အာဆီယံ ယူ – ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော – မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို (၇) ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။
ယနေ့ ပထမပွဲချိန်အတွင်း သွင်းဂိုး (၅) ဂိုးအထိ ဦးဆောင်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အတွင်းနောက်ထပ် သွင်းဂိုး (၂) ဂိုးထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အတွင်း ဗီယက်နမ်အသင်းအား (၂) ဂိုးပြတ်ဖြင့် ရှူံးနိမ့်ထားသလို အုပ်စုအဆင့် ဒုတိယပွဲစဉ်၌ လာအိုအသင်းကို (၆) ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသည်။
ယနေ့ ပွဲစဉ်၌ ဂိုးသမားအပါအဝင် ကစားသမားအချို့အပြောင်းအလဲရှိခဲ့ပြီး ယခင်ပွဲများက ကစားသမားများအပြောင်းအလဲဖြစ် ပွဲထွက်ကစားထားသည်ကို တွေ့ရသည်။
အာဆီယံ ယူ – ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A)တွင် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ကျရောက်နေကာ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင် တွယ်လျ က်ရှိသည်။