Wednesday, July 9, 2025

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို...

မြန်မာ-ရုရှား မိခင်နှင့် ကလေးေ-သဆုံးမှုလျော့ နည်းစေရေးနည်းလမ်းများဆိုင်ရာ...

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။ နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊...

ဂူဂျာရတ်တွင် တံတားကျိုးကျ၍ လူ ၁၀...

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က တံတားတစ်စင်း ကျိုးကျခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာအင်န်ဒီတီဗီက ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားခဲ့ရာ...
HomeInternationalအီတလီအဲလ်ပ်စ်တောင်တန်းရှိ ရေခဲမြစ်အရည်ပျော်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံး

အီတလီအဲလ်ပ်စ်တောင်တန်းရှိ ရေခဲမြစ်အရည်ပျော်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံး

အီတလီအဲလ်ပ်စ်တောင်တန်းရှိ ရေခဲမြစ်အရည်ပျော်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံး

ရောမ၊ဇူလိုင် ၃

အီတလီအဲလ်ပ်စ်တောင်တန်း၌ တနင်္ဂနွေနေ့ကစံချိန်တင်အပူချိန်ကြောင့် ရေခဲမြစ်အရည်‌ပျော်ကျခဲ့ပြီးအနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောသည်။

တိုရန်တိုပြည်နယ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး သေဆုံးမှုလည်းထပ်မံပေါ်ပေါက်လာနိုင်သည်ဟုပြောကြားခဲ့သည်။ယခုနှင်းထုပြိုကျမှုသည် မီတာသုံးထောင်ကျော်အမြင့်ရှိသည့် Marmolada တောင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများကို အနီးနားရှိ Belluno၊ Treviso၊Trento နှင့် Bolzano မြို့များရှိ ဆေးရုံများသို့ပို့ဆောင်ခဲ့ကြောင်း Veneto ဥက္ကဋ္ဌ Luca Zaia ကပြောကြားခဲ့သည်။

တောင်တက်သမားများနှင့်၎င်းတို့ အသုံးပြုလေ့ရှိသောလမ်းကြောင်းပေါ်ရှိ Punta Rocca အနီးတွင် ရေခဲထုကြီးပြိုကျခဲ့ကြောင်း Alpine ကယ်ဆယ်ရေးယူနစ်မှ ပြောကြားခဲ့သည်။ကံကောင်းထောက်မသဖြင့် ရာသီဥတု အခြေအနေကောင်းမွန်သော်လည်းနောက်ထပ်ပြိုကျမှုများ ဖြစ်လာနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ရဟတ်ယာဉ်များနှင့်ခွေးများကို အသုံးပြုခဲ့သည်။အီတလီရှိ နွေရာသီအစောပိုင်း အပူလှိုင်းတစ်ခုသည် စနေနေ့၌ Marmolada တွင် အပူချိန်တစ်ဆယ်ဒီဂရီစင်တီဂရိတ် (၅၀ ဖာရင်ဟိုက်) ထိရှိခဲ့ကြောင်း Zaia ကပြောကြားခဲ့သည်။

ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းကြောင့် Marmolada ရေခဲမြစ်သည် ကမ္ဘာတစ်ဝှမ်းရှိ အခြားမြစ်များကဲ့သို့ပင် မကြာသေးမီဆယ်စုနှစ်များအတွင်းတဖြည်းဖြည်းသေးငယ်သွားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် အစီစဥ်တင်ဆက်သူက "ဟွန်ဆန်နဲ့ ညီအစ်ကိုဖြစ်​နေဆဲပဲလား" ဟု မေးမြန်းခဲ့သည်။ သက်ဆင်က "ကျွန်​တော်တို့ အရင်က ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါစို့။ သူက ငါ့သမီးကို ဒီလောက်အထိ နာကျင်စေခဲ့တာ၊ ဒီလိုမျိုးဖြစ်သွား နိုင်တာကို ငါထိတ်လန့် တုန်လှုပ်သွားတယ်" ဟု ပြောကြားခဲ့သည်။ သက်ဆင်၏သမီးဖြစ်သူဝန်ကြီးချုပ် ​ပေတုံတန်နှင့်ဟွန်ဆန်တို့ ဖုန်းစကားပြောဆိုသည့်အသံဖိုင်ထွက်​ပေါ်လာပြီးနောက်ပိုင်း​ပေတုံတန်ကိုအ​ခြေခံဥပ​ဒေခုံရုံးက ရာထူးမှ ဆိုင်းငံ့လိုက်သည့်ဖြစ်ရပ်ကို ဖခင်တစ်​ယောက်အ​နေဖြင့် ခံရခက်မည်မှာအမှန်ပင်။ သက်ဆင်ကဆက်လက်၍...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များက ရင်ပြင်တော်တစ်ပတ်လက်ယာ ရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန် ဆောင်းမုခ်(၄)မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့အတူ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်(ဓမ္မစကြာအခါတော်နေ့)ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌...

မြန်မာ-ရုရှား မိခင်နှင့် ကလေးေ-သဆုံးမှုလျော့ နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာပေးနှီးနှောဖလှယ်

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။ နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန Department to Educational Simulation Technologies in Medicine, National Medical Research Center for Obstetrics, Gynecology and Perinatology named after V.I.Kulakov မှ ဌာနမှူး Dr. Khamatkhanove Elizaveta က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071