အီရန်စစ်တပ်သည် ပြီးခဲ့သည့်လက ပါရှန်ပင်လယ်ကွေ့ရှိ သင်္ဘောများပေါ်သို့ ရေတပ်မိုင်းများကို တင်ဆောင်ခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်ကြောင့် အီရန်နိုင်ငံတစ်ဝန်းရှိ စစ်ဖက်နယ်မြေများကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တေရန်၏ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ပြင်ဆင်နေခြင်းကို ဝါရှင်တန်က ပိုမိုစိုးရိမ်လာခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးက တွေ့ရှိခဲ့သော ယခင်က သတင်းပေးပို့ထားခြင်းမရှိသေးသည့် ကြိုတင်ပြင်ဆင်မှုများသည် ဇွန်လ ၁၃ ရက် နေ့တွင် အစ္စရေးက အီရန်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော အဆိုပါ အရာရှိများက ပြောကြားခဲ့သည်။
လက်ရှိတွင် ရေလက်ကြား၌ ဖြန့်ကျက်ချထားခြင်း မရှိသေးသည့် မိုင်းများကိုသင်္ဘောတင်ခြင်းသည် ကမ္ဘာ့သင်္ဘောသွားလာမှုအရှုပ်ထွေးဆုံး ရေလမ်းကြောင်းများထဲမှ တစ်ခုကို ပိတ်ရန် တေရန်က အလေးအနက်ထားလာနိုင်သည်ဟု ယူဆရပြီး နဂိုကပင် ပြင်းထန်နေခဲ့သော ပဋိပက္ခကို အရှိန်မြင့်သွားစေမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို ပြင်းထန်စွာရိုက်ခတ်လာမည်ဖြစ်သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု၏ ငါးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသယ်ဆောင်ရပြီး ရေလက်ကြားကို ပိတ်ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ Ref: The Annapurna Express
အီရန်ကဟော်မုဇ်ရေလက်ကြားကို မိုင်း ဖောက်ခွဲရန် ပြင်ဆင်နေဟုဆို
