ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။
မြန်မာအသင်းသည် အုပ်စု (A )တွင် အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်နေသည်။
ယူ-၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လ(၉) ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ ဇွန် (၁၁) ရက်တွင် လာအို၊ ဇွန် (၁၃) ရက်တွင် တီမောအသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာအသင်းသည် လာမည့် ဇွန်လ(၆) ရက်တွင် ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ယူ-၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်မည်ဖြစ်သည်။
