ဖော်ဒိုးအပါအဝင် အီရန်ရှိ နျူကလီးယားနယ်မြေသုံးခုအပေါ် အလွန်အောင်မြင်သော တို-က်ခို-က်မှုလုပ်ဆောင်ခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် ကြေညာခဲ့သည့်အပေါ် ကမ္ဘာ့ခေါင်းဆောင်အသီးသီးက တုန့်ပြန်ခဲ့ကြသည်။
“ဒါက အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ ကမ္ဘာကြီးအတွက် သမိုင်းဝင်အခိုက်အတန့်ပါ။ အခု ဒီစစ်ပွဲကို အဆုံးသ-တ်ဖို့ အီရန်သဘောတူရပါမယ်” ဟု ထရမ့်ပ် ထရုဆိုရှယ်မီဒီယာတွင် ပို့စ်တင်၍ ပြောဆိုခဲ့သည်။
“ထရမ့်ပ်ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်က သမိုင်းကို ပြောင်းလဲစေလိမ့်မယ်” ဟု တို-က်ခို-က်မှုအပြီး မိနစ်ပိုင်းအကြာတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားသည်။ “သမ္မတ ထရမ့်နဲ့ ငါမကြာခဏ ပြောဖြစ်ကြတယ်။ ငြိမ်းချမ်းရေးကို အင်အားကတဆင့် သွားရမယ်လို့၊ ပထမ အင်အားပြရမယ်။ နောက်တော့ ငြိမ်းချမ်းရေးလာမယ်။ ဒီနေ့ညမှာ ဒေါ်နယ်ထရမ့်ပ်နဲ့ အမေရိကန်ပြည်ထောင်စုက အင်အားများစွာနဲ့ ဆောင်ရွက်ခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်ကို အမေရိက,က တို-က်ခို-က်လိုက်ခြင်းသည် နဂိုကမှ မတည်မငြိမ်ဖြစ်နေသော ဒေသတွင် အန္တာရာယ်ကို ပိုမိုကြီးမားစေကြောင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြေ-ာက်မှုဖြစ်စေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စနေနေ့တွင် သတိပေးခဲ့သည်။
အီရန်နျူကလီးယားနယ်မြေများကို အမေရိက က ဗုံးကြဲခဲ့ခြင်းကို မိမိတို့ အပြင်းအထန်ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်သည် အရှေ့အလယ်ပိုင်း ပဋိပက္ခကို အန္တရာယ်ပိုဖြစ်စေကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပေးများကို ချိုးဖေ-ာက်သည့် ရန်လိုမှုဖြစ်ကြောင်းနှင့် ထိခို-က်နစ်နာစေသော အကျိုးဆက်များဖြစစေပြီး လူသားမျိုးနွယ်ကို အကျပ်အတည်းအတွင်း ဆွဲသွင်းခဲ့ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်၏ အီရန်အပေါ် ရန်လိုသည့်လုပ်ရပ်ကို ဗင်နီဇွဲလားနိုင်ငံက ရှုတ်ချကြောင်းနှင့ ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yvan Gil က တို-က်ခို-က်မှုနှင့် ပတ်သက်၍ တယ်လီဂရမ်တွင် ရှုတ်ချသွားခဲ့သည်။
ထို့အတူ ကျူးဘားသမ္မတ မီဂူလ်ဒိုင်ယက် ကန်နယ်ကလည်း အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခကို ပို၍အန္တရာယ် ကြီးမားစေသည့် အမေရိက,က အီရန်နျူကလီးယားနယ်မြေများကို ဗုံးကြဲခဲ့ခြင်းကို မိမိတို့ က အပြင်းအထန် ရှုတ်ချသည်ဟု X ပေါ်တွင် ရေးသားခဲ့သည်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် ပါဝင်သော ဘက်အသီးသီးအကြား ငြိမ်းချမ်းရေးအတွက် သံတမန်ရေးဆွေးနွေးမှုများကို အဆောတလျင်လုပ်ဆောင်ကြရန် ဝန်ကြီးဌာနက တောင်းဆိုသည်ဟု X ပေါ်တွင် တင်ခဲ့သည်။
တို-က်ခို-က်မှု၏ သက်ရောက်နိုင်ခြေအတွက် ခေါင်းဆောင်များက အလေးအနက်ထားကာ တွက်ဆလာကြသဖြင့် ကမ္ဘာတစ်ဝန်းမှ တုန့်ပြန်မှုများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ တောင်ကိုရီးယားသမ္မတရုံးသည် တို-က်ခို-က်မှုနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတစ်ခု လုပ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
Ref: စီအင်န်ဘီစီ