Tuesday, June 24, 2025

ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော...

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...
HomeInternationalအိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီလွှတ်တော်...

အိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီလွှတ်တော် အတည်ပြု

တရားရုံးသည် နိုင်ငံရေးအသွင်ဆန်လာသည်ဟု ဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန်အစိုးရက ပြောဆိုခဲ့သည့် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ) မှ နိုင်ငံ နုတ်ထွက်မည့် တစ်နှစ်ကြာ လုပ်ငန်းစဉ် စတင်ရမည့် ဥပဒေမူကြမ်းကို ဟန်ဂေရီပါလီမန်က အင်္ဂါနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အိုင်စီစီ ဖမ်းဝရမ်းကို အာခံကာ ရှားရှားပါးပါးနိုင်ငံခြားခရီးစဉ်အဖြစ် ဟန်ဂေရီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကို သွားရောက်ခဲ့ပြီးနောက် သိပ်မကြာခင် ဧပြီလ ၃ ရက် နေ့တွင် အော်ဘန်၏ အစိုးရက နုတ်ထွက်မည့်အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

အိုင်စီစီသည် ဘက်မလိုက်သော တရားရုံး၊ တရားဥပဒေစိုးမိုးသော တရားရုံးမဟုတ်တော့ဘဲ နိုင်ငံရေး အသွင်ဆန်သော တရားရုံးဖြစ်နေသည်ဟု ပြီးခဲ့သည့်လတွင် အော်ဘန်က ပြောကြားခဲ့သည်။

ဟန်ဂေရီသည် အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဆီးရန် စိတ်ကူးကို ပယ်ချခဲ့ပြီး ဖမ်းဝရမ်းထုတ်ခြင်းသည် အရှက်မဲ့သောလုပ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ဟန်ဂေရီသည် အိုင်စီစီကို စတင်တည်ထောင်စဥ်ကတည်းက အဖွဲ့သို့ဝင် ခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဖွဲ့၏ တည်ထောင်မှုစာတမ်းကို ၂၀၀၁ ခုနှစ်တွင် အတည်ပြုခဲ့သည်။ သို့သော်လည်း အဆိုပါဥပဒေကို အတည်ပြုပြဌာန်းခြင်း မရှိသေးပေ။

အိုင်စီစီမှ နုတ်ထွက်မည့် ဥပဒေမူကြမ်းကို လွှတ်တော်အမတ် ၁၃၄ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၃၇ ဦးက ကန့်ကွက်မဲပေးခဲ့ကာ အတည်ပြုနိုင်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် Zsolt Semjen က တင်သွင်းသော ဥပဒေကြမ်းသည် နိုင်ငံတကာအဖွဲ့အစည်းများ အထူးသဖြင့် ရာဇဝတ်တရားရုံးများကို နိုင်ငံရေးသြဇာလွှမ်းမိုးမှုသော လက်နက်များအဖြစ် အသုံးချခြင်းကို ဟန်ဂေရီနိုင်ငံက ပြတ်ပြတ်သားသား ပယ်ချခြင်းဖြစ်ကြောင်း ပါလီမန်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီ၏ ဆုံးဖြတ်ချက်သည် ရဲရင့်ပြီး စမူဝါဒနှင့်ကိုက်ညီ‌သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု နေတန်ယာဟုက မှတ်ချက်ပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော လျှောက်လွှာများကို ပယ်ဖျက်ကာ သတ်မှတ်ချက်ကိုက်ညီသော လျှောက်လွှာ ( ၂၂,၂၄၆)စောင်ကို အိမ်ရာရောင်းချရေးကော်မတီမှ ဇွန် ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ တို-က်ခန်း ဝယ်ယူခွင့်ရရှိမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ တို-က်ခန်းဝယ်ယူခွင့် မဲပေါက်သူများ အနေဖြင့် တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ကိုယ်တိုင် မဲနှိုက်သွားရမည်ဖြစ်သည်။  မဲနှိုက်ခွင့်ရရှိသူများကို တစ်ဦးချင်း ဆက်သွယ်အကြောင်းကြားသွားမည်...

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့်...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယ‌နေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071