ရန်ကုန်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်တွင် Moha mad Azri ၊ ပွဲချိန် ၇၄ မိနစ်နှင့် ၈၃မိနစ်တွင် သော်ဇင်ကို၊ ပွဲချိန် ၈၁မိနစ်တွင် စိုင်းဘိုဘိုကျော်၊ ပွဲချိန် ၈၂ မိနစ်တွင် ကျော်ညီညီတို့က အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ကလည်း သီရိလင်္ကာအသင်းဖြင့် တွေ့ဆုံရာ ၄ ဂိုးပြတ်ဖြင့် အ နိုင်ရယူထားနိုင်သည်။
