ကိုစွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစံတို့ဟာ မင်္ဂလာသက်တမ်း ၂ နှစ်ကျော်ကို ဖြတ်သန်းလာပြီး သား လေးတစ်ယောက်လည်း ရရှိနေပြီ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု အဆင်ပြေတည်မြဲဖို့ ဘယ်အရာတွေ က အရေးကြီးလဲလို့ မေးကြည့်တဲ့အခါ မှာတော့ မိုးယုစံက အခုလို ပြောပါတယ်။
“အဓိကက နားလည်မှုရှိရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိရမယ်။ သူနဲ့ ကိုယ် နဲ့လည်း ပွင့်ပွင့် လင်းလင်းပဲ။ ရန်ဖြစ် စရာရှိလည်း ရန်ဖြစ်လိုက်တယ်။ ဖြစ်ပြီးရင်လည်း ပြီးသွားရောပေါ့။ နောက်ပြီး တော့အိမ်ထောင်ပြုလို့ ရှိရင်တော့ ဒီလင်မယား နှစ်ယောက်တည်း အဆင်ပြေနေလို့လည်းမပြီးဘူး။ မိဘတွေနဲ့လည်း ဘာပဲဖြစ်ဖြစ်အဆင်ပြေနေမှ ဖြစ်မှာလေ။ အဲဒီ အတွက်ကိုယ်တွေ နှစ်ယောက်တင် မကဘူး။ အိမ်ထောင်တစ်ခုမှာ မိဘ အသိုင်းအဝိုင်းတွေ အကုန်လုံးနဲ့ အဆင်ပြေနေဖို့ အရေးကြီး တယ်လို့ မိုးယုမြင်မိတယ်။ အခုဆို သားလေး ကလည်း ၁ နှစ်နဲ့ ၂ လကျော်ပြီ။ သူလည်း ပိုပြီးတော့ နားလည်လာပြီ။ ပိုပြီးတော့လည်း သိလာတယ်။ သွက်လာတယ်။ အဲဒီအတွက်လည်းတအားကျေနပ်မိပါ တယ်” လို့ ပြောပါတယ်။
သားလေးကို ကိုယ်နဲ့တူတဲ့ စီး ပွားရေးလုပ်ငန်းရှင်ကြီးဖြစ်စေချင် လားလို့ မေးကြည့် တဲ့အခါမှာတော့ ကိုစွမ်းသူမိုးက…
“သူ့ကို အများကြီး တော့ မျှော်လင့်ထားတာ မရှိပါဘူး။ သူ့ဘာသာသူတော့ ဖြစ်သွားမှာပါ။ အစီအ စဉ်လေးတွေ ချထားပြီးသား ပါ။ စီးပွားရေး သမားတစ်ယောက် လည်း ဖြစ်စေ ချင်တာမျိုး မဟုတ်ဘဲသူသွားချင်တဲ့ လမ်းပေါ် မှာအ ကောင်းဆုံးပဲ့ကိုင်ပေးသွားဖို့ပဲ စဉ်းစား ထားပါ တယ်”လို့ ပြောပါတယ်။
သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း