဲလှယ်ခြင်းနှင့် ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်းများ ပြုလုပ် ပေးခဲ့ကြောင်း သီရသည်။