Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeInternationalအိုလံပစ် ဆုတံဆိပ်ချီးမြှင့် ပွဲတွင်...

အိုလံပစ် ဆုတံဆိပ်ချီးမြှင့် ပွဲတွင် ထိုင်းနိုင်ငံအလံ မှားယွင်းလွှင့်တင်

၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်ချီးမြှင့် အခမ်းအနားတွင် ထိုင်းနိုင်ငံမှ အားကစားသမားသည် ဆုတံဆိပ်ရရှိခဲ့ခြင်း မရှိသော်လည်း ဆုရရှိနိုင်ငံကိုယ်စားပြု အလံများ လွှင့်ထူအလေးပြုရာတွင် ထိုင်းအလံပါဝင်လာခဲ့သည့်အတွက် ပရိသတ်များ စိတ်ရှုပ်ထွေးခဲ့ကြသည်။

အမျိုးသား ၉၂ ကီလိုတန်း(ဟဲဗီးဝိတ်) လက်ဝှေ့ပြိုင်ပွဲအတွက် ဆုချီးမြှင့်ရာတွင် ယင်းသို့ နိုင်ငံအလံရောထွေးမှုဖြစ်ခဲ့ခြင်းဟု သိရသည်။ ယင်းပြိုင်ပွဲတွင် ဥဇဘက်ကစ္စတန်မှ လာဇစ်ဘက် မူလိုဂျိုနော့ဗ်က ရွှေတံဆိပ်၊ အဇာဘိုင်ဂျန်မှ လော်ရန် အယ်ဖွန်ဆိုက ငွေတံဆိပ်၊ စပိန်မှ အီမန်နျူလ် ရီယက်စ်နှင့် တာဂျစ်ကစ္စတန်မှ ဒေ့ဗ်လက် ဘောလ်တက်ဗ်က ပူးတွဲကြေးတံဆိပ်တို့ ရရှိခဲ့သည်။ အိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ကြေးတံဆိပ်နှစ်ခု ချီးမြှင့်ခြင်းဖြစ်သည်။

ဆုရ အားကစားသမားများ ဆုပေးစင်မြင့်ပေါ် နေရာယူခဲ့ရာတွင် တာဂျစ်ကစ္စတန်နိုင်ငံအလံနေရာတွင် ထိုင်းအလံ မှားယွင်းချိတ်ဆွဲထားမှုဖြစ်ခဲ့သည်။ ယင်း အခြင်းအရာကြောင့် ပြိုင်ပွဲဝင်များနှင့် ပရိသတ်များ ဇဝေဇဝါဖြစ်ခဲ့ကြရပြီး အထူးသဖြင့် သူ့နိုင်ငံအလံ လွှင့်တင်လာခြင်းမရှိသောကြောင့် ဘော်တက်ဗ်တစ်ယောက် အံ့အားသင့်သွားခဲ့ပုံရသည်။

အလံမှားယွင်း လွှင့်တင်မှုဖြစ်ခဲ့သော်လည်း ကစားသမားလေးဦးစလုံးသည် အခမ်းအနားကို ပုံမှန်အတိုင်းလုပ်ဆောင်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံရိုက်ခံခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပွဲစီစဉ်သူတွေထံက တရားဝင် ထုတ်ပြန်လာခြင်းမရှိသေးပေ။

ယင်းဖြစ်ရပ်မှာ အခမ်းအနားအတွက် ကိုင်တွယ်ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ အမှားဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။ Reddit သတင်းဝက်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက ထိုင်းနှင့် တာဂျစ်ကစ္စတန်နိုင်ငံများ၏ နိုင်ငံကုဒ်များဖြစ်သော (TH) နှင့် (TJ) တို့သည် နီးကပ်ကြောင်း မှတ်ချက်ပြုသည်။ ထို့ပြင် H နှင့် J အက္ခရာတို့မှာ ကီးဘုတ်ပေါ်တွင် ကပ်လျက်ရှိသောကြောင့် ယင်းဖြစ်ရပ်မှာ လူသား၏ အမှားဖြစ်နိုင်သည်ဟု သူက ထောက်ပြသွားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071