အစ္စရေးတပ်မတော်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေကို တို-က်ခို-က်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“အီရန်ရဲ့ နျူကလီးယား စက်ရုံတစ်ခုခုကို အစ္စရေးက တို-က်ခို-က်နိုင်ခြေဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်” လို့ အမေရိကန်ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူ တစ်ဦးက ပြောပါတယ်။ “ဒါ့အပြင် ထရမ့်ညှိနှိုင်းတဲ့ အမေရိကန်-အီရန် သဘောတူညီချက်မှာ အီရန်မှာရှိနေတဲ့ ယူရေနီယမ်တွေ အားလုံးကို ဖယ်ရှားမပေးဘူးဆိုရင် တို-က်ခို-က်နိုင်ခြေ ပိုများလာနိုင်ပါတယ်” လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
အစ္စရေးအာဏာပိုင်တွေဟာ တို-က်ခို-က်ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပြီးပြီလားဆိုတာကိုတော့ အရင်းအမြစ်တွေဆီက မသိရသေးပါဘူး။ အမေရိကန်ရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကလည်း အစ္စရေးနိုင်ငံရဲ့ ပြင်ဆင်မှုတွေကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။
အရင်းအမြစ်တွေရဲ့ အဆိုအရ အစ္စရေးရဲ့ တို-က်ခို-က်မှု ပြင်ဆင်နေတဲ့ လက္ခဏာတွေထဲမှာ လေတပ် လက်နက်တွေရွှေ့ပြောင်းမှုနဲ့ လေ့ကျင့်ရေး ပျံသန်းမှုတစ်ခုကို ပြီးဆုံးအောင် လုပ်ဆောင်နေတာတွေ ပါဝင်နေပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးဟာ အင်အားပြသတာကို အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး လေးနက်တဲ့ လိုက်လျောချက်တွေရဖို့ ဖိအားပေးနေတာ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်နဲ့ အီရန်တို့ဟာ အိုမန်နိုင်ငံက ကြားလူအဖြစ် ဆောင်ရွက်ပေးနေပြီး အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ဆွေးနွေးမှုလေးကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံး အစည်းအဝေးကို ဧပြီလ ၁၂ ရက်နေ့က အိုမန်နိုင်ငံ၊ မတ်စ်ကတ်မြို့မှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ဧပြီလ ၁၉ ရက်နေ့က ရောမမြို့မှာ ကျင်းပခဲ့ပါတယ်။ တတိယနဲ့ စတုတ္ထအကြိမ်တွေကို ဧပြီလ ၂၆ ရက်နေ့နဲ့ မေလ ၁၁ ရက်နေ့တွေက မတ်စ်ကတ်မြို့မှာ ထပ်မံကျင်းပခဲ့ပါတယ်။ အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အဘပ်စ် အရာချီကိုယ်စားပြုပြီး အမေရိကန်ဘက်က အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ဦးဆောင်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရောမမြို့မှာ ပဉ္စမအကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပမယ်လို့ အရင်းအမြစ်တွေဆီ သိရကြောင်း The Wall Street Journal သတင်းထောက် လော်ရင့်စ် နော်မန်က ဆိုပါတယ်။