Monday, April 13, 2026

ဆုန်ခရန်ပွဲတော်အတွင်းမတော်တဆမှုကြောင့် သေဆုံးသူ ၉၅ ဦး...

ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော် ပထမသုံးရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၉၅ ဦး သေဆုံးခဲ့ပြီဖြစ်ကာ တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း...

ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ဆုန်ခရန်ရေပွဲတော်အတွက် ပြည်သူများ ကို ဆုတောင်းမေတ္တာပို့သခဲ့ပြီး နိုင်ငံတစ်ဝန်း ပွဲတော်အခမ်းအနားများအတွင်း ဘေးအန္တရာယ်ကင်းရေးနှင့် တာဝန်ယူစိတ်ကို ဦးစားပေးကာ မိသားစုနှင့်အတူ...

ရုရှားအာကာသလုပ်ငန်းကဏ္ဍ တိုးတက်မှုများကို ပူတင် ချီးကျူးစကားဆို

မော်စကို၊ ဧပြီလ ၁၂ ရက် ကာလရှည်ကြာ စိန်ခေါ်မှုများ ရှိနေသော်လည်း ရုရှားနိုင်ငံ၏ အာကာသလုပ်ငန်းကဏ္ဍသည် ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံ၏ "အာကာသယာဉ်မှူးများနေ့" မတိုင်မီ...

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို...

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို...
HomeCelebrities' Newsအိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ ...

အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ ကိုယ့်အပေါ်မှာ မူတည်တယ် ဘုဏ်းသိုက်

Bhone-Thike

အခုလတ်တလောမှာတော့ သရုပ်ဆောင်ဘုဏ်းသိုက်က ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘တစ်ခါက ရန်ကုန်မြို့ပြ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ မင်းရာဇာ၊ စွမ်းဇာနည်၊ ညီထွဋ်ခေါင် တို့အပြင် အခြားအနုပညာရှင်များစွာနဲ့ အတူပါဝင်သရုပ်ဆောင်ရိုက်ကူးဖြစ်နေကြောင်း သိရပါတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာအလုပ် ၂ခုစလုံးမှာ ပျော်ရွှင်နေတဲ့ ဘုဏ်းသိုက်က ………

“သရုပ်ဆောင်နဲ့ ဒါရိုက်တာ ကွာခြားတာတော့ မရှိပါဘူး။ ကျွန်တော်ဝါသနာပါလို့လားမသိဘူး။ ဒီအလုပ် ၂ခုစလုံးမှာ ပျော်တယ်++လို့ သရုပ်ဆောင်ဘုဏ်းသိုက်က ပြောပါတယ်။

ဘုဏ်းသိုက်ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတဲ့ ‘ဇာတ်လမ်း’ဇာတ်ကားကြီးမှာ ဇင်ဝိုင်း၊ သူထူးစံ၊ မို့မို့မြင့်အောင်တို့နဲ့ ရိုက်ကူးထားပါတယ်။ အဆိုပါဇာတ်ကားအကြောင်းကို ဘုဏ်းသိုက်က…….

“လူတိုင်းမှာ ဇာတ်လမ်းရှိတယ်။ ရုပ်ရှင်တွေထဲမှာမှ ဇာတ်လမ်းရှိတာ မဟုတ်ဘူး။ လူတစ်ယောက်ချင်းစီမှကိုယ့်ဘဝရဲ့ဇာတ်လမ်းတစ်ပုဒ် စီရှိကြတယ်။ တချို့ ဇာတ်လမ်းတွေက ပြန်ပြောချင်တယ်။ မပြော ချင်တဲ့ ဇာတ်လမ်းလည်း ရှိချင်ရှိမယ်။ အဲဒီဇာတ် ကားက တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထား ပါတယ်”လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

ကိုယ်တိုင်လည်း အိမ်ထောင်သည်ဖြစ်တဲ့ သရုပ်ဆောင်ဘုဏ်းသိုက်က အိမ်ထောင် တစ်ခု တည်မြဲဖို့အတွက် ကိုယ့်စိတ်ပေါ်မှာပဲ မူတည်ကြောင်း အခုလိုပဲ ဆိုခဲ့ပါတယ်။

“အိမ်ထောင်တစ်ခု မတည်မြဲတာ ကတော့ အနုပညာရှင်ရယ်၊ အပြင်လူ ရယ်တော့ မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲ က လောကဓံကလည်း အပြင်က လူတွေ့ရဲ့ လောကဓံနဲ့ အတူတူပါပဲ။ အကောင်း၊ အဆိုးကတော့ အတူ တူပဲ။ အိမ်ထောင်တစ်ခု တည်မြဲ ဖို့အတွက် ကိုယ့် အပေါ်မှာပဲ မူတည် ပါတယ်”လို့ ပြောခဲ့ ပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071