၁၀လတာ ဝန်ကြီးချုပ်တာဝန်ထမ်းခဲ့သော ပေတုံတန်က အိမ်စောင့်အစိုးရတွင် ယဥ်ကျေးမှုဝန်ကြီးအဖြစ်ကျမ်းကျိန်
ဇူလိုင်လ (၃)ရက်နေ့ကထိုင်းနိုင်ငံ ဒူဆစ်နန်းတော်ရှိ Amphorn Sathan ပလ္လင်ခန်းမ၌ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်မည့် ဒုဝန်ကြီးချုပ် မစ္စတာ ဆူရီယာ ဂျွန်ရွန်ဂရီဂစ် က ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ရှေ့မှောက် ကျမ်းကျိန် ခဲ့သည်။
အစိုးရအဖွဲ့သစ် တာဝန်မထမ်းဆောင်မီ ကက်ဘိနက်အဖွဲ့ဝင်များကဘုရင်အား ဂါရဝပြုကြသည်။
ဘုရင်က ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့ဝင်အသစ်များကို “ရိုးသားသော စိတ်နှလုံးဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန်” တိုက်တွန်းခဲ့သည်။
ဝန်ကြီးချုပ် ဆာရတ်သာကို ရာထူးမှ ဖြုတ်ချပြီးနောက် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင်ပေတုံတန်က ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ပေတုံတန်အား ဝန်ကြီးချုပ် တာဝန်များမှ ဆိုင်းငံ့ထားခဲ့သည်။ ဝန်ကြီးချုပ် ပေတုံတန်သည် ၁၀လကျော်အကြာတွင် ယဥ်ကျေးမှုဝန်ကြီးအဖြစ် အိမ်နိမ့်စံဘဝ ခေတ္တရောက်နေရပြီဖြစ်သည်။ သူမ၏အယူခံဝင်မှုကို တရားရုံးက လက်ခံပါက ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်မည်လား စောင့်ကြည့်ရပေတော့မည်။
မနက်ဖန် ဇူလိုင် ၄ ရက်နေ့ မနက်တွင် ပေတုံတန်က ယဥ်ကျေးမှုဝန်ကြီးဌာန ရုံးသို့တက်ရောက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
Source: khaosod
