အမေရိကန်အနေနဲ့ အီရန်နိုင်ငံကို ဖျ-က်ဆီးပစ်ဖို့ ဆန္ဒမရှိပေမဲ့ သူတို့ဘက်ကသာ စတင်တို-က်ခိုက်လာမယ်ဆိုရင် ဝါရှင်တန်အနေနဲ့ “အဆ ၁၀၀ ပိုပြင်းပြင်း” တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာလ ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ အီရန်ဘက်က ပိုပြီး ရန်လိုလာနိုင်သလားဆိုပြီး Fox News သတင်းထောက်က မေးမြန်းတဲ့အခါမှာတော့ ထရမ့်က “ကျွန်တော်တို့အနေနဲ့ သူတို့တစ်နိုင်ငံလုံးကို တကယ်ဖျ-က်ဆီးပစ်နိုင်စွမ်း ရှိပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကျွန်တော်တို့က အဲဒီလိုတော့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့ဘက်ကသာ စချမယ်ဆိုရင်တော့ ကျွန်တော်တို့က အဆတစ်ရာ ပိုပြင်းပြင်း ပြန်ချသွားမှာပါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။
