Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeNewsLocal Newsအိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂)...

အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂) ဦးထပ်တွေ့ မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ (၂၁) ဦးရှိပြီဖြစ်

အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂) ဦးထပ်တွေ့ မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ (၂၁) ဦးရှိပြီဖြစ်

အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦးအား ဇန်နဝါရီ ၁၂ ရက်က ထပ်မံစစ် ဆေးတွေ့ရှိခဲ့ရပြီး အိန္ဒိယနိုင်ငံမှကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ( ၂၁) ဦးရှိပြီဖြစ် သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာကာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများ ၏ ဓာတ်ခွဲနမူနာများအနက် သံသယဓာတ်ခွဲနမူနာများအား ဇန်နဝါရီ ၁၂ ရက်တွင် အမှတ်(၁)တပ်မတော်ဆေးရုံကြီးခုတင်(၁,၀၀၀)၌စစ်ဆေးရာမှ တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

ထို့ကြောင့် ပိုးတွေ့ရှိသူနှစ်ဦးနှင့်ယခင်နေ့ကပိုးတွေ့ရှိခဲ့သူသုံးဦး အပါအဝင် ငါးဦးအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်ပေးလျက်ရှိပြီး ၎င်းတို့နှင့်အတူ လေ ကြောင်းခရီးစဉ်၌ လိုက်ပါလာသူများအား အ သွားအလာကန့်သတ်ခြင်း(Strict Quarantine) နှင့်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ “ကိုဗစ်(၁၉)ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များအား ဆောင်ရွက်လျက်ရှိပြီး မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံများမှကယ်ဆယ်ရေး လေ ယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက် လာသူများအား အိုမီခရွန် ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ အိုမီခရွန်ပိုးတွေ့ရှိမှုများလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအားလိုက်နာရန် အဆိုပါဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Zaw Gyi

အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရသူ ( ၂) ဦးထပ္ေတြ႕ ျမန္မာႏိုင္ငံတြင္ စုစုေပါင္းပိုးေတြ႕ရွိသူ (၂၁) ဦးရွိၿပီျဖစ္

အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံထားရသူ ျမန္မာႏိုင္ငံသားႏွစ္ဦးအား ဇန္နဝါရီ ၁၂ ရက္က ထပ္မံစစ္ ေဆးေတြ႕ရွိခဲ့ရၿပီး အိႏၵိယႏိုင္ငံမွကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္လည္ဝင္ေရာက္လာသူမ်ားျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သျဖင့္ ျမန္မာႏိုင္ငံတြင္ စုစုေပါင္းပိုးေတြ႕ရွိသူ( ၂၁) ဦးရွိၿပီျဖစ္ သည္။

ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာကာ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူမ်ား ၏ ဓာတ္ခြဲနမူနာမ်ားအနက္ သံသယဓာတ္ခြဲနမူနာမ်ားအား ဇန္နဝါရီ ၁၂ ရက္တြင္ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီးခုတင္(၁,၀၀၀)၌စစ္ေဆးရာမွ ေတြ႕ရွိခဲ့ရျခင္းျဖစ္ သည္။

ထို႔ေၾကာင့္ ပိုးေတြ႕ရွိသူႏွစ္ဦးႏွင့္ယခင္ေန႔ကပိုးေတြ႕ရွိခဲ့သူသုံးဦး အပါအဝင္ ငါးဦးအား သတ္မွတ္ေဆး႐ုံႀကီးမ်ားတြင္ သီးသန႔္ထားရွိကာ ကုသေစာင့္ေရွာက္ေပးလ်က္ရွိၿပီး ၎တို႔ႏွင့္အတူ ေလ ေၾကာင္းခရီးစဥ္၌ လိုက္ပါလာသူမ်ားအား အ သြားအလာကန႔္သတ္ျခင္း(Strict Quarantine) ႏွင့္ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈမ်ားကို က်န္းမာေရးဝန္ႀကီးဌာနကျပဳလုပ္လ်က္ရွိသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ “ကိုဗစ္(၁၉)ေရာဂါမ်ိဳး ႐ိုးဗီဇေျပာင္းေရာဂါပိုးေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္း”မ်ားအား ေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာ ႏိုင္ငံသို႔ ျပည္ပႏိုင္ငံမ်ားမွကယ္ဆယ္ေရး ေလ ယာဥ္(Relief Flight)မ်ားျဖင့္ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား အိုမီခ႐ြန္ ေရာဂါပိုးေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းစဥ္မ်ားႏွင့္ကိုဗစ္(၁၉)ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသျခင္းလုပ္ငန္းမ်ားအား အရွိန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိသည္။

ျမန္မာႏိုင္ငံ၌ အိုမီခ႐ြန္ပိုးေတြ႕ရွိမႈမ်ားလာသျဖင့္ က်န္းမာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအားလိုက္နာရန္ အဆိုပါဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071